ဗစ်တိုးရီးယားအား ဖခင် မှ ဓာတ်ပုံပြ၍ မေးမြန်းရာ အောင်ကြီးကို မသိရှိဘဲ ကိုကိုနဲ့ညီညီ လုပ်တာ ဟု သာ ဖြေကြားဟု ဖခင်ဖြစ်သူ ထွက်ဆို

0
12

သြဂုတ် ၁၄
ယဉ်ကေနွယ်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုကို ယနေ့ တွင် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် ကလေးငယ်၏ ဖခင်ဖြစ်သူ အား နှစ်ဖက် ရှေ့နေများမှ အပြန်အလှန်မေးမြန်းမှုများလုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်စဉ် သံသယရှိသည့် တရားခံ ဟု ယူဆသူ ယာဉ်မောင်း အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်မှ ဗစ်တိုးရီးယားလေး၏ ဖခင်ဖြစ်သူအား စစ်ဆေးမေးမြန်းချိန်တွင် ဖခင်ဖြစ်သူ မှ နှင်းနု၊ ကိုကို ၊ညီညီ၊ ကိုကိုနှင့်ညီညီ တွဲလျက်ပုံ၊ အောင်ကြီး တို့၏ဓာတ်ပုံများ စသည့် ဓာတ်ပုံ ၅ ပုံအား ကလေးငယ်အား ပြသရာတွင် ကလေးငယ်မှ အောင်ကြီးကို သိရှိခြင်းမရှိပဲ ကိုကိုနှင့်ညီညီ မှ မီးမီးကို လုပ်ကြောင်း သူတို့ကို သတ်ပစ်ချင်တယ်ဟု ပြောဆိုပြီး ယင်းဓာတ်ပုံကို ခဲတံဖြင့် ထိုးခဲ့ပြီး ဖခင်ဖြစ်သူကိုလည်း ဓာတ်ပုံကို ကန်ပစ်ဟု ပြောဆိုခဲ့ကြောင်း ၊တီချယ်နှင်းနုသည်လည်း မီးမီးကို ဆူတဲ့ ထဲတွင် ပါကြောင်း ပြောဆိုသည်ဟု ဖခင်ဖြစ်သူ မှ တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ထို့အတူ ကလေးငယ်၏ ဖခင်ဖြစ်သူမှ ကလေးငယ်နှင့် ပတ်သက်၍ မေးမြန်းထားသည့် ဗွီဒီယိုဖိုင်နှင့် ဓာတ်ပုံများအားရွေးခိုင်းသည့် ဗွီဒီယိုဖိုင်များပါသည့် ဖုန်းကို ယနေ့ တွင် ရုံးတော်သို့ တင်သွင်းခဲ့ရာ ရုံးတော်မှ လက်ခံခဲ့သည်။

“ဖုန်းတစ်ခုလုံးကို လက်ခံလိုက်ပါတယ်။ ဖုန်း ထဲမှာ အကုန်ပါပြိးသာ။ ဓာတ်ပုံရွေးခိုင်းတဲ့ ကိစ္စတွေရော ၊ ကလေးနဲ့ ပတ်သက်ပြီးတော့ မိဘတွေက မေးမြန်းထားတဲ့ ဟာတွေ အကုန်ပါပြီးသား”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောသည်။

ကျောင်းမှရရှိ သည့် CCTV မှတ်တမ်းတွင် အောင်ကြီး မှ ကားပေါ်မှ ဆင်းလာသည့် ပုံသည် သဲသဲကွဲကွဲ မသိနိုင်ဘူးဟု ပြောရာ ကလေးငယ်လေး၏ ဖခင်မှ လည်း မှန်ကန်ကြောင်း ထွက်ဆိုထားသည်။

“အောင်ကြီး ပါတယ်ဆိုတာက မျက်မြင်သက်သေ ထဲမှာ မဟုတ်ဘူး။ သူက CCTV ပြတာလေ။ CCTV ပြတာဖြစ်တဲ့ အတွက်အောင်ကြီး ကားပေါ်က ဆင်းလာတဲ့ ဆိုတဲ့ ဗွီဒီယိုဖိုင်ကကျတော့ အကုန်လုံး လည်း လိုင်းပေါ်မှာ တွေ့ပြီးသားဖြစ်မှာပါ။ ကျွန်မတို့ အောင်ကြီးကို အခု ၅ ခါ ထက် မနဲ ၆ ခါ ထက်မနည်းတွေံ့ဖူးတာတောင်မှ ဒီဖိုင်ထဲက လူ က အောင်ကြီးဟုတ်မဟုတ် အတိအကျ မပြောနိုင်ဘူး။ ဒါကြောင့် ဒီဖိုင်ထဲက လူက အောင်ကြီး ဟုတ်လား မဟုတ်လား အတိအကျ မပြောနိုင်ဘူး။ ဗွီဒီယို ဖိုင်က ၀ါးနေတယ်။ ဆိုတဲ့ အတွက် ကလေးက ဟုတ်တယ်လို့ပြောတာ”ဟု ဒေါ်စုဒါလီအောင်ကပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်း ကိုတော့ သြဂုတ်လ ၂၈ ရက်နေ့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်း နေ့တွင် ကလေးငယ်၏ အဘွားဖြစ်သူ ကို စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၁၆ ရက်က နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စနှင့် ပတ်သက်၍ တရားခံဟု ယူဆသူ ယာဉ်မောင်းအောင်ကြီး ကို ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြိး ဇူလိုင်လ ၁၅ ရက်နေ့က ရုံးထုတ်စစ်ဆေးမှုများ စတင် လုပ်ဆောင်ခဲ့သည်။

Leave a Reply