ဧရာဝတီတံတား (ရတနာပုံ ) ပေါ်မှ ခုန်ချသေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

0
63

သြဂုတ် ၎
နိုင်လင်းဦး

ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကို သက်သေခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းအား သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြန်တွေ့ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က သိရသည်။

သေဆုံးသူမှာ စစ်ကိုင်းမြို့နယ်၊ကျောက်ဆည်ကုန်းရွာနေ ကိုပြည့်ဟိန်းထက် အသက် (၂၃) နှစ် ဖြစ်ပြီး သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းအချိန်က စစ်ကိုင်းမြို့နယ်ဘက်ခြမ်း ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်သည် ။

“ဒီနေ့ က ပေါ်လာနိုင်တဲ့ရက်ဖြစ်တဲ့အတွက် မနက်ကတည်းက ကျွန်တော်တို့ နေရာအနှံ့ရှာနေတာ ။ ရေလုပ်သားတွေကိုလည်း သတင်းဖြန့်ထားတယ် ။ ရေလုပ်သား တစ်ယောက်က ခြုံထဲမှာတွေ့တယ် ဆိုတာနဲ့ သွားရောက်ဆယ်ယူခဲ့တယ် ။´´ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦး က ပြောသည် ။

သေဆုံးသူ ကိုပြည့်ဟိန်းထက် ၏ ရုပ်အလောင်းကို စစ်ကိုင်းမြို့နယ် အေးမြဝတီဆိပ်ကမ်းတွင်တွေ့ရှိခြင်းဖြစ်ပြီး စစ်ကိုင်းဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း သိရသည် ။

သေဆုံးသူမှာ နှလုံးသားရေးရာ ကိစ္စကြောင့် ကိုယ့်ကိုယ်ကို သက်သေခြင်းဖြစ်ကြောင်း သတ်မှတ်ကြပြီး ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် နှလုံးသားရေးကိစ္စနှင့် ပတ်သက်၍ ရေးသားမှုများရှိကြောင်း သိရသည် ။

Leave a Reply