အာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ် အသင်းဖော်များကို နှုတ်ဆက်၊မန်ယူသို့ ပြောင်းမည်

0
170

ဇန်န၀ါရီ ၂၀ ၊ ၂၀၁၈

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ သဘောတူညီမှုတွေ ရရှိခဲ့ပြီ ဖြစ်တာကြောင့် အသင်းပြောင်းဖို့ သေချာခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ယနေ့မှာ ကစားမယ့် ပဲလေ့စ်နဲ့ ပွဲမတိုင်ခင်မှာ အာဆင်နယ် အသင်းက ကစားဖော်တွေကို နှုတ်ဆက်မှုတွေ ပြုလုပ်နေပါပြီ။ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အဆုံးသတိဖို့ ရှိခဲ့ပေမယ့်လည်း မန်ယူကစားသမား မစ်ခိတာရန်ရဲ့ အေးဂျင့် ကြောင့် မထင်မှတ်ဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

ဆန်းချက်ဟာ ပဲလေ့စ်နဲ့ ပွဲအတွက် သောကြာနေ့မှာ အာဆင်နယ် အသင်းသားတွေနဲ့ အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ သိပ်မကြာခင် မှာပဲ ဆန်းချက်ဇ်အနေနဲ့ မန်ယူကို မပြောင်းဖြစ်တော့ဘူးလို့ ကောလာ ဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုက ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ် ကစားသမားအဖြစ်သာ ရှိနေသေးတဲ့အတွက် အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ဆင်းနေခြင်း ဖြစ်ကြောင်း ၊ အပြောင်းအရွှေ့အတွက် နှစ်ဘက်အသင်းကြားမှာ သဘောတူညီမှုတွေ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ၊ မကြာခင်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ကိစ္စ အပြီးပြတ်မည် ဖြစ်ကြောင်း ဘန်လေနဲ့ကစားမယ့် ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အဲလ်ဒီးဒက်စ် ကုမ္ပဏီဟာ ဆန်းချက်ဇ် အမည်ပါဝင်သော ကျောနံပါတ် ၇မန်ယူ ဂျာစီကို ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။

NN

Leave a Reply