ဗဟန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့၌ ငွေကျပ်သိန်းပေါင်း ၄၂၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

0
84

သြဂုတ် ၂၇

ပဉ္စမလှိုင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ မြန်မာပလာဇာရှေ့ လမ်းမပေါ်၌ သြဂုတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မသင်္ကာဖွယ် အမျိုးသားနှစ်ဦးအား ခေါ်ယူစစ်ဆေးရာ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ထွဋ်အောင်လွင်(ဘ)ဦးရဲထွဋ်နှင့် (၁)ရပ် ကွက်နေ ကြည်ခိုင်(ဘ)ဦးစိန် လွင်တို့နှစ်ဦးထံမှ ပန်းရောင်စိတ်ကြွဆေးပြား ၄၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀ သိန်းခန့်) ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသူနှစ်ဦးအား စိစစ်မေးမြန်း ချက်အရ မူးယစ်ဆေးဝါးများကို စမ်းချောင်းမြို့နယ်၊ လင်းလွန်း(မြောက်) ရပ်ကွက် နေ မအေးအေးဝင်း(ဘ)ဦးမောင်ဘခင်ထံမှ ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ပူးပေါင်း အဖွဲ့က မအေးအေးဝင်း၏ တိုက်ခန်းသို့ ရှာဖွေ ၀ရမ်းဖြင့် ၀င်ရောက်ရှာဖွေရာ တိုက်ခန်း အတွင်းမှ ပန်းရောင် စိတ်ကြွဆေးပြား ၁၆၈၄၀၀ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ပေါင်း ၄၂၀၀ ကျော်)နှင့်အတူ မအေးအေးဝင်းအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူများအား ဗဟန်းမြို့မ ရဲစခန်းနှင့် စမ်းချောင်းမြို့မ ရဲစခန်းတို့၌ တရား ဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Leave a Reply