ကယ်လီဖိုးနီးယားသင်္ဘောမီးလောင်မှုကြောင့် အလောင်း ၂၅ လောင်းပြန်တွေ့ထားတယ်လို့ ကမ်းခြေစောင့်ရဲတပ်ဖွဲ့အတည်ပြု

0
91

စက်တင်ဘာ ၃
နိုင်ငံတကာသတင်း

အပန်းဖြေရေငုပ်သမားတွေတင်လာပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ဘက်ကမ်းခြေက ကျွန်းတစ်ကျွန်းမှာကျောက်ချထားတဲ့သဘောင်္တစ်စင်း တနင်္လာနေ့ညပိုင်းကမီးလောင်ခဲ့လို့ အနည်းဆုံးလူ ၂၅ ယောက်သေဆုံးပြီး ၉ ယောက်ပျောက်ဆုံးနေပါတယ်။

လူ ၂၅ ယောက်သေဆုံးခဲ့ပြီး မီးလောင်ခဲ့တဲ့ကွန်ဆက်ပ်ရှင်သင်္ဘောရဲ့အမှုထမ်း ၆ ယောက်ထဲက ၅ ယောက်ကတော့ အသက်ကယ်လှေနဲ့ထွက်ပြေးခဲ့လို့ လွတ်မြောက်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ဗိုလ်မှူးကြီး မက်သရူး ခရိုးကပြောပါတယ်။

ပျောက်ဆုံးနေတဲ့လူတွေကို ဆက်ပြီးရှာနေတယ်လိုပလည်း အာဏာပိုင်တွေကပြောပါတယ်။

ဘာကြောင့် မီးလောင်သလဲဆိုတာကိုတော့ စုံစမ်းနေတုန်းပါ။

၇၅ ပေရှည်တဲ့သင်္ဘောဟာ ပစိဖိတ်သမုဒ္ဒရာထဲက ချန်နယ်ကျွန်းစုအမျိုးသားဥယျာဉ်ကို ၃ ရက်ကြာအပျော်စီးခရီးထွက်နေတာပါ။

လွတ်မြောက်သွားတဲ့ ၅ ယောက်ကို အနားမှာကျောက်ချထားတဲ့ဂရိတ်အက်စကိတ်ပ်သင်္ဘောက ကယ်ဆယ်ခဲ့ပြီး နှစ်ယောက်မှာ အသေးစားဒဏ်ရာတွေရှိနေပါတယ်။

သင်္ဘောပေါ်မှာအသက်ကယ်အင်္ကျီတွေဘယ်နားမှာရှိတယ်၊ ဘယ်လိုဝတ်ရမယ်၊ ၀င်ပေါက်ထွက်ပေါက်တွေ၊ မီးသတ်ဆေးဘူးတွေဘယ်နေရာမှာရှိတယ်ဆိုတာ သင်္ဘောအမှုထမ်းတွေကပြောပြကြတယ်လို့ သင်္ဘောပိုင်ရှင်ကပြောပါတယ်။

ကွန်ဆက်ပ်ရှင်သင်္ဘောကို ကမ္ဘာရေငုပ်စွန့်စားမှုအသင်းက ထောက်ခံပေးထားပြီး ၁၉၇၀ ပြည့်နှစ်တွေကတည်းက သွားလာနေတာလို့ သူတို့ရဲ့ဝက်ဘ်ဆိုက်မှာညွှန်းထားပါတယ်။

အခုနှစ်၊ ဖေဖော်ဝါရီနဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်မှာ ကမ်းခြေစောင့်တပ်ဖွဲ့ကစစ်ဆေးတော့လည်း ချို့ယွင်းချက်မရှိခဲ့ပါဘူး။

အခုမီးလောင်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ရမှာတော့ ဘေးကင်းလုံခြုံရေးချိုးဖောက်မှုတွေရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က စစ်ဆေးမှုမှာတော့ သင်္ဘောပိုင်ရှင်က အပူအာရုံခံကိရိယာကို အစားထိုးထားပြီး ၂၀၁၄ ခုနှစ်က စစ်ဆေးမှုမှာတော့ မီးသတ်ပိုက်ပေါက်နေတယ်လို့ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းချို့ယွင်းချက်တွေကို ပိုင်ရှင်တွေက ချက်ချင်းပြင်ဆင်ခဲ့ကြတယ်လို့လည်း မှတ်တမ်းတွေရှိပါတယ်။

Source-AP
#ဥက္ကာ
#TheFifthWaveNews
Photo- Ventura County Fire Department

Leave a Reply