လူငယ် (၂) ဦးအား ပြိုင်ကားနှင့် တိုက်မိသည့်အမှု တရားခံအား စစ်ဆေး

0
36

သြဂုတ် ၁၄
နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် ပြိုင်ကားနှင့် တိုက်မိကာ လူငယ် (၂) ဦး သေဆုံးသည့်အမှုမှ ယာဉ်မောင်းဖြစ်သူအား သြဂုတ်လ ၁၄ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားခံအား စစ်ဆေးခဲ့သည် ။

ယင်းအမှုတွင် အမှုအမှတ် ၁၆၉၅/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် လည်းကောင်း၊ အမှုအမှတ် ၁၆၉၆/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် လည်းကောင်း စွဲချက်တင်ထားပြီးဖြစ်သည် ။

ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် စွဲချက်တင်ထားသည့် အမှုအမှတ် ၁၆၉၅/၂၀၁၈ နှင့်ပတ်သက်၍ တရားခံအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောက်တစ်ပတ်ရုံးချိန်း သြဂုတ်လ ၂၂ ရက်နေ့တွင် တရားခံပြသက်သေအား စစ်ဆေးသွားမည်ဖြစ်သည် ။

“ဒီနေ့ စစ်တာ သူ့မှာ အပြစ်မရှိဘူး။ မမြင်လို့ တိုက်မိတာပြောတယ် ။ သူမောင်းလာတဲ့ အရှိန်ဟာ ကီလိုမီတာ တစ်ရာကျော်နှုန်းနဲ့ မြို့တွင်းမှာ မဆင်မချက် မောင်းလာတာ ။ ဒါကို တရားဥပဒေအရတော့ အပြစ်ပေးတာခံရမယ်” ဟု အထက်တန်းရှေ့နေ ဦးရဲရင့်ဝေ က ပြောသည်။

ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် စွဲချက်တင်ထားသည့် အမှုအမှတ် ၁၆၉၆/၂၀၁၈ နှင့်ပတ်သက်၍ တရားခံပြသက်သေ မလာသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့ နံနက် အစောပိုင်းအချိန်က ၇၈ လမ်း ၂၆ လမ်း မီးပွိုင့်တွင် မီးနီနေသဖြင့် ဆိုင်ကယ်အား ရပ်၍စောင့်နေစဉ် TOYOTA Lexus အနီရောင်ပြိုင်ကားမှ အနောက်က ဝင်တိုက်မိခဲ့ကာ လူငယ် (၂) ဦး သေဆုံးခဲ့သည် ။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်တွင်ပါသည့် လွင်မင်းသန့် (၂၃) နှစ် နှင့် ကျော်ဇင်သက် (၂၆) နှစ် တို့သည့်လည်း ကားနှင့် ချိတ်ပါခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ရာ ၄င်းတို့ (၂) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည် ။

Leave a Reply