ဦးလှဆွေကို ရှာဖွေရန် သမ္မတရုံးက ဥပဒေနှင့်အညီ ခွင့်ပြုပေးခြင်းဖြစ်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

0
83

သြဂုတ် ၁၆
ယဉ်ကေနွယ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးလှဆွေကို လက်ရှိတွင် ရဲတပ်ဖွဲ့မှ ရှာဖွေနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရမှ တင်ပြလာသည့်အတွက် သမ္မတရုံးမှ ဥပဒေနှင့်အညီ ခွင့်ပြုချက်ပေးထားခြင်းသာ ဖြစ်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“သူ့ရဲ့ ဟောပြောချက်တွေက ဘယ်လို ညိစွန်းတယ်ဆိုတာကတော့ ဒါသက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်သမ္မတရုံးကို တင်ပြခြင်း ဖြဖစ်တယ်။ တင်ပြလာတဲ့အပေါ်မှာ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ ဥပဒေနဲ့အညီ ဥပဒေအရ ခွင့်ပြုချက်ပေးရတာ ဖြစ်တယ်။ဘဖမ်းဆီးရမိတဲ့ အနေအထား ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း ကျွန်တော်တို့ မေးပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

သြဂုတ် ၁၆ရက် ညနေပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်ရှိ ရှင်းလင်းဆောင်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအား ဦးဇော်ဌေးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးလှဆွေအား နေပြည်တော်၊ရန်ကုန်နှင့် ဂန့်ဂေါမြို့များရှိ နေအိမ်များသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ ရှာဖွေမှုများ လုပ်ဆောင်နေပြီး ပြည်ပနိုင်ငံများသို့ သွားရောက်မည်ဟု သတင်းများထွက်ပေါ်နေသည့် အပေါ်တွင်လည်း စီစစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဦးလှဆွေသည် ယခုလအတွင်း ရန်ကုန်မြို့တွင် ကျင်းပသည့် အမေရိကန်နိုင်ငံမှ မြန်မာ့တပ်မတော်အရာရှိများအပေါ် ပိတ်ဆို့ အရးယူမှုများအား ကန့်ကွက်ရှုတ်ချပွဲတွင် ဟောပြောခဲ့သည့် ပြောဆိုချက်များနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးမှ ပုဒ်မ ၁၂၄ (က)ဖြင့် ယင်းမြို့နယ်တရားရုံးတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အမှုဖွင့်ထားခြင်းခံရသည့် ဦးလှဆွေသည် တရားရုံးသို့ လူကိုယ်တိုင် လာရောက်ရှင်းလင်းခြင်း မရှိသဖြင့် ထိုသို့ ရှာဖွေမှုများ လုပ်ဆောင်ရခြင်းဖြစ်ပြီး ၎င်းအား ၂၈ ရက်နေ့ အထိ စောင့်ဆိုင်းရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်ထားကြောင်း သိရသည်။

ထို့ပြင် ဦးလှဆွေအား သူရဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူမှလည်း နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် ဧပြီလ ၃၀ ရက်နေ့က နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ် ပတ္တာရဲစခန်းတွင် အမှုဖွင့်ထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဝေဖန်မှုများကို ဖမ်းဆီးရန် ညွှန်ကြားထားသည့် မူဝါဒမရှိကြောင်း၊ အဆိုပါဝေဖန်ပြောဆိုနေမှုများကိုလည်းကြိုဆိုကြောင်း ဦးဇော်ဌေးက ပြောသည်။

#TheFifthWave

Leave a Reply