Journey to the North West ကားမောင်းပွဲ ပြုလုပ်

0
174

စစ်ကိုင်း၊ ဇန်နဝါရီ ၂၀၊ ၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Journey to the North West Rally Sagaing / MHTTR (2018) အမည်ရှိ ခရီးရှည် ကားမောင်းပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဇန်နဝါရီလ၂၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်ကားမောင်းပွဲ ဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံရှေ့တွင် ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မုံရွာမြို့၌ ပန်းဝင်မည်ဖြစ်သည်။

Journey to the North West Rally Sagaing / MHTTR (2018) အမည်ရှိ ခရီးရှည် ကားမောင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသတစ်ခုရဲ့ ခရီးသွားလုပ်ငန်းဖြစ်ထွန်းဖို့ဆိုတာ အဲ့ဒီဒေသရဲ့ ခရီးစဉ်တွေ လည်ပတ်ရမယ့် စိတ်ဝင်စရာတွေ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေ ရှေးဟောင်းလက်ရာတွေကို ပြည်တွင်းပြည်ပက ဧည့်သည်တွေ သိရှိဖို့လိုပါတယ်။ ဒီလိုသိရှိစေဖို့ အတွက် ခုလို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ရတာဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

ကားမောင်းပွဲတွင် အုပ်ချုပ်မှုအတွက် ကား ၃ စီးအပါအဝင် စုစုပေါင်း ကားအစီးရေ ၁၇ စီးပါဝင်ပြီး စစ်ကိုင်း၊ ရွှေဘို၊ လင်းနို့ဂူ၊ကသာ၊ ကောလင်း၊ဇီးကုန်း ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ရေဦး ၊ မုံရွာ စသည့်မြို့များကို ဖြတ်သန်းသွားမည်ဖြစ်ကာ ပျူယဉ်ကျေးမှု နယ်မြေ ၊ မာန်လည်ကျောင်း၊ ဇလုံတောင်၊ ဆင်စခန်း၊ ကဒူး ကနန်းဒေသ၊ သဘာဝ ထိန်းသိမ်းရေးတောများ၊ အမျိုးသားဥယျဉ်များ၊ ချပ်သင်းဘေးမဲ့တော၊ သဖန်းဆိပ်ဆည် စသည့် နေရာများကို ဝင်ရောက်ကြည့်ရှုလေ့လာ ကြမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်း၊မုံရွာ ၊ရွှေဘို၊ကလေး ၊ကသာ၊ခန္တီး စသည့်မြို့များတွင် ခရီးသွား ဇုန်များ သတ်မှတ်အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နိုင်လင်းဦး

Leave a Reply