မုဒိမ်းမှုပြစ်ဒဏ်မှ လွတ်မြောက်လာပါက ရော်ဘင်ဟိုကို တူရကီကလပ်တွင် မြင်တွေ့ရဖွယ်ရှိနေ

0
223

ဇန်န၀ါရီ ၂၂ ၊ ၂၀၁၈

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုဟာ အုပ်စုဖွဲ့ မုဒိမ်းမှုတစ်ခုကို ကျူးလွန်းမိတဲ့အတွက် ထောင်ဒဏ် ၉ နှစ် ကျခံရပြီး ပြန်လွတ်လာပါက ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မယ်လို့ သိရပါတယ်။

ရော်ဘင်ဟိုကို တူရကီကလပ် Sivasspor က ခေါ်ယူမှာ ဖြစ်ပါတယ်။
ရော်ဘင်ဟိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မုဒိမ်းမှုအတွက် အီတလီ တရားရုံးကနေ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံလိုက်ရသူ ဖြစ်ပါတယ်။

ရော်ဘင်ဟို ဟာ အေစီမီလန် အသင်းမှာ ကစားနေချိန် (၂၀၁၃) ခုနှစ်က မီလန်မြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓ္ဓမ ပြုကျင့်မှုမှာ ပါဝင်မှု နဲ့ အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

တရားရုံးရဲ့ ထုတ်ပြန်ချက်အရ အသက် (၃၃) နှစ်အရွယ် ရော်ဘင်ဟိုနဲ့အခြား ဘရာဇီး နိုင်ငံသား (၅) ဦးဟာ အယ်လ်ဘေးနီးယား နိုင်ငံသူ တစ်ဦးကို နိုက်ကလပ်တစ်ခုအတွင်း အရက်မူးအောင်တိုက်ပြီး အဓ္ဓမပြုကျင့်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ရော်ဘင်ဟိုဟာ အဆိုပါ ကိစ္စအတွက် တရားရုံးကို အယူခံလျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်က လွတ်မြောက်မယ်ဆိုရင်တော့ သူ့ကို တူရကီကလပ်မှာ မြင်ရဖို့ရှိနေပါတယ်။

တူရကီကလပ် Sivasspor အနေနဲ့ သူတို့ရဲ့ အသင်းဝက်ဘ်ဆိုက်က တဆင့် ရော်ဘင်ဟိုရဲ့ အပြောင်းအရွှေ့ကို ထုတ်ပြန်ကြေညာခဲ့ပြီး ရော်ဘင်ဟိုဟာ ဘရာဇီးကလပ် Atletico Mineiro ကနေ တူရကီကလပ်ကို လာရောက်ပူးပေါင်းမယ်လို့ ဆိုထားပါတယ်။

NN

Leave a Reply