ဒိုင်ယာစီပင် အလုံး၄၀ သာသောက်ခဲ့ရင် သူအသက်ရှိမှာမဟုတ်တော့ဘူး လို့ပြောလိုက်တဲ့ရဲတိုက်

0
206

ရန်ကုန် ၊ ဇန်န၀ါရီ ၂၃ ၊ ၂၀၁၈

ဒိုင်ယာစီပင် အလုံး၄၀ သောက်လို့ဆေးရုံရောက်ရတာမဟုတ်ပါဘူးလို့ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်က သူရဲ့မိတ်ဆွေ Palae Si ရဲ့ Facebook စာမျက်နှာမှတဆင့် ယနေ့ နံနက်၁၁နာရီမှာ Liveလွှင့်တင်ကာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

“ပရိတ်သတ်ကြီးခင်ဗျာ။ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ အပြင်မီဒီယာတွေ မှာပြန့်နှံနေတဲ့ ဒိုင်ယာစီပင်အလုံး ၄၀ဆိုတဲ့ ကိစ္စ ကလည်းမဟုတ်ပါဘူး။ ဒိုင်ယာစီပင် အလုံးလေးဆယ်သာ သောက်လိုက်မယ်ဆိုရင် အခု အချိန်လောက်ဆိုကျွန်တော်အ သက်မရှိတော့ပါဘူး။ ဘာဖြစ်တာလဲ ဆိုတာသိချင်မယ်ထင်ပါတယ် မနေ့ကညကကျွန်တော်အလုပ်ပင်ပန်းလို့ အရက် ၂ပတ်လောက်ကျွန်တော်သောက်လိုက်တယ်။ သောက်ပြီးတော့ အစာနည်းနည်းမတည့်တာလေးတွေစားလိုက်တယ်။စ စားလိုက်ပြီး ဆေးပေါ့နော်။ကျွန်တော်သောက်နေကျဆေးလေးတွေသောက်လိုက်တယ်။ ပုံမှန်လည်းလုပ်နေကျပါပဲ။ ဒါပေမယ့်မနေ့ညက အစားမှားသွားတာ။ ဒါပေမယ့်တခုခုဘာမှားသွားတာလဲမသိဘူး Food Poisoning ဖြစ်ပါတယ်။ Food Poisoning ဖြစ်ပြီးတော့ ဗိုက်ကအောင့်လာတယ်။ တစ်ခါမှ ဗိုက်မအောင့်ဖူးဘူးလေ။ ဗိုက်ကမခံမရပ်နိုင်အောင် အောင့်လာတယ်။ အောင့်လာပြီးတော့ ကျွန်တော်ဘေးနားမှာ ရှိတဲ့သူတွေကို အကူအညီ တောင်းတော့ အားလုံးကလည်း တစ်ခုခုဖြစ်ရင်ဆေးရုံပို့ဖို့ပဲလေ။ ဒါကတော့ထုံးစံပဲလေ။ လောကကြီးမှာ တစ်ခုခုဖြစ်ရင် ဘာမှမတတ်ကျွမ်း ကိုယ်လည်းနားမ လည်ဘူးဆိုတော့ ကိုယ်လည်းနားလည်တဲ့ သူဆီ ပို့ပေးတဲ့သဘောပါပဲ”လို့ ရဲတိုက်ကသူ့ပရိတ်သတ်ကိုရှင်းလင်းခဲ့ပါ တယ်။

နေပြန်ကောင်းလာပြီဖြစ်တဲ့ရဲတိုက်က မနက်ဖြန်အတွက် အလုပ်ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ဆိုပြီး သတင်းအမှားများအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပရိတ်သတ်ထင်မြင်လွဲမှားမှုသည် သူ့အတွက် အရမ်းခံစားနေရတယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၂၂ရက်နေ့ က ပြည်တွင်းသတင်းမီဒီယာတစ်ခုတွင် သရုပ်ဆောင်ရဲတိုက်တစ်ယောက် ဒိုင်ယာစီပင်အလုံး ၄၀ သောက်ခဲ့လို့ ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီလို့ရေးသားခဲ့သည်။

ကိုဥာဏ်

ဓာတ်ပုံ – ရဲတိုက် PAGE

Leave a Reply