PSG မှာဆေးစစ်တော့မယ့် အာဆင်နယ် ကစားသမားဟောင်း ဒိုင်အာရာ

0
182

ဇန်န၀ါရီ ၂၂ ၊ ၂၀၁၈

ပြင်သစ်လိဂ်ဝမ်းရဲ့ ငွေတွင်းကြီးလို့ အမည်ရတဲ့ PSG အသင်းဟာ ချယ်လ်ဆီး ၊ အာဆင်နယ် တို့မှာ ကစားခဲ့ဖူးတဲ့ ၀ါရင့်ပြင်သစ်ကွင်းလယ်လူ ဒိုင်အာရာကို ခေါ်ယူဖို့ ဆေးစစ်တော့မှာ ဖြစ်ပါတယ်။

ဒိုင်အာရာအနေနဲ့ PSG အသင်းမှာ ပါဝင်ကစားခွင့် ရတော့မယ်ဆိုရင်တော့ သူဟာ ဥရောပ ဘောလုံးလောကကို တကျော့ပြန် ခြေချနိုင်တော့မှာပဲ ဖြစ်ပါတယ်။သူဟာ ဒူးဒဏ်ရာကို ကာလကြာရှည်စွာ ခံစားနေရတဲ့အတွက် ဘောလုံးလောကကနေ အချိန်အတော်ကြာပျောက်ကွယ်နေခဲ့သူ ဖြစ်ပါတယ်။ ကာလအတိအကျပြောရရင်တော့ ၁၈ လနီးပါးခန့် ဆေးဝါးကုသမှုတွေကို ခံယူခဲ့ရပါတယ်။

PSG နည်းပြ အမ်မရီ အနေနဲ့ အားနည်းနေတဲ့ အသင်းရဲ့ ကွင်းလယ်အဖျက်နေရာအတွက် ကစားသမားတစ်ဦး ခေါ်ယူနိုင်ဖို့ ရှာဖွေနေခဲ့ပြီး ယခုအခါ မာဆေးအသင်းမှာ ကစားခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒိုင်အာရာကို ခေါ်ယူတော့မှာပဲ ဖြစ်ပါတယ်။

ဒိုင်အာရာဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ FA ဖလား ၊ လိဂ်ဖလား တို့ကို ၂၀၀၇ ခုနှစ်မှာ ချယ်လ်ဆီးနဲ့အတူ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ ပို့မောက်စ်အသင်းနဲ့အတူ FA ဖလားကို ရရှိထားဖူးပါတယ်။

NN

Leave a Reply