ဝက်စ်ဟမ်းတိုက်စစ်မှူးကို မျက်စိကျနေတဲ့ ချယ်လ်ဆီးအသင်း

0
199

ဇန်န၀ါရီ ၂၂ ၊ ၂၀၁၈

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ၀က်စ်ဟမ်းအသင်းမှ တိုက်စစ်မှူး မာကို အနော်တိုဗစ်ကို ဇန်န၀ါရီ အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူနိုင်ရေးအတွက် အပြင်းအထန်ကြိုးစားနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇန်န၀ါရီဈေးကွက်မှာ မြောက်မြားစွာသော တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အဆိုပါ ကစားသမားတွေထဲမှာ ပီတာခရော့ ၊ အန်ဒရီ ကာရိုး ၊ အရှက်လေ ဘားနက် ၊ ဒီဇီကို စသဖြင့် နာမည်ကြီး ကစားတွေ ပါဝင်နေခဲ့ပါတယ်။ဒါပေမယ့်လည်း တစ်ယောက်မှ ရောက်လာခဲ့ခြင်း မရှိသေးပါဘူး။

ချယ်လ်ဆီးနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ တိုက်စစ်ကို မြှင့်တင်နိုင်ဖို့အတွက် ယခုအခါ ၀က်စ်ဟမ်း တိုက်စစ်မှူး အနော်တိုဗစ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အနော်တိုဗစ်ဟာ အထောင်တိုက်စစ် နေရာအတွက် အသင့်တော်ဆုံး ကစားသမားဖြစ်ပြီး လက်ရှိမှာ ၀က်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်နဲ့ အဆင်မပြေမှုတွေလည်း ရှိနေသူ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း အနေနဲ့ အနော်တိုဗစ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းမှာရှိနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘက်ရှုဝါရီကို အငှားစေလွှတ်ဖို့ရှိနေပါတယ်။

NN

Leave a Reply