ကယ်လီဖိုးနီးယားမှာ ဓားကိုင်ရမ်းကားလို့ လူ ၄ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရ

0
9

သြဂုတ် ၉
နိုင်ငံတကာသတင်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ကြာသပတေးနေ့က လူတစ်ယောက်ဓားကိုင်ရမ်းကားခဲ့လို့ အနည်းဆုံးလူ ၄ ယောက်သေဆုံးပြီး နောက်ထပ် ၂ ယောဏ်ဒဏ်ရာရခဲ့တဲ့နောက် အဲဒီလူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

လက်နက်ကိုင်တိုက်ခိုက်မှုက ကျပန်းဖြစ်ခဲ့ပြီး နှစ်နာရီလောက်ကြာခဲ့တဲ့ရမ်းကားမှုရဲ့နောက်ကွယ်ကအကြောင်းရင်းဟာ ဓားပြမှု၊ အမုန်းတရားနဲ့ လူသတ်မှုတို့ဖြစ်တယ်လို့ ရဲတွေက အမေရိကန်မီဒီယာတွေကို ပြောပါတယ်။

ထိန်းသိမ်းခံထားရတဲ့လူက ဘယ်သူဘယ်ဝါဆိုတာ အာဏာပိုင်တွေက ထုတ်မပြောပေမဲ့ အသက် ၃၃ နှစ်ရှိနေတဲ့အမျိုးသားတစ်ယောက်လို့တော့ပြောပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့အရှေ့တောင်ဘက် ၃၅ မိုင်လောက်မှာရှိတဲ့နေရာ ၆ ခုလောက်မှာ ဓားကိုင်ရမ်းကားခဲ့တာပါ။

သံသယတရားခံက တောခုတ်ဓားအကြီးစား ၂ လက်ကိုင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးကားလ် ၀ှစ်တနေကပြောပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့အထဲက ၂ ယောက်က သံသယတရားခံနေထိုင်တဲ့တိုက်ခန်းတွဲက လူ ၂ ယောက်လို့လည်း ၀ှစ်တနေကပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရခဲ့တဲ့လူ ၂ ယောက်ကတော့ လက်ရှိမှာ တည်ငြိမ်တဲ့အခြေအနေရှိနေပြီလို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခုဖြစ်ရပ်တွေက လူမျိုးရေးနဲ့ပတ်သက်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့ကပြောပြီး သံသယတရားခံရော၊ ထိခိုက်သေဆုံးသူအများစုရောဟာ အမေရိကန်ရောက်စပိန်စကားပြောသူတွေလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တက္ကဆက်ပြည်နယ်၊ အယ်ပါဆိုမြို့နဲ့ အိုဟိုင်းယိုးပြည်နယ်၊ ဒေတန်မြို့တို့မှာ အစုလိုက်အပြုံလိုက်သေနတ်ပစ်ခံရတဲ့ဖြစ်ရပ်တွေနောက်ပိုင်းမှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-KTVZ

Leave a Reply