ဗစ်တိုးရီးယားအမှု ကျောင်းမှ CCTV တာဝန်ခံအား စစ်ဆေးမည့် အချိန်တွင် ကွန်ပျူတာပုံးသာပါပြီး မှတ်တမ်းအချက်အလက်များ မပါရှိသည့် အတွက် ရုံးချိန်းအားပြန်လည်ရွေ့ဆိုင်း

0
84

သြဂုတ် ၂၈
ယဉ်ကေနွယ်

နေပြည်တော် သပြေကုန်း တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုတွင် Wisdom Hill ကျောင်းမှ CCTV တာဝန်ခံအား ယနေ့ တွင် စစ်ဆေးရန်အတွက် ရုံးတော်သို့ ခေါ်ဆောင်ခဲ့ရာ ကွန်ပျူတာပုံးသာ ပါလာပြီးမှတ်တမ်း အချက်အလက်များ မပါရှိသည့် အတွက် ယင်း တာဝန်ခံအား စစ်ဆေး ရန် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့သည်။

“စစ်ဖို့ဆိုပြီးလုပ်တဲ့ အခါမှာ ရုံးတော်ကိုလာတယ်။။ဒါပေမဲ့ CCTV မှတ်တမ်းနဲ့ ပတ်သက်တဲံ အချက်အလက်တွေ Hard Disk တု့ ဘာတု့ မပါလာပဲ ကွန်ပျူတာပုံးချည်းပဲ ပါလာတဲ့ အတွက် ကျွန်မတို့က မူရင်းသက်သေခံ ချက် မဟုတ်တဲ့ အတွက် စစ်ဆေးဖို့ အခက် အခဲရှိတဲ့ အတွက် မစစ်ဆေးပဲ နောက်တချိန်းကို ပြန်ချိန်းလိုက်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကပြောသည်။

ထိုသို့ ချိန်းဆိုလိုက်သော်လည်း မည်သည့် နေ့ ရက်တွင် စစ်ဆေးမှုများ လုပ်ဆောင်ကို မည်ကို တော့ မသိရှိရပေ။

ယနေ့ တွင် ကလေးငယ်လေး၏ အဘွားဖြစ်သူ ကို သာ စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့် ရုံးချိန်းက ကလေးငယ်လေး၏ ဖခင် တင်သွင်းခဲ့သည့် ဗွီဒီယို မှတ်တမ်းများအား ဖွင့်ပြ၍ စစ်ဆေးမှုလုပ်ဆောင်ခဲ့ရာမှာ ဥပဒေ အရာရှိမှ ခွင့်မပြုခဲ့၍ အနည်းငယ် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အဲ့ဒါကို ဒီကနေ့ကျတော့ သက်သေခံ အဖြစ် လက်မခံတဲ့ အတွက်ကြောင့် ဖိုင်တွေကို ပြပြီး မေးခွင့် မရှိဘူးဆိုပြီးကျတော့ ကန့်ကွက်တာပါ။ အဲ့မှာ ပြသနာက ထပ်ပြီးရှင်းရသလို ဖြစ်သွားတာပေါ့။ သို့သော် ဒေါ်ရွက်နုအောင်ကလည်း ဒီဥစ္စာ ကသွင်းထားပြီးသား ဖြစ်တယ်။။ မေးခွင့်ပြုသင့်တယ်လို့ပြောတယ်။ တရားသူကြီးကလည်းမေးခွင့်ပြုလိုက်တယ်။မေးခွင့်ပြုလိုက်တဲ့ ဒီဖိုင်တွေကလည်း ၀ိုးတိုးဝါးတာ မဟုတ်ပဲ သက်သေခံ အဖြစ်နဲ့ ဒီဖိုင်တွေကလည်း သေချာပေါက် လက်ခံပြိးသွားဖြစ်သွားတယ်။ အမိန့်ာ တစ်ခုကို အတိအလင်းချပေးလိုက်တော့ ပိုကောင်းသွားတာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

လက်ရှိတွင် တရားခံဟု ယူဆထားသည့် တရားခံ အောင်ကြီးကိုလည်း အာမခံရရှိနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ဦးခင်မောင်ဇော် ကပြောသည်။

လာမည့် ၆ ကြိမ်မြောက် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ တွင် လုပ်ဆောင်မည်ဖြစ်ပြီးယင်းနေ့ တွင်ဗစ်တိုးရီးယားလေးကို Videoconferencing ဖြင့် စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Videovconferencing စနစ်သည် ကလေးငယ်၏မျက်နှာအား တစ်ခုခုဖြင့် လုပ်ဆောင်ခြင်းမပြုရန်စစ်ဆေးခြင်း စွပ်စွဲခံရသူ၏မျက်နှာ အား ကလေးငယ်ကို Video ဖြင့်ပြသခြင်းးဖြစ် ပြီး အဆိုပါနည်းအား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ရှားပါးသည့် လုပ်ဆောင်မှုမျိုးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

စစ်ဆေးမှုမပြုလုပ်မီ ၂ ရက်အလိုမှာတော့ ကလေးငယ်အား တရားရုံးဖြင့် ရင်းနှီးမှု ရရှိစေရန်အတွက် ၎င်း ၏ သူငယ်ချင်းများနှင့် အတူ တရားရုံးသို့ လာရောက် ဆော့ကစားစေမည်ဖြစ်ကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့က နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စနှင့် ပတ်သက်၍ တရားခံဟု ယူဆသူ ယာဉ်မောင်းအောင်ကြီး ကို ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏ သီရိခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြိး ဇူလိုင်လ ၁၅ ရက်နေ့က ရုံးထုတ်စစ်ဆေးမှုများ စတင် လုပ်ဆောင်ခဲ့သည်။

Leave a Reply