NLD ဗဟိုသုတေသနလုပ်ငန်း အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ပါတီတာဝန်များမှရပ်ဆိုင်း

0
23

သြဂုတ် ၁၉
ယဉ်ကေနွယ်

NLD ပါတီ၏ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းသည် ပါတီမှပေးအပ်ထားခြင်းမရှိသည့် လုပ်ပိုင်ခွင့်များကိုကျော်လွန်ကာ ဆောင်ရွက်သည့် အတွက် ပါတီ၏ လုပ်ငန်းတာဝန်များမှ ယနေ့တွင် ရပ်ဆိုင်းလိုကိပြီဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။

“ပါတီကပေးအပ်ထားခြင်းမရှိတဲ့လုပ်ငန်းများကိုသွားရောက်ဆောင်ရွက်တဲ့အတွက် ဒါလုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်တယ်ဆိုပြီးအရေးယူလိုက်တာဖြစ်ပါတယ်။” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

ဦးမျိုးရန်နောင်သိန်းကို ပါတီတွင်းတိုင်ကြားခံရမှုနှင့် ပတ် သက်၍ ၎င်းအားစစ်ဆေးရန် အဖွဲ့တစ်ခုဖွဲ့စည်း၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးထားသည့် အစီရင်ခံ စာကို အစည်းအဝေးတွင် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့က လက်ခံလိုက်အတည်ပြုလိုက်ခြင်းဖြစ်ပြီး ပါတီစည်းကမ်းအရအရေးယူလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ် သရက်ချောင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ်တစ်ဦးလည်းဖြစိသည့် ဦးအောင်စိုးသည် ပါတီမှနုတ်ထွက်စာတင် ထားခြင်းကို လည်း ယနေ့ ပြုလုပ်သည့် အစည်း အဝေးတွင် လက်ခံအတည်ပြုလိုက်ကြောင်းသိရသည်။

ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အထက်ပါကိစ္စများအပြင် ပါတီ၏ပုံမှန်လုပ်ဆောင်ချက်များ၊ ပါတီဝင်များ ၏လစဉ်ကြေးကိစ္စ၊ပါတီ၏ရန်ပုံငွေခွဲဝေသုံးစွဲမှုကိစ္စနှင့် သဘာဝပတ်ဝန်းကျင်သင်တန်းများပေးရန် ကိစ္စ သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

Photo : Myo Yan Naung Thein Fb

Leave a Reply