ဘန်လေကို ပြောင်းတော့မယ့် လင်နွန်

0
186

ဇန်န၀ါရီ ၂၀ ၊ ၂၀၁၈
အဲဗာတန်တောင်ပံကစားသမား အာရွန်လင်နွန်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘန်လေအသင်းကို ပြောင်းဖို့အတွက် ပြင်ဆင်နေပါတယ်။

အဲဗာတန်အသင်းဟာ ယခုတစ်ပတ်အတွင်း အာဆင်နယ်ကစားသမား သီအိုဝဲလ်ကော့ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် လင်နွန်ဟာ အဲဗာတန်က ထွက်ခွာဖို့ ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။

လန်နွန်ဟာ အသက်အရွယ်အားဖြင့် ၃၀ နှစ်ကို ရောက်ရှိနေပြီး ယခုနှစ်ဘောလုံးရာသီမှာ အဲဗာတန်အတွက် ပွဲစဉ်အနည်းငယ်သာ လူစားဝင်ကစားသမားအဖြစ် ကစားပေးခဲ့နိုင်ပါတယ်။လန်နွန်ဟာ စပါးအသင်းကနေ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အဲဗာတန်အတွက် ၁၉ ပွဲ ၀င်ရောက်ကစားထားသူ ဖြစ်ပါတယ်။

သို့သော် အဲဗာတန်နည်းပြသစ် ဆမ်အလာဒွိုက်ရဲ့ လက်ထက်မှာတော့ သူဟာ ပွဲကစားခွင့်တွေ ဆုံးရှုံးလာခဲ့ရပါတယ်။နည်းပြ ဆမ်အလာဒွိုက် အနေနဲ့ အာဆင်နယ်မှ ခေါ်ယူထားသော ၀ဲလ်ကော့နဲ့ အသင်းမှာ ရှိနေသော ဘိုလာစီတို့နှစ်ဦးကို တွဲဖက်ပြီး ပွဲထုတ်ဖို့ စီစဉ်နေပါတယ်။

အာရွန်လန်နွန်အနေနဲ့ ပုံမှန်ပွဲကစားခွင့်ရရှိစေရေးအတွက် အခွင့်အလမ်းကောင်းများရှိနေသော ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်တဲ့ ဘန်လေအသင်းထံကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

NN

Leave a Reply