အီးယူကႏုတ္ထြက္မယ့္ေန႔ေနာက္ေ႐ႊ႕ဖို႔ထက္ ေျမာင္းထဲမွာပဲေသလိုက္မယ္လို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ေျပာ

0
88

စက္တင္ဘာ ၆
ႏိုင္ငံတကာသတင္း

ေအာက္တိုလဘာ ၃၁ ရက္မွာ ဥေရာပသမဂၢ(အီးယူ)ကႏုတ္ထြက္ဖို႔႐ွိေနတာကို ေနာက္ဆုတ္ဖို႔ထက္ ေျမာင္းထဲမွာပဲေသလိုက္မယ္လို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ဘိုးရစ္ ဂၽြန္ဆင္ကေျပာပါတယ္။

ဒါေပမဲ့ တကယ္လို႔ေ႐ႊ႕ဆိုင္းခဲ့ရရင္ ရာထူးကေနႏုတ္ထြက္မလားဆိုတာကိုေတာ့ မေျပာခဲ့ပါဘူး။

သေဘာတူညီခ်က္မ႐ွိဘဲ အီးယူကေနႏုတ္ထြက္မယ့္အေျခအေနအတြက္ ျပင္ဆင္ထားတယ္လို႔ ဂၽြန္ဆင္ကေျပာေပမဲ့ အတိုက္အခံေလဘာပါတီကေတာ့ သေဘာတူညီခ်က္မ႐ွိဘဲႏုတ္ထြက္တာကိုတားဖို႔က သူတို႔ရဲ႕ဦးစားေပးလို႔ ထုတ္ေျပာထားပါတယ္။

၀န္ႀကီးခ်ဳပ္ရဲ႕ညီဂ်ိဳ ဂၽြန္ဆင္ကေတာ့ ၾကာသပေတးေန႔အေစာပိုင္းမွာ အစိုးရအဖြဲ႔၀င္အျဖစ္ကေရာ၊ လႊတ္ေတာ္အမတ္အျဖစ္ကေရာကေနႏုတ္ထြက္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ဝိတ္ဖီးၿမိဳ႕ကရဲသင္တန္းေက်ာင္းတစ္ေက်ာင္းမွာ မိန္႔ခြန္းေျပာခ်ိန္မွာ ေအာက္တိုဘာ ၁၅ ရက္မွာက်င္းပေစခ်င္တယ္လို႔ သူေျပာထားတဲ့အေထြေထြေ႐ြးေကာက္ပြဲျဖစ္လာေစခ်င္တယ္လို႔လည္း ၀န္ႀကီးခ်ဳပ္ဂၽြန္ဆင္ကထပ္ေလာင္းေျပာဆိုပါတယ္။

အီးယူကႏုတ္ထြက္မယ့္ကိစၥဆက္ျဖစ္ေစဖို႔ဆိုရင္ ေ႐ြးေကာက္ပြဲလုပ္မွရမယ္လို႔လည္းေျပာပါတယ္။

ၿဗိတိန္ေအာက္လႊတ္ေတာ္က ေ႐ြးေကာက္ပြဲအျမန္က်င္းပဖို႔ ဂၽြန္ဆင္ရဲ႕အစီအစဥ္ကို ဗုဒၶဟူးေန႔မွာပယ္ခ်ခဲ့ပါတယ္။

တနလၤာေန႔မွာ ေ႐ြးေကာက္ပြဲေစာက်င္းပဖို႔အဆို ေနာက္တစ္ႀကိမ္ထပ္တင္သြင္းမယ္လို႔ အစိုးရကေၾကညာထားပါတယ္။

Source-BBC
#ဥကၠာ
#TheFifthWaveNews
Photo-UK Parliment

———————————————–

အီးယူကနုတ်ထွက်မယ့်နေ့နောက်ရွှေ့ဖို့ထက် မြောင်းထဲမှာပဲသေလိုက်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ပြော

စက်တင်ဘာ ၆
နိုင်ငံတကာသတင်း

အောက်တိုလဘာ ၃၁ ရက်မှာ ဥရောပသမဂ္ဂ(အီးယူ)ကနုတ်ထွက်ဖို့ရှိနေတာကို နောက်ဆုတ်ဖို့ထက် မြောင်းထဲမှာပဲသေလိုက်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဘိုးရစ် ဂျွန်ဆင်ကပြောပါတယ်။

ဒါပေမဲ့ တကယ်လို့ရွှေ့ဆိုင်းခဲ့ရရင် ရာထူးကနေနုတ်ထွက်မလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။

သဘောတူညီချက်မရှိဘဲ အီးယူကနေနုတ်ထွက်မယ့်အခြေအနေအတွက် ပြင်ဆင်ထားတယ်လို့ ဂျွန်ဆင်ကပြောပေမဲ့ အတိုက်အခံလေဘာပါတီကတော့ သဘောတူညီချက်မရှိဘဲနုတ်ထွက်တာကိုတားဖို့က သူတို့ရဲ့ဦးစားပေးလို့ ထုတ်ပြောထားပါတယ်။

ဝန်ကြီးချုပ်ရဲ့ညီဂျို ဂျွန်ဆင်ကတော့ ကြာသပတေးနေ့အစောပိုင်းမှာ အစိုးရအဖွဲ့ဝင်အဖြစ်ကရော၊ လွှတ်တော်အမတ်အဖြစ်ကရောကနေနုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။

ဝိတ်ဖီးမြို့ကရဲသင်တန်းကျောင်းတစ်ကျောင်းမှာ မိန့်ခွန်းပြောချိန်မှာ အောက်တိုဘာ ၁၅ ရက်မှာကျင်းပစေချင်တယ်လို့ သူပြောထားတဲ့အထွေထွေရွေးကောက်ပွဲဖြစ်လာစေချင်တယ်လို့လည်း ဝန်ကြီးချုပ်ဂျွန်ဆင်ကထပ်လောင်းပြောဆိုပါတယ်။

အီးယူကနုတ်ထွက်မယ့်ကိစ္စဆက်ဖြစ်စေဖို့ဆိုရင် ရွေးကောက်ပွဲလုပ်မှရမယ်လို့လည်းပြောပါတယ်။

ဗြိတိန်အောက်လွှတ်တော်က ရွေးကောက်ပွဲအမြန်ကျင်းပဖို့ ဂျွန်ဆင်ရဲ့အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာပယ်ချခဲ့ပါတယ်။

တနင်္လာနေ့မှာ ရွေးကောက်ပွဲစောကျင်းပဖို့အဆို နောက်တစ်ကြိမ်ထပ်တင်သွင်းမယ်လို့ အစိုးရကကြေညာထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-UK Parliment

Leave a Reply