ASOCIO Smart City Award 2019 အတွက် မန္တလေးမြို့ကို ရွေးချယ်ဆုပေး

0
80

သြဂုတ် ၂၉
နိုင်လင်းဦး

Asian – Oceanian Computing Industry Organization (ASOCIO) က ပေးအပ်သည့် Smart City Award 2019 အတွက် မန္တလေးမြို့ကို ရွေးချယ်ဆုပေးခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။

အဆိုပါ ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ဆောင်ချက်များကြောင့် တိုးတက်ပြောင်းလဲမှုများကို အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

“ဘာလို့ပေးတာလဲဆိုရင် အာဆီယံမှာ ကျွန်တော်တို့မြို့ က စီးပွားရေးအတိုးတက်မှု အမြန်ဆုံးဆိုတဲ့ပုံစံပေါ့။ အဓိက ကတော့ စမတ်စီးတီးအဖြစ်ဆုံးဆိုတာထက် စမတ်စီးတီး ခြေလှမ်းကို အမြန်ဆုံးလှမ်းနိုင်တာပေါ့။´´ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဦးရဲမြတ်သူ က ပြောသည် ။

Asian – Oceanian Computing Industry Organization (ASOCIO) သည် ကွန်ပျူတာ စက်မှုလက်မှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ် ကတည်းက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စတင် ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့တွင် နိုင်ငံပေါင်း (၂၄) နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်ထားကြောင်း သိရသည် ။

Leave a Reply