အူဘာမီရန်ကို အာဆင်နယ်ခေါ်ပါက ဂီရော့စ် ကိုဒေါ့မန်သို့ အငှားပေးရဖွယ်ရှိနေ

0
176

ဇန်န၀ါရီ ၊ ၂၂ ၊ ၂၀၁၈

ဒေါ့မန်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီရန်ကို အာဆင်နယ်အသင်း အနေဖြင့် ခေါ်ယူပါက အာဆင်နယ်တိုက်စစ်မှူး ဂီရော့စ်ကို ဒေါမန်သို့ ရာသီကုန်အထိ အငှားပေးရဖွယ်ရှိနေကြောင်း ဂျာမန်အခြေစိုက် သတင်းများက သုံးသပ်နေကြပါတယ်။

အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာမနီသို့ ထွက်ခွာခဲ့ကြပြီး အူဘာမီရန်ရဲ့ အပြောင်းအရွှေ့အတွက် စေ့စပ်ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီရန်ကို ယူရို သန်း ၅၀နဲ့ ဈေးညှိနေခဲ့ကြတာဖြစ်ပါတယ်။ ဒေါ့မန်အသင်းက အူဘာမီရန်အတွက် ယူရို သန်း ၆၀ အလိုရှိနေပြီး အာဆင်နယ်တိုက်စစ်မှူး ဂီရော့စ်ကို ရာသီကုန်အထိ အငှားပေးမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို လျော့ပေးမယ်လို့ ဆိုထားပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဆန်းချက်ဇ်နဲ့ မန်ယူကွင်းလယ်လူ မစ်ခိတာရန်တို့ကို အလဲအထပ်ပြုလုပ်ပြီး အသင်းရဲ့တိုက်စစ်မှာ မစ်ခိတာရန် နဲ့ အူဘာမီရန်တို့ကို တွဲဖက်ကစားစေနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ခေါ်ယူထားတဲ့ အတွက် အူဘာမီရန်ရဲ့ ပြောင်းရွှေ့ကြေးအပေါ် ပေးချေနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

NN

Leave a Reply