ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောသို့ ကြယ်လိပ် ၉၀၀ လွှတ်

0
156

ရန်​ကုန်​ ၊ ဇန်​နဝါရီ ၂၀ ၊၂၀၁၈

ခြံလှောင်မွေးမြူးရေးမှ အောင်မြင်စွာ ပေါက်ဖွားလာသော မြန်မာ့ကြယ်လိပ်အကောင် ၉၀၀ ကို ရွှေစက်တော် တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောသို့ ဇန်​နဝါရီ ၁၉ ရက်​တွင်​ လွှတ်​​ပေးခဲ့​ကြောင်း သိရသည်​။

ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတွင် ခြံကြီး (၄) ခြံပြုလုပ်၍ မင်းစုံတောင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောက ကြယ်လိပ် ၁၅၀၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်က ကြယ်လိပ် ၆၅၀ နှင့် ရွှေစက်ေ တ်ာတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောက ကြယ်လိပ် ၁၀၀ စသည့် မြန်မာ့ကြယ်လိပ် ၉၀၀ ကို အထီး၊ အမ မျှတစွာ ရောစပ်၍ သဘာဝ နေရင်းဒေသများကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်​။

ဘေးမဲ့တော သုံးခုက ကြယ်လိပ်များကို ရောစပ်၍ လွှတ်ပေးခြင်းသည်​ ဆွေမျိုးအချင်းချင်း သားစပ်မှု မဖြစ်စေဘဲ သုံးမျိုးဆိုလျှင် ၄င်းတို့၏ မျိုးရိုးဗီဇ သန်စွမ်းမှု ပိုမိုမြင့်မားစေရန် ဖြစ်သည်​ဟု WCS မှသိရသည်​။

“ဒီခြံလှောင် မွေးမြူခြင်းတွေကို လုပ်ရတဲ့ ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်က တရားမ၀င်ကုန်သွယ်မှုကနေ ဖမ်းဆီးရမိတဲ့ လိပ်တွေကို ခြံလှောင်မွေးမြူခြင်းမှာ သားဖောက်ပြီးတော့ အောင်မြင် ဖြစ်ထွန်းလာတဲ့ လိပ်တွေကို ၅နှစ် ၄နှစ် အရွယ်ရောက်တဲ့ အခါ သဘာဝနေရင်းဒေသတွေကို ပြန်လည် လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ လိပ်တွေဟာ သဘာဝနေရင်းဒေသတွေအတွက် တကယ့်ကို အရေးကြီးတဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ သစ်ပင်တွေကိုလည်း မစင်ကနေ စိုက်ပေးတယ်” ဟု လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာကလျာက ပြောသည်။

မြန်မာတစ်နိုင်ငံထဲတွင် ရှိသော မြန်မာ့ကြယ်လိပ်ထိန်းသိမ်းရေးကို သစ်တောဦးစီးဌာနနှင့်အတူ ဘေးမဲ့တော ၀န်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက် ရှင်သန်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်​။

မြန်မာ့ကြယ်လိပ်တွေကို နေရင်းဒေသသို့ ပြန်မလွှတ်မှီ ရောဂါ ကင်းစင်ရေး စစ်ဆေးခြင်း၊ ​ကိုယ်ပိုင်နံပါတ် သုံးမျိုးလည်း တပ်ပေးခြင်း၊ လိပ်ကျောခွံပေါ်တွင် တံစဉ်တိုက်၍ တက်တူးဖြင့် ကိုယ်ပိုင်နံပါတ် ရေးထိုးပေးခြင်း၊ စ ဓ ဗ ၀ ဟူသော ဘုရားဂုဏ်တော် အက္ခရာ လေးလုံးကို တက်တူးထိုးပေးခြင်းနှင့် ဒီဂျယ်တယ်နံပါတ်ပါသော မိုက်ခရိုချပ်ကို ခန္ဓာကိုယ်ထဲကို ထိုး​​ပေးခြင်းများပြုလုပ်​ပြီးလွှတ်​​ပေးခဲ့ခြင်း ဖြစ်​​ကြောင်းသိရသည်​။

စဉ်းတိုက်ခြင်းနှင့် အက္ခရာ ရေးသားခြင်းများသည် မြန်မာပြည်က လိပ်ဖြစ်ကြောင်း၊ ဘုရားဂုဏ်တော်ဖြစ်၍ အန္တရာယ်ကင်းစေရန် ရည်ရွယ်​ လွှတ်​​ပေးခြင်းဖြစ်​သည်​။

၂၀၁၆ ခုနှစ်​တွင်​လည်း ရွှေစက်တော်တော ရိုင်းတိရိစ္ဆာန်ဘေးမဲ့တော တွင် ပထမဆုံးအကြိမ် ကြယ်လိပ် အကောင်၁၅၀ ကို စမ်းသပ် လွှတ်ခဲ့ပြီး သုတေသနပြုလုပ်ချက်များအရ ၉၇ ရာခိုင်နှုန်း ရှင်​သန်​​နေ​ကြောင်း WSC ထုတ်​ပြန်​ချက်​အရသိရသည်​။

သျှင်​ရဲထွဋ်

ဓာတ်ပုံ – WCS

Leave a Reply