တရုတ်စူပါလိဂ်ကိုပြောင်းဖို့ သတင်းထွက်နေတဲ့ စီရော်နယ်ဒို

0
177

ဇန်န၀ါရီ ၂၀ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ ပေါ်တူဂီစတားဟာ ရီးရဲမက်ဒရစ်နဲ့ စာချုပ်အသစ် ချုပ်ဆိုဖို့ ဆန္ဒမရှိတော့ဘဲ စပိန်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း အပြောင်းအရွှေ့ဈေးကွက်မှာ သတင်းတွေ ထွက်ပေါ်လျှက်ရှိပါတယ်။ သူဟာ တရုတ်စူပါလိဂ်ကလပ် Tianjin Quanjian ကို ပြောင်းရွှေ့မယ် လို့ ကောလာဟလများ ထွက်ပေါ်နေပါတယ်။

အီတလီအခြေစိုက် သတင်းဌာနများရဲ့ ရေးသားချက်အရ Tianjin Quanjian အသင်းဟာ စီရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့် နေပြီး အနာဂတ်မှာ တရုတ်ကို ခေါ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ သူဟာ ရီါ်ရဲမက်ဒရစ်နဲ့ ၂၀၂၁ အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး စာချုပ်အသစ်ထပ်မံချုပ်ဆိုဖို့ ကြိုးစားသော်လည်း ရီးရဲမက်ဒရစ်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာကစားသမား လီယွန်နယ် မက်ဆီကဲ့သို့ အသင်းမှာ ရေရှည် ကစားနိုင်အောင် ကြိုးစားပေမယ့်လည်း ရီးရဲမက်ဒရစ်က မျက်ကွယ်ပြုထားခဲ့ပါတယ်။
Sky Sport Italia သတင်းဌာနရဲ့ ရေးသားမှုများအရ တရုတ်ကလပ် Tianjin ဟာ စီရော်နယ်ဒိုကို ခေါ်ယူမယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်က ထွက်ခွာမယ်ဆိုရင် အင်္ဂလန်က သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်ယူကို ပြန်မယ်လို့ မကြာခဏ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ သူတို့ရဲ့ ကြယ်စင်စု စီမံကိန်းအရ PSG တိုက်စစ်မှူး နေမာကို ဘာနေဗျူးကွင်းဆီးကို အရောက်ခေါ်နိုင်ဖို့အတွက် စီရော်နယ်ဒိုနဲ့အတူ ငွေသား အမြောက်အမြား ပေးချေကာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

NN

Leave a Reply