ခြေ/ ဥ ပြင်ဆင်ရေးကော်မတီတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ ပါဝင်နေခြင်းကို ရှင်းပြ

0
13

စက်တင်ဘာ ၎
ယဉ်ကေနွယ်

ပြည်ထောင်စုလွှတ်တော် မှ ဖွဲ့စည်းပေးထားသည့် ၄၅ ဦးပါဝင်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီမှ မမှန်သည်များ လုပ်ဆောင်နေသည်မျိုးမဖြစ်ရအောင် ကြည့်ရှု့နိုင်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယင်းကော်မတီထဲတွင် ပါဝင်နေခြင်းသာ ဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်း အေးကပြောသည်။

“ဒီ ၄၅ ဦးကော်မတီ လုပ်ဆောင်နေချက်ကို တိုင်းရင်းသားပါတီ တွေနဲ့ NLD ပါတီနဲ့ အခြားအစု အဖွဲ့ တွေနဲ့ မဟုတ်တာ မမှန်တာ မဖြစ်ရအောင် ကြည့်ရှု့စောင့်ရှောက်တာပဲ ဖြစ်တယ်။ အဲ့မှာ ၀င်ပြီးတော့ ဆွေးနွေးတာလည်း မရှိဘူး။ မဲခွဲတာလည်း မရှိဘူး။အဲ့တော့ အလားအလာကလည်းပဲ အစကတည်းက ခန့်မှန်းထားသလိုပဲ ၄၅ ဦး ကော်မတီ စဖွဲ့ကတည်း က ပုံသဏ္ဍန်က မသင့်တော်ဘူးလို့ အန်ကယ်တို့က ဆွေးနွေးခဲ့တာကို ဆွေးနွေးချက်တွေကို ပစ်ပယ် ပြီးတော့ သူတို့ ဆုံးဖြတ်ထားတဲ့ အတိုင်းဆက်လုပ်သွားတာဖြစ်တဲ့ အတွက် ဒါကတော့ သူတို့ ရဲ့ သဘောထား သူတို့ရဲ့ အကြံပြုချက် သူတို့ရဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြိးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်ပြီးတော့ပဲ ရလဒ်က ဖြစ်လာမှာပါ”ဟု ဦးသောင်းအေး ကပြောသည်။

၄၅ ဦး ပါဝင်သည့် ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ မှ နှုတ်ထွက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ရခိုင်အမျိုးသားပါတီ မှ ကိုယ်စားလှယ် ၂ ဦးနှင့် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ မှ ကိုယ်စားလှယ် တို့မှ နုတ်ထွက်စာများ တင်ထားကြောင်းသိရသည်။

“အချက်ပေါင်း ၃၇၅၅ ချက် ဖြစ်ပေါ်လာကတည်းက NLD တင်တဲ့ အချက်က လွှဲလို့ ကျန်တာ မူကြမ်းထဲမှာ ပါလာမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးသား။ ဘာကြောင့်လဲ ဆိုတော့ ဒီ ၄၅ ဦးကော်မတီက မဲခွဲရင် ဘိုကင် အများဆုံးက NLD ပဲဖြစ်တယ်။ အခု ထွက်လာကြတာလည်း အဲ့ လုပ်ဆောင်ချက် အတိုင်း ဆက်လုပ်နေလို့ ။ တိုင်းရင်းသားပါတီတွေကလည်း သူတို့ လိုချင်တာ တင်ပြပေမဲ့ ပထမတော့ လိုချင်တာတင်ဆိုပြိး ဖိတ်ခေါ်လိုက်တဲ့ သဘောပဲ သို့သော် ဒါကို ပေးမယ် မပေးဘူးဆိုတာကတော့ ဟန်ပြသက်သက်ပဲ လို့ ဒီလိုပဲ မြင်ရတာ။ ဒါကြောင့် မိုံလို့ နားလည်တဲ့ လက်မခံနိုင်တဲ့ တိုင်းရင်းသားပါတီ တွေက ထွက်သွားကြတာပဲလေ”ဟု ဦးသောင်းအေး ကပြောသည်။

ထိုသို့ ပါတီများမှ နှုတ်ထွက်သွားခြင်းသည် ယူဆပုံ ခံယူချက်များကွဲလွှဲခြင်းကြောင့် နှုတ်ထွက်သွားသည်ဟု သာ မြင်ကြောင်း ဒီချုပ်ပါတီမှ ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် ကပြောသည်။

“ပြင်ချင်တဲ့ အတိုင်းအတာနဲ့ ပြင်သင့်တာ ပြင်နိုင်တာ ရဲ့ အတိုင်းအာကြားထဲမှာ ယူဆပုံ ခံယူကြပုံကတော့ ကွဲလွှဲနိုင်တယ်။ အဲ့ဒီကွာဟချက်တော့ ဖြစ်ပေါ်နိုင်တယ်။ဒီကွာဟချက် အပေါ်မှာ မူတည်ပြီးဖြစ်ပေါ်လာတဲ့ အဖြေပဲလို့ သုံးသပ်တယ်”ဟု ဦးအောင်ကြည်ညွှန့် ကပြောသည်။

၄၅ ဦးကော်မတီ သည် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ကော်မတီ ဖြစ်သည့် အတွက် နှုတ်ထွက်သွားသူများ ရှိသဖြင့် လွှတ်တော်နာယက ထံသို့ တင်ပြ၍ ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply