နှစ်​ ၁၀၀ ​ကျော်​ သက်​တမ်းရှိ မက်​သဒစ်​​ကျောင်း (ဒဂုံ ၁) ကို အပြာ​ရောင်​ကမ္ဗည်းပြားတပ်​ဆင်

0
284

ရန်​ကုန်​ ဇန်​နဝါရီ ၂၁ ၊၂၀၁၈

ယခင် မက်သဒစ်အင်္ဂလိပ်အထက်တန်းကျောင်း ၊ယခု အထက(၁) ဒဂုံ ကျောင်းတွင် မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်​ခဲ့အခမ်းအနားကို ယ​နေ့မနက်​ပိုင်းက အဆိုပါ​ကျောင်းတွင်​ ပြုလုပ်​ခဲ့သည်​။

ဒဂုံ (၁)​ကျောင်းသည်​ လက်​ရှိနိုင်​ငံ​တော်​သမ္မတ ဦးထင်​​ကျော်​နှင့်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​တို့တို့အပြင်​ အသိပညာရှင်​၊ အတတ်​ပညာရှင်​များ၊ စီးပွား​ရေးလုပ်​ငန်းရှင်​များ၊ စာ​ပေနှင့်​အနုပညာနယ်​ပယ်​မှ ထင်​ရှား​ကျော်​ကြားသူများ ကို ​မွေးထုတ်​​ပေးခဲ့​သော ​ကျောင်းလည်းဖြစ်​သည်​။

” ဒီလိုလှပ​နေတဲ့​အ​ဆောက်​အအုံကိုထိန်းသိမ်းခြင်းဟာ မြန်​မာနိုင်​ငံရဲ့ သမိုင်းမှာ ဘက်​စုံ​ထောင့်​စုံက​နေပါဝင်​ခဲ့ကြတဲ့ ​ကျောင်းသူ​ကျောင်းသားနဲ့ ဆရာ ဆရာမ​တွေမျိုးဆက်​​တွေကို ဂုဏ်​ယူအသိအမှတ်​ပြုတဲ့ အပြင်​ မြန်​မာနိုင်​ငံရဲ့အတိတ်​ကို ချိတ်​ဆက်​​ပေးတဲ့ ကွင်းဆက်​တစ်​ခု ကို ထိန်းသိမ်း​စောင့်​​ရှောက်​ခြင်းလည်း ဖြစ်​ပါတယ်​” ဟု ရန်ကုန်​မြို့ပြအ​မွေအနှစ်​ထိန်းသိမ်း​စောင့်​​ရှောက်​​ရေးအဖွဲ့ (YHT) တည်​​ထောင်​သူနှင့်​ဥက္ကဌဖြစ်​သူ ​ဒေါက်​တာသန်းမြင့်​ဦး က ​ပြောကြားသည်​။

အဆိုပါ ​ကျောင်းသည် ယခင်​က ​​မက်သဒစ်သာသနာပြု မိန်းကလေးကျောင်းအဖြစ် လွစ္စလမ်း (ဆိပ်ကမ်းသာလမ်း) တွင် ၁၈၈၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုမှနေ၍ ၁၈၉၄ ခုနှစ်တွင် လန်ကတ်စတာလမ်း (နဝဒေးလမ်း)နှင့် အလံပြဘုရားလမ်းထောင့်ရှိ လက်ရှိကျောင်းတည်ရှိရာနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကျောင်း၏ မူလအဆောင်မှာ ဝိတိုရိယခေတ်ပုံစံ သုံးထပ် အဆောက်အအုံဖြစ်သည်။

လက်ရှိနေရာသို့ပြောင်းရွှေ့ပြီးနောက် မက်သဒစ် သာသနာပြု မိန်းကလေးကျောင်းမှနေ၍ မက်သဒစ် မိန်းကလေး အထက် တန်းကျောင်း အဖြစ် အမည်ပြောင်းလဲခဲ့သည်။ အစောပိုင်း ကာလများတွင် ယောက်ျား လေးများကို မူလတန်းအဆင့်တွင်သာ လက်ခံသင်ကြားပေးခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ကျောင်းသားဦးရေများစွာတိုးတက်လာသဖြင့် လေးထပ်အဆောက်အအုံတစ်ခုကို တိုးချဲ့ဆောက်လုပ်ခဲ့ပြီး ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော်သမ္မတ စဝ်ရွှေသိုက်က တက်ရောက်၍အုတ်မြစ်ချပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း (M.E.H.S) အမည်သို့ ပြောင်းလဲခဲ့သည်။

၁၉၆၅ ခုနှစ် ဧပြီလတွင် အခြားသော မစ်ရှင်ကျောင်းများနည်းတူ မက်သဒစ်ကျောင်းကိုလည်း ပြည်သူပိုင်သိမ်းယူခဲ့ပြီး ပညာရေး ဝန်ကြီးဌာန လက်အောက်တွင်ထားရှိကာ အထက (၁) ဒဂုံ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ရန်​ကုန်​မြို့ပြအ​မွေအနှစ်​​စောင့်​​ရှောက်​​ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်​တွင်​တည်​​ထောင်ခဲ့ပြီးရန်ကုန်မြို့၏မြို့ပြအ​မွေအနှစ်များကိုထိန်းသိမ်း
စောင့်​​ရှောက်​​ရေးလုပ်​ငန်းများကို ​ဆောင်​ရွက်​​နေ​သောအဖွဲ့ဖြစ်​သည်​။

သျှင်​ရဲထွဋ်

ဓာတ်ပုံ – YHT

Leave a Reply