“ဆန္ဒပြမှုများ အကျိုးမရှိဘဲ ဖက်ရှင်အသွင်သာ ဖြစ်နေ” ဟု သူရဦးရွှေမန်း ပြော

0
7

သြဂုတ် ၎
ယဉ်ကေနွယ်

လက်ရှိ ဖြစ်ပွားနေသည့် ဆန္ဒပြနေမှုများသည် အကျိုးမထူးဘဲ ဖက်ရှင် အသွင်သာ ဖြစ်နေသည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၏ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းကပြောသည်။

“ ဒီမိုကရေစီခေတ်မှာ ဆန္ဒပြမှ ဒီမိုကရေစီဖြစ်တယ်လို့ ထင်နေကြတာ။ ဖက်ရှင်သဘောမျိုးဖြစ်နေတယ်။ အဲ့တော့ တစ်ဖက်က ပြလိုက် တစ်ဖက်က ပြလိုက် အဲ့လိုပြတဲ့နေရာမှာစိုးရိမ်စရာဖြစ်တာက တစ်ဖက်နဲ့ တစ်ဖက်ခိုက်ရန်ဒေါသဖြစ်မယ်။မတည်မငြိမ်တွေဖြစ်မယ်။ အဲ့တော့ ခိုက်ရန်ဒေါသဖြစ်လည်း မကောင်းဘူး။ မတည်မငြိမ်ဖြစ်လည်း မကောင်းဘူး။ ဒါကြောင့်မို့လို့ ဒီလို အနေအထားမျိုးမှာ ကိုယ်ဆန္ဒပြလို့လည်း ဘာမှ မထူး တဲ့ ကိစ္စမှာ ကိုယ့်ဆန္ဒပြလို့လည်း ဘာမှ အကျိုးမထူးတဲ့ ကိစ္စ မှာ သွားပြီးတော့ မှ သူများမြူလို့သူများပြောလို့ လုပ်တဲ့ဟာမျိုးဖြစ်တာက ပြောရမယ်ဆိုရင် အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်”ဟု သူရဦးရွှေမန်းကပြောသည်။

ယနေ့ ညနေပိုင်းက ပါတီရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် သူရဦးရွှေမန်းမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်း ပါတီကိုလည်း ဆန္ဒပြနေမှုများအပေါ် ပါဝင်ခွင့် မပြုထားကြောင်း၊ ပါတီအနေဖြင့်လည်း ဆန္ဒပြမှုများ၊ လှုံ့ဆော်မှုများ မပြုလုပ်ရန် ညွှန်ကြားထားကြောင်း သူရဦးရွှေမန်းကပြောသည်။

“ဒါကြောင့်မို့လို့ ပါတီ အနေနဲ့ အဆင့်ရှိတဲ့ ပါတီ ဖြစ်စေချင်တယ်”ဟု ၎င်း ကပြောသည်။

ထိုသို့ညွှန်ကြားထားသော်လည်း ဆန္ဒပြလိုက်ပါက အကျိုးထူးရရှိသည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြမည် တကယ်လည်း ဖြစ်နိုင်သည် ဆိုပါက ပြသင့်ရင် ပြသွားမည်ဟု လည်း သူရဦးရွှေမန်းကပြောဆိုခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ငွေကြေးတွင်သာမ က လူပုဂ္ဂိုလ်များရင်းနှီးမြှပ်နှံထားကြောင်း ၊ ရရှိထားသည့် အတွေ့အကြုံ ဘ၀ များ၊ စုဆောင်းထားရှိသည့် ငွေကြေးများဖြင့်သည် ပါတီဝင်အင်အားသည် လက်ရှိတွင် ၂ သိန်းကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြိးမြို့နယ်များတွင်လည်း ပါတီ ရုံးခွဲပေါင်း ၂၀၀ ခန့် ဖွင့်လှစ်ထားပြီး ရုံးခွဲများကိုလည်း ဆက်လျက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply