Networking အခြေခံ ——————————– Chapter -2

0
284

Size အပေါ်မူတည်၍ Network အမျိုးအစား ခွဲခြားခြင်း။
===========================================

Network ရဲ့ အရွယ်အစား၊တနည်းအားဖြင့် Network ချိတ်ဆက်ထားတဲ့ ဧရိယာအပေါ်မူတည်ပြီး ခွဲခြားရရင် LAN,MAN,WAN ရယ်လို့ network အမျိုးအစား 3မျိုးရှိပါတယ်။ LAN ( Local Area Network) အဆောက် အဦတခု၊ရုံးတခုစာ နယ်နိမိတ်အတွင်းမှာရှိတဲ့ ကွန်ပြူတာတွေကို ချိတ်ဆက်အသုံးပြုထားတဲ့ အစုအဝေးတခုကို LAN လို့ခေါ်ပါတယ်။

စတင်အသုံးပြုစဉ်အချိန်က computer နဲ့ Hub ဆီကို အများဆုံး အကွာအဝေး 185m (660 ft) ၊computer အရေအတွက် ၃၀၀ဝန်းကျင် သာ ရှိရမယ်လို့ သတ်မှတ်ချက် ရှိခဲ့ပါတယ်။ ဒါကလည်း ချိတ်ဆက်တဲ့ device တွေရဲ့ နည်းပညာ အားနည်းချက်ကြောင့် ဖြစ်ဟန်တူပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာ တိုးတက်လာတာနဲ့အတူ LAN အတွက် သက်မှက်ထားတဲ့ အကွာအဝေး၊အရေအတွက်တွေ မရှိတော့ပါဘူး။ ဒါ့အပြင် အရင်တုံးက LAN ဆိုရင် peer to peer network တွေပဲ ချိတ်ဆက်ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ LAN ဆိုရင် peer to peer network ရော Client server network ရော ၂မျိုးစလုံး အသုံးပြု လာကြတာကို တွေ့ရပါတယ်။ အနှစ်ချုပ်ပြောရရင် LAN ဆိုတာ အဆောက်အဦတခု၊ရုံးတခု အတွင်းမှာ computer တွေကို ချိတ်ဆက်ထားတဲ့ network အစုအဝေးကိုခေါ်ပါတယ်။

MAN (Metropolitan Area Network) MAN ဆိုတာ အဆောက်အဦ ၂ခု သို့မဟုတ် ၂ခုထက်ပိုတဲ့အရေအတွက်။ တနည်းပြောရရင် မြိုတစ်မြို့ အတွင်းမှာရှိတဲ့ LAN တွေကို ချိတ်ဆက်ထားတဲ့ network အစုအဝေးကို ခေါ်တာပါ။ ဒီနေ့ခေတ်မှာတော့ MAN လို့မသုံးကြတော့ပဲ LAN တွေကို စုပေါင်းချိတ်ဆက်ထားရင် WAN လို့ပဲ ခေါ်ဝေါ်သုံးနှုံးကြပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာတော့ LAN ရယ် WAN ရယ်လို့ ၂မျိုးပဲ ရှိပါတယ်။ WAN ( Wide Area Network) WAN ဆိုတာ LAN ပေါင်းများစွာ စုစည်းချိတ်ဆက်ထားတဲ့ ကြီးမားတဲ့ network တခုဖြစ်ပါတယ်။ ဧရိယာကန့်သတ်ထားခြင်းမရှိ၊အရေအတွက် ကန့်သတ်ထားခြင်းမရှိတဲ့ ကြီးမားတဲ့ Network တခုပါ။ မြို့တစ်မြို့နဲ့တစ်မြို့ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချိတ်ဆက်တည်ဆောက်ထားတဲ့ Network အမျိုးအစားဖြစ် ပါတယ်။ LAN တွေကို WAN အဖြစ် စုပေါင်းချိတ်ဆက်တဲ့နေရာမှာ Radio link, Sattelite link, Fibre Link တွေကို အဓိကပင်မ ဆက်ကြောင်း ( Backbone) အဖြစ် အသုံးပြုချိတ်ဆက်ပါတယ်။

ဒီနေ့ ကျွန်တော်တို့အသုံးပြုနေတဲ့ Internet ဟာ ကမ္ဘာပေါ်မှာ ချိတ်ဆက် မှု အများဆုံးပါဝင်တဲ့ WAN ကြီးတခုဖြစ်ပါတယ်။ Internet ဟာ public ဖြစ်ပြီး သူ့လောက် ဧရိယာ၊ အရေအတွက် မများတဲ့ အခြားသော Private WAN တွေလည်း ရှိပါတယ်။ ဥပမာ အနေနဲ့ corporation တခုဟာ နိုင်ငံအနှံ့မှာရှိတဲ့ သူ့ရဲ့ ရုံးခွဲတွေအတွက် Private WAN တွေကို သီးသန့် တည်ဆောက်နိုင် ပါတယ်။ LAN, MAN, WAN တွေနဲ့ ပါတ်သတ်ပြီး ပိုရှင်းအောင် ပုံလေးတွေနဲ့ ယှဉ်တွဲလေ့လာကြည့်ပါ။ အခုဆိုရင် Network အမျိုးအစားတွေနဲ့ အခြေခံ အကြောင်းလေးတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ နောက်တစ်ပါတ်ကစပြီး Network ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Device တွေအကြောင်း ဆက်ပြီး ရှင်ပြပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

TWH

Leave a Reply