သြဂုတ် ၁၃
နိုင်ငံတကာသတင်း
ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးကြားနယ်စပ်မြို့တစ်မြို့မှာ လက်နက်တွေတပ်ဆင်ထားတဲ့ သယ်ပို့ယာဉ်တွေနဲ့တင့်ကားတွေစုဝေးနေတာကို တရုတ်အစိုးရပိုင်People’s Daily သတင်းစာက တနင်္လာနေ့မှာဖော်ပြပါတယ်။
ရှန်ကျန်းမြို့မှာ လက်နက်တပ်ဆင်ထားတဲ့ကားတွေသွားလာနေတာနဲ့ တချို့ကားတွေရပ်နားထားတာကို သတင်းရုပ်သံ ၂ ခုမှာ ဖော်ပြထားပါတယ်။
၁၉၉၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးဆီပြန်လွှဲပေးခဲ့ပြီးတဲ့နောက် ဟောင်ကောင်အတွက်အကြီးဆုံးစိန်ခေါ်မှုဖြစ်နေတဲ့သီတင်းပတ် ၁၀ ပတ်ကြာအကြပ်အတည်းတွေ့နေချိန်မှာ ပြည်မကြီးအစိုးရဘက်က အခုသတင်းရုပ်သံထုတ်လွှင့်ခဲ့တာပါ။
ရှန်ကျန်းကို လက်နက်တပ်ဆင်ထားတဲ့ယာဉ်တန်းသွားနေတာဟာ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့လို့ People’s Dailyသတင်းစာကဖော်ပြပါတယ်။
အခုစနေ၊ တနင်္ဂနွေမှာ အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် တနင်္လာနေ့မှာ ဟောင်ကောင်လေဆိပ်ကိုပိတ်ခဲ့ရပြီး လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။
အင်နဲ့အားနဲ့ဆန္ဒပြတာတွေကို အကြမ်းဖက်လုပ်ရပ်လို့ ပြည်မကြီးဘက်က သတ်မှတ်နေပါတယ်။
ဟောင်ကောင်က တော်လှန်ရေးဆန္ဒပြသူတွေက ရဲအရာရှိတွေကိုတိုက်ခိုက်ဖို့ အန္တရာယ်အရမ်းရှိတဲ့လက်နက်တွေအသုံးပြုခဲ့ပြီး အကြမ်းဖက်လက္ခဏာတွေကိုပြနေတယ်လို့ တရုတ်နိုင်ငံတော်ကောင်စီရဲ့ဟောင်ကောင်နှင့်မကာအိုရေးရာရုံးပြောခွင့်ရသူယန်ဂေါင်ကပြောပါတယ်။
သြဂုတ် ၆ ရက်က ရှန်ကျန်းမှာပြုလုပ်တဲ့အဓိကရုဏ်းနှိမ်နှင်းရေးလေ့ကျင့်မှုမှာ တရုတ်ရဲအရာရှိ ၁၂၀၀၀ လောက်ပါဝင်ခဲ့တယ်လို့ ရှန်ကျန်းရဲတပ်ဖွဲ့ကပြောတယ်ဆိုပြီး Global Timesသတင်းစာကဖော်ပြပါတယ်။
Source-CNA
Photo-Screenshots from People’s Daily