မန္တလေးတွင် ဓားပြတိုက်မှု ဖြစ်ပွား

0
150

သြဂုတ် ၃

နိုင်လင်းဦး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်(၆၃)လမ်းနှင့် ကနောင်မင်းသားကြီးလမ်းကြားနေအိမ်တစ်ခုတွင် သြဂုတ်လ ၂ ရက်နေ့ အစောပိုင်းအချိန်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ ဦးစိုး (ခ) စိုးလှိုင်ဝင်း (၄၅) နှစ်သည် နေအိမ်၌ ညီဖြစ်သူ ၊ တူမဖြစ်သူများ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ် ခြံရှေ့မှ အော်နှိုးသံကြားရသဖြင့် ခြံတံခါးအား သွားရောက်ဖွင့်ပေးရာ Mask များ တပ်ဆင်လျက် ဦးထုပ်ဆောင်းထားသည့် အမည်မသိ အမျိုးသား (၇) ဦးခန့် သည် ဓားများ၊ လေးဂွများ ကိုင်ဆောင်လျက် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည် ။

အိမ်ထဲသို့ ရောက်ချိန်တွင် ဦးစိုး (ခ) စိုးလှိုင်ဝင်း အား ဓါးဖြင့်ထောက်ကာ ခုံတန်းလျားတွင် ထိုင်ခိုင်းပြီး အိပ်နေသူများကို နှိုး၍ ရွှေနှင့် ငွေများ တောင်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။

ထို့အတွက်ကြောင့် ဦးစိုး (ခ) စိုးလှိုင်ဝင်း သည် အလုပ်စားပွဲ အံစွဲအတွင် က ငွေကျပ် ၇ သိန်းကျော်အား ထုတ်ပေးခဲ့ပြီး ဦးစိုး (ခ) စိုးလှိုင်ဝင်း ၏ တူမဖြစ်သူ စောနန္ဒာဦး ဝတ်ဆင်ထားသော ကျောက်နီပါ ရွှေနားကပ် ၁ ရံ ကိုပါ ချွတ်ပေးခဲ့ရသည

ထို့အပြင် ကျူးလွန်သူများသည် နေအိမ်အတွင်း အိပ်ခန်းများတွင် ဝင်ရောက်ရှာဖွေခြင်း နှင့် သော့ခတ်ထားသော သေတ္တာများအား သော့ဖျက်၍ ရှာဖွေခြင်းတို့ကို ပြုလုပ်ခဲ့ကာ ဖုန်း ၉ လုံး၊ Laptop ၁ လုံးတို့အား ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည် ။

ဦးစိုး (ခ) စိုးလှိုင်ဝင်း သည် ပတ်ဝန်းကျင်အား အကူအညီတောင်း၍ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ရာ ကျူးလွန်သူမျာအနက် ၂ ဦးဖြစ်သည့် စည်သူဗိုလ် (၁၃) နှစ် နှင့် မင်းထက် (၂၀) နှစ်တို့ကို ဓား ၁ ချောင်း၊ လေးဂွ ၂ လက်၊ ဆိုင်ကယ် ၁ စီးနှင့်အတူ ကနဦးဖမ်းဆီးရမိခဲ့သည် ။

ဖမ်းဆီးရမိသည့်သူများအား စစ်မေးပေါ်ပေါက်ချက်အရ ဟိန်းသော်ဦး (ခ) ဖိုးသဲ (ခ) နဂါး ၊ ဒိုးလေး (၁၈) နှစ်၊ အောင်ဇင်မင်း (၁၇) နှစ်နှင့် စစ်သိန်းတန် (ခ) စစ်ကြီး(၁၈)နှစ်တို့ အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး Laptop ၁ လုံး၊ ဖုန်း ၃ လုံး၊ ဓါးရှည် ၃ ချောင်း၊ ဓါးမြှောင် ၁ ချောင်း၊ လေးခွ ၁ လက်၊ ဆိုင်ကယ် ၂ စီးတို့အ သိမ်းဆည်းရမိခဲ့သည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများကို စက်မှုနယ်မြေရဲစခန်းတွင် (ပ)၃၃၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ပြီး တရားရုံးတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

Leave a Reply