မန္တလေးမြို့တွင်းက စည်းကမ်းပျက်ယာဉ် ၂၂၀၀၀ ကျော်အား အရေးယူထား

0
9

စက်တင်ဘာ ၉
နိုင်လင်းဦး

မန္တလေးမြို့အတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ စည်းကမ်းပျက်ယာဉ် ၂၂၆၈၀ ကျော်အား ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။

မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ (၄) ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (ယကက) စသည့်အဖွဲ့များပါဝင်သော ပူးပေါင်း အဖွဲ့ (၂) ဖွဲ့ စုစုပေါင်း အဖွဲ့(၆) ဖွဲ့တို့ဖြင့် နေ့စဉ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှ်သည် ။

“အခုလိုအရေးယူတယ်ဆိုတာ ကျွန်တော်တို့တွေ ဒဏ်ကြေးလိုချင်လို့မဟုတ်ပါဘူး။ အများပြည်သူ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ပိုမို လိုက်နာလာအောင်လို့ လုပ်တာပါ။´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည် ။

ယာဉ်​နှစ်​ထပ်​ရပ်​ခြင်း၊ယာဉ်​​ကြော​ပြောင်းပြန်​ရပ်​ခြင်းမီးပွိုင့်​နယ်​​မြေအတွင်းရပ်​ခြင်း တို့ကို ဒဏ်ငွေ (၅၀၀၀၀) ကျပ် ၊ ဖြူနီကျား၌ရပ်​ခြင်း၊ လမ်း​ဘေးမှ တစ်ပေထက်ပိုခွာ၍ရပ်​ခြင်း၊လူကူးမျဉ်းကျား၌ရပ်​ခြင်း၊ ယာဉ်​မရပ်​ရ​နေရာ၌ရပ်​ခြင်း၊လက်​​ဖောင်း​ပေါ်ပိတ်​ဆို့ရပ်​ခြင်း တို့ကို ဒဏ်ငွေ (၁၀၀၀၀) ကျပ်၊ စည်းကမ်း​ဖောက်​ဖျက်​သည့်​ယာဉ်​နှင့်​အတူ ယာဉ်​​မောင်းမရှိပါက Wheel Lock ခတ်​ဖမ်းဆီးကာ ယာဉ်​​မောင်းဆက်​သွယ်​လာလျှင်​ (၅၀၀၀၀) ကျပ်၊ အချိန်​ကြာမြှင့်​စွာရပ်​ခြင်း​၊ လမ်းပိ​တ်​ဆို့မှုဖြစ်​နိုင်​ခြင်း Wheel Lockခတ်​ထားသည့်​ယာဉ်​မှအဖွဲ့များစစ်​​ဆေးခြင်း​ပြီးဆုံးမည့်​အချိန်​အထိ ယာဉ်​​မောင်း ဆက်​သွယ်​လာခြင်းမရှိပါက ယာဉ်​အားTow Truck ဖြင့် ချိတ်​ဆွဲ​ရွှေ့ပြောင်းထိမ်းသိမ်းခြင်းအား စည်းကမ်းမဲ့ခြင်းအတွက် ဒဏ်ငွေ (၅၀၀၀၀) ကျပ် ၊ Tow Truckဖြင့် ဆွဲခြင်းအတွက်​ ဒဏ်ငွေ (၅၀၀၀၀) ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည် ။

၂၀၁၈ အောက်တိုဘာလ မှ ၂၀၁၉ ဩဂုတ်လအထိ Wheel lock ခတ်အရေးယူသည့်ယာဉ် (၄၃၈၅) စီး၊ Tow truck ဖြင့်ချိတ်ဆွဲရွှေ့ပြောင်းသည့်ယာဉ် (၁၄) စီး၊ ၃ တန်အထက် စည်းကမ်းဖောက်ဖျက်သည့်ယာဉ် (၈၀၃၃) စီး၊ ၃ တန်အောက် စည်းကမ်းဖောက်ဖျက်သည့်ယာဉ် (၁၀၁၇၆) စီး တို့ကို အရေးယူထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။

Leave a Reply