အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ ၂၀၁၉ ခုနှစ် မကုန်မီတွင် ပြောင်းရွှေ့မည်ဟု အစ္စရေးရောက် အမေရိကန်ဒုတိယသမ္မတပြောဆို

0
152

တယ်လ်အဗီး ဇန်နဝါရီ ၂၃

အစ္စရေးနိုင်ငံ တယ်လ်အဗီးရှိ အမေရိကန်သံရုံးအား ၂၀၁၉ ခုနှစ် မကုန်မီတွင် ဂျေရုဆလင်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း အစ္စရေးသို့ရောက်ရှိနေသည့် အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်က ဇန်နဝါရီ ၂၂ ရက်တွင်ပြောဆိုခဲ့သည်။

ဂျေရုဆလင်သည် အစ္စရေး၏မြို့တော်ဖြစ်ပြီး သံရုံးပြောင်းရွှေ့မှုစတင်ရန် ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာအစောပိုင်းတွင်ပြောဆိုခဲ့သည်။ ဒုတိယသမ္မတပန့်စ်သည် အစ္စရေးလွှတ်တော်တွင်း အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ လွှတ်တော်တွင်းရှိ အာရပ်လွှတ်တော်အမတ်များက ဂျေရုဆလင်သည် ပါလက်စတိုင်းမြို့တော်ဖြစ်သည်ဆိုသည့် ကတ်ပြားကြီးများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းဆန္ဒထုတ်ဖော်မှုကို ပန့်စ်က လှုပ်ရှားသက်ဝင်သော ဒီမိုကရေစီစနစ်ကို မြင်တွေ့လိုက်ရပြီဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ သမ္မတမာမွတ်အဘ္ဘာစ်သည် ဒုတိယ သမ္မတ ပန့်စ်ကိုတွေ့ဆုံမည့်အစား ဘရပ်ဆဲလ်စ်သို့သွားရောက်ပြီး ပါလက်စတိုင်း အား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းနေပြီဖြစ်သည်။

အစ္စရေးက ဂျေရုဆလင်သည် ခွဲခြားလို့မရသည့် မြို့တော်ဖြစ်ကြောင်း ပြောဆိုထားပြီး ပါလက်စတိုင်းသားတို့ကလည်း အရှေ့ဂျေရုဆလင်သည် ၎င်းတို့၏အနာဂတ်နိုင်ငံတော်၏မြို့တော်ဖြစ်ကြောင်း မှတ်ယူထားသည်။

ဒုတိယသမ္မတပန့်စ်သည် သမ္မတထရမ့်၏ပြောဆိုမှုကို ခုခံပြောဆိုခဲ့ပြီး နှစ်ပေါင်း ၇၀ မှားနေသည့် အမှားကိုပြန်ပြင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ပြီခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည် စိတ်ကူးယဉ်ထက် မှန်ကန်ထက်အချက်အလက်ကို ရွေးချယ် လိုက်ပြီဖြစ်ကြောင်း ပန့်စ်ကပြောဆိုခဲ့သည်။

အနောက်ဂျေရုဆလင်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြုပြင်ပြောင်းလဲပြီး သံရုံးအဖြစ် ဖွင့်လှစ်လို့ရသောကြောင့် သံရုံးပြောင်းရွှေ့မှုကို ၂၀၁၉ ခုနှစ်မကုန်မီတွင် စတင်လုပ်ဆောင်လို့ဖြစ်နိုင်ကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦးက နယူးယောက်တိုင်းမ်သတင်းစာသို့ပြောဆိုခဲ့သည်။

ထို့ပြင် ပန့်စ်က ငြိမ်းချမ်းရေးကို ဆွေးနွေးမှသာရရှိနိုင်မည်ဖြစ်သောကြောင့် ပါလက်စတိုင်းခေါင်းဆောင်ပိုင်းအနေဖြင့် ဆွေးနွေးပွဲများတွင် ပြန်လည်ပါဝင်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ပန့်စ်၏ပြောဆိုမှုသည် အစွန်းရောက်များကို လက်ဆောင်ပေးမှုနှင့် ဆင်တူကြောင်း၊ အမေရိကန်သည် ပြဿနာဖြေရှင်းပေးနေခြင်းမဟုတ်ဘဲ ပြဿနာ၏တစ်စိတ်တစ်ပိုင်းဖြစ်နေပြီဖြစ်ကြောင်း ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့၏အတွင်းရေးမှူး ဆာယက်အဲရီကတ်ကပြောဆို ခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply