ဘာစီလိုနာနဲ့ ဂရက်ဇ်မန်းတို့ လျှို့ဝှက်သဘောတူညီမှု ရရှိထားပြီဟု သတင်းထွက်

0
175

ဇန်န၀ါရီ ၂၀ ၊ ၂၀၁၈

စပိန်ကလပ် ဘာစီလိုနာအသင်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရက်ဇ်မန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တရာဝင်ခေါ်ယူတော့မယ်လို့ သိရပါတယ်။

ဂရက်ဇ်မန်းဟာ ဘာစီလိုနာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြိုသဘော တူညီမှုတွေ ပြုလုပ်ထားပြီး ၂၀၁၈ – ၁၉ ဘောလုံးရာသီမှာ တရားဝင် အပြောင်းအရွှေ့တစ်ရပ်ကို ပြုလုပ်တော့မယ်လို့ သိရပါတယ်။ဒါ့အပြင် သူဟာ ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီရဲ့ လက်အောက်မှာ ကစားချင်တယ် လို့ လည်းသိရပါတယ်။

ဂရက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် အဓိက အရေးပါသူဟာ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဘာတိုမြူပဲ ဖြစ်ပါတယ်။ ဘာတိုမြူဟာ ဂရက်ဇ်မန်း ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်တဲ့အတွက် ဘာစီလိုနာ ကို ခေါ်ဖို့ ဆန္ဒရှိနေတာ ကြာပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အဆိုပါပြင်သစ်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း၁၀၀ ခန့်စာချုပ်ဖျက်သိမ်းကြေးပေးပြီး အက်သလက်တီကိုထံကနေ ခေါ်ယူရမှာဖြစ်တဲ့အတွက် အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်လာမလာဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂရက်ဇ်မန်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လည်း အပြောင်းအရွှေ့ ဈေးကွက်ပိတ်ချိန်မှာ ဂရက်ဇ်မန်းဟာ အက်သက်လက်တီကိုမှာသာ နေခဲ့ပါတယ်။

ယခုအခါ ဘာစီလိုနာနဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာတဲ့အတွက် အပြောင်းအရွှေ့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို မီဒီယာတွေက စောင့်ကြည့်နေကြပါတယ်။ အကယ်၍ ဂရက်ဇ်မန်းကိုသာ ဘာစီလိုနာ အသင်းက ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘာစီလိုနာရဲ့ ရှေ့တန်းမှာ မက်ဆီ ၊ ဆွာရက်ဇ် ၊ ကော်တင်ဟို ၊ ဒမ်ဘီလီ ၊ ဂရက်ဇ်မန်း စတဲ့ နာမည်ကြီး ကစားသမားတွေရဲ့ စုဖွဲ့ကစားမှုကို မြင်ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply