တောင်သမာန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ စာရွက် စာတန်းများ မီးရှို့ခံရ

0
84

သြဂုတ် ၃၁
နိုင်လင်းဦး

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးခန်းအတွင်းရှိ စာရွက်စာတမ်းအချို့ကို အမည်မသိ လူတစ်ဦးက သြဂုတ်လ ၃၁ ရက်နေ့ နံနက် နှစ်နာရီခန့်အချိန်က ဝင်ရောက်မီးရှို့ခံခဲ့ရကြောင်း သိရသည် ။

မီးရှို့သူမှာ ရုံးမှန်တံခါး ကို ရိုက်ခွဲ၍ အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အခန်းအတွင်းတွင် ဓာတ်ဆီပုံးတစ်ခုကိုတွေ့ခဲ့ရသည့်အပြင် ပတ်ဝန်းကျင်မှ မျက်မြင်တစ်ဦးကလည်း လူတစ်ဦးထွက်ပြေးသွားသည်ကို မြင်ကြောင်း သိရသည် ။

“မနေ့ညက စာရွက်စာတမ်းတွေ မီးရှို့သွားတယ်။ မှန်ကို ခွဲထားတာတွေတွေ့ရတယ် ။ ဒါကို မီးတွေဘာတွေ ညှိမ်းတော့ လူတစ်ဦးထွက်ပြေးသွားတာမြင်တယ်လို့ ပြောတယ်။ အမှုဖွင့်တာမဖွင့်တာတော့ အုပ်စုအုပ်ချုပ်ရေးက လုပ်မှာပါ။ ဖွင့်မယ်ထင်တယ်။´´ ဟု တောင်သမန်ကျေးရွာအုပ်စု ထန်းတောရွာဟအုပ်ချုပ်ရေးမှူး ဦးလှတိုးနိုင် က ပြောသည်။

အဆိုပါ မီးရှို့မှုကြောင့် အရေးကြီး စာရွက်စာတမ်းများ မီးလောင်ခြင်းမရှိခဲ့ပဲ ထောက်ခံစာပုံစံများနှင့် အရေးမကြီးသည့် စာရွက်စာတမ်းများ မီးလောင်သွားခဲ့ကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမရပူရမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသေးကြောင်း သိရသည် ။

Leave a Reply