AA အဖွဲ့က ရဲတပ်ဖွဲ့ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရ

0
91

သြဂုတ် ၂၁
ပဉ္စမလှိုင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့အကြား ပက်ခွက်ဆိပ်ကျေးရွာနှင့် ပြိုင်းတောကျေးရွာအနီး၌ ယနေ့တွင် AA အဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်သုံးစီး ပျက်စီးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်ပြီး စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာလာသည့် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ရဲမှူးဦးစီးစစ်ကြောင်း ၁ နှင့် တပ်ခွဲ ၁ ခွဲသည် နံနက် ၉ နာရီခန့် တွင် တပ်ဖွဲ့ပိုင်မော်တော်ယာဉ်များဖြင့် ချီတက်လာစဉ် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး ပုဏ္ဏားကျွန်းမြို့မှ ၁၆ မိုင်ခန့်အကွာ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့အကြား ပက်ခွက်ဆိပ်ကျေးရွာအနီးနှင့် ပြိုင်းတောကျေးရွာ အနီးတို့တွင် AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ ရဲတပ်သားတစ်ဦး၊ စုစုပေါင်း နှစ်ဦးကျဆုံးကာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ပိုင်မော်တော်ယာဉ် သုံးစီးပျက်စီးခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Leave a Reply