BPI စက်ရုံမှူးရုံထုတ်တွင် ဝန်ထမ်းအများအပြား လာရောက်ဝန်းရံ

0
5

စက်တင်ဘာ ၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခံထားရသော BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ် တရားရုံးကစက်တင်ဘာလ ၁၉ရက်နေ့ကို ရမာန်ပြန်ပေးခဲ့သည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူခြင်းမရှိခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပြီး နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်ဟု သိရသည်။

BPI ဆေးဝါးစက်ရုံ ဝန်ထမ်းများကလည်း “ကိုယ်ကျိုးမဖက် -BPI အတွက်ဆောင်ရွက်တဲ့ စက်ရုံမှူးကို ဝန်းရံဖို့ စက်ရုံဝန်ထမ်းများ” ဆိုသည့် စာသားများပါ စာရွက် ကိုင်ဆောင်ပြီး ဝန်ထမ်း ၁၀၀ကျော် လာရောက်ဝန်းရံခဲ့ကြသည်။

ဓာတ်ပုံ-Mar Naw(MPA)

#TheFifthWave

Leave a Reply