WLC-4 တွင် လိုက်ဝယ်တာဝိတ်တန်း မြန်မာပြည်ချန်ပီယံဆီမီးဖိုင်နယ် ၂ပွဲထည့်သွင်း

0
165

ရန်ကုန် ၊ ဇန်န၀ါရီ ၂၀ ၊ ၂၀၁၈

နေပြည်တော် ၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင်ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ WLC-4ပြိုင်ပွဲတွင် လိုက်ဝယ်တာဝိတ် တန်းဆီမီးဖိုင်နယ် ၂ပွဲထည့်သွင်းထားပြီး WLC-5ပြိုင်ပွဲတွင် မြန်မာပြည်ချန်ပီယံခါးပတ်အသစ်တစ်ခုတိုးလာမည်ဖြစ် ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီထံမှသိရသည်။

“၀ိတ်တန်းအလိုက်ပြိုင်ပွဲတွေရှိပါတယ်။မကြာမီပြိုင်ပွဲတွေမှာ တခြားဝိတ်တန်းတွေချန်ပီယံလုပွဲတွေရှိလာမှာပါ။ အခုပွဲ မှာလဲ လိုက်ဝယ်တာဝိတ်တန်းမြန်မာပြည်ချန်ပီယံလုပွဲ ဆီးမီးဖိုင်နယ်၂ပွဲပါပါတယ်”ဟု မြန်မာလက်ခမောင်းကုမ္ပဏီမှ မီဒီယာပြန်ကြားရေးတာဝန်ခံ ကိုအောင်သူကပြောသည်။

WLC ပြိုင်ပွဲများတွင် ၀ိတ်တန်းအလိုက် ကမ္ဘာ့ချန်ပီယံနှင့် မြန်မာပြည်ချန်ပီယံခါးပတ်လုပွဲများရှိလာမည်ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောဆိုထားသည်။
နေပြည်တော်တွင်ပထမဆုံးအကြိမ်ကျင်းပမည့် WLC-4 လိုက်ဝယ်တာဝိတ်တန်း(၆၀-၆၃.၅ကီလို) မြန်မာပြည်ချန်ပီယံ ဆီးမီးဖိုင်နယ်ပြိုင်ပွဲ တွဲဆိုင်း ၂ဆိုင်းအဖြစ် စောဒါဝိတ် (တောင်ကလေး)နှင့် ပတ်ကျော်လင်းနိုင်(တိုက်ဂါး) ၊ ဗထူးမောင် (ရတနာပုံ)နှင့် ကျော်ဇင်လတ်(T&Tသထုံ) တို့ဖြစ်ကြောင်းသိရသည်။

တွဲဆိုင်း ၇ဆိုင်းပါဝင်မည့် WLC-4ပြိုင်ပွဲတွင် Main Event(ခေါင်ပွဲ) အဖြစ် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံတူးတူးနှင့် ယူကရိန်းနိုင်ငံသား ဆိုရိုကင်တို့ချန်ပီယံခါးပတ်လုပွဲအဖြစ်ယှဉ်ပြိုင်မည်ဖြစ်ပြီး Co-Main Event(ဒု-ခေါင်ပွဲ)အဖြစ် စောဘဦး(တောင်ကလေး)နှင့် သပြေညို(ရွှေဘားလား)တို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အမျိုးသမီးပွဲစဉ်တွင် ရွှေစင်မင်းနှင့် ကမ္ဘောဒီးယားလက်ဝှေ့မယ်Eh Yanut တို့တွဲဆိုင်းပါဝင်ပြီး လိုက်ဝယ်တာဝိတ်တန်း တွင် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)နှင့် လက်သီးမိုး(T&Tသထုံ) ၊ လိုက်ဝိတ်တန်း တွင် ချစ်မောင်မောင် (တောင်ကလေး)နှင့် စည်သူ(T&Tသထုံ) တို့ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီထံမှသိရသည်။

ကိုဥာဏ်

Leave a Reply