ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့အမည်ဖြင့် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပမည်

0
30

သြဂုတ် ၃

ကျော်သူမြင့်

သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ၈၈၈၈ လှုပ်ရှားမှု ၃၁နှစ်ပြည့်ပွဲကို ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံနေ့အမည်ဖြင့် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

“အရင်နှစ်တွေက နှစ်ပတ်လည်လို့ပဲသုံးတယ်။ ဒီနှစ်ကျတော့ ထူးခြားချက်ပေါ့ အစည်းအဝေးဆုံး ဖြတ်ချက်က ဘာချလိုက်လဲဆိုတော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အဖြစ်ကျင်းပမှာ ဖြစ်တယ်။ ဒီနှစ်ကစပြီး သတ်မှတ်လိုက်ပါပြီ”ဟု ပွဲကျင်းပရေးအဖွဲ့ဝင် ကိုဆန်နီက ပြောသည်။

အဆိုပါပွဲကျင်းပရေးအတွက် ၈၈မျိုးဆက်ကျောင်းသားများက သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်း တိုက်တွင် သြဂုတ်လ ၃ ရက်နေ့က အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

၈၈၈၈ လှုပ်ရှားမှု အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ၊ ရန်ကုန်တက္ကသိုလ် နှင့် ဓမ္မပီယ ကျောင်းတိုက်တို့တွင် ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်အား ပြည်သူများနှင့် တိုက်ရိုက်ထိ တွေ့မှုဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့်အထိမ်းအမှတ်နှစ်များတွင် ယခုအမည်ဖြင့်ပင် ဆက်လက်ကျင်းပမည်ဖြစ်သည်ဟု ကိုဆန် နီက ပြောသည်။

အခမ်းအနား၏ အဖွင့်အမှတ်တရစကားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားမည်ဖြစ်ပြီး ၃၁နှစ်ပြည့်ကျင်းပရေးကော်မတီ သဘောထားကြေညာချက်ကို ကိုမြအေးက ပြောကြားမည်ဖြစ်ကာ နိဂုန်းချုပ်စကားကို ဦးကိုကိုကြီးက ပြောကြားမည်ဖြစ်သည်။

အခမ်းအနားတွင် ၈၈၈၈ ပြတိုက်ပြခန်း၊ ကာတွန်းပြခန်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရ သည်။

Leave a Reply