အရက်သောက်ပြီး မီးရှို့ရာမှ နေအိမ် (၄) လုံး မီးလောင်

0
85

သြဂုတ် ၁၀
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် လေးခေါင်းရပ်တွင် သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က အရက်သေစာ သောက်စားပြီး မီးရှို့ရာမှ နေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွားခဲ့သည် ။

ဖြစ်စဉ်မှာ ၃၄ လမ်း၊ ၆၂ လမ်း နှင့် ၆၃ လမ်းကြားရှိ နေအိမ်မှ နေအိမ်ပိုင်ရှင် ဒေါ်ခိုင်ဇာဇာထွန်း (ခ) ဆူးခက် (၂၇) နှစ်သည် အရက်သေစာသောက်စားပြီး ရေမြှုပ်မွေ့ယာအား မီးရှို့ခဲ့ရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

အဆိုပါမီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ နေအိမ် (၃) လုံးပါ မီးကူးစပ်လောင်ကျွမ်းခဲ့ပြီး ဆိုင်ကယ် (၃) စီး၊ နေအိမ်အတွင်းပစ္စည်းများ စုစုပေါင်း တန်ဖိုး ၂၇ သိန်းကျပ် ဆုံးရှုံးမှုရှိကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားသည် ။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့ခဲ့သည့် ဒေါ်ခိုင်ဇာဇာထွန်း (ခ) ဆူးခက် (၂၇) နှစ် အား မီးရှို့မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply