ေ႐ြးေကာက္ပြဲေစာလုပ္ဖို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ရဲ႕ဒုတိယအႀကိမ္ႀကိဳးစားမႈမေအာင္ျမင္၊ ၿဗိတိန္လႊတ္ေတာ္ကို သီတင္းပတ္ ၅ ပတ္ၾကာရပ္နားထားမည္

0
6

စက္တင္ဘာ ၉
ၾသဂုတ္ ၁၀

အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ ၿဗိတိန္၀န္ႀကီးခ်ဳပ္ဘိုးရစ္ ဂၽြန္ဆင္ရဲ႕တိုက္တြန္းမႈကို ၿဗိတိန္လႊတ္ေတာ္အမတ္ေတြက ေနာက္တစ္ႀကိမ္ထပ္ပယ္ခ်ခဲ့တဲ့ေနာက္ ၿဗိတိန္လႊတ္ေတာ္ ၅ ပတ္ၾကာရပ္ဆိုင္းထားတာစတင္ေနပါၿပီ။

ေ႐ြးေကာက္ပြဲေစာက်င္းပဖို႔ ဂၽြန္ဆင္ရဲ႕လုပ္ရပ္ကို ပယ္ခ်ဖို႔လိုအပ္တဲ့အမတ္ ၂၉၃ ေယာက္စလံုးကပယ္ခ်ခဲ့ပါတယ္။

ေအာက္တိုဘာမွာ ေ႐ြးေကာက္ပြဲလုပ္မွာကို မေထာက္ခံဘဲ သေဘာတူညီခ်က္မရဘဲ ဥေရာပသမဂၢ(အီးယူ)ကေနႏုတ္ထြက္တာကိုတားႏိုင္မယ့္ အရင္ဆံုးအေကာင္အထည္ေဖာ္ဖို႔ အေစာပိုင္းမွာ အတိုက္အခံအမတ္ေတြက အတည္ျပဳပါတယ္။

လႊတ္ေတာ္ကို တရား၀င္ရပ္နားထားၿပီး ေအာက္တိုဘာ ၁၄ ရက္မွာ လႊတ္ေတာ္ျပန္စမွာပါ။

အတိုက္အခံေလဘာပါတီအမတ္တခ်ိဳ႕ကလည္း လႊတ္ေတာ္ဥကၠ႒ဂၽြန္ ဘာကိုးကို တားဖို႔ႀကိဳးစားခဲ့ၾကပါတယ္။

လႊတ္ေတာ္ရပ္ဆိုင္းတာနဲ႔ သေဘာတူညီခ်က္မရဘဲႏုတ္ထြက္ဖို႔အစီအစဥ္ေတြကို အစိုးရဆက္သြယ္ေရးလမ္းေၾကာင္းေတြကေန ထုတ္ျပန္ဖို႔လည္း လႊတ္ေတာ္အမတ္ေတြက ေထာက္ခံခဲ့ပါတယ္။

သေဘာတူညီခ်က္မရဘဲႏုတ္ထြက္တာကိုတားတဲ့ဥပေဒကို မထီမဲ့ျမင္လုပ္ရင္ တရားဥပေဒအရရင္ဆိုင္ရႏိုင္တယ္လို႔လည္း ဂၽြန္ဆင္ကို သတိေပးခဲ့ၾကပါတယ္။

အစိုးရအေနနဲ႔ တရားဥပေဒအတိုင္းလိုက္နာၾကဖို႔ အတိုက္အခံေလဘာပါတီေခါင္းေဆာင္ဂ်ယ္ရမီ ေကာ္ဘင္ဦးေဆာင္တိုက္တြန္းတဲ့အဆိုကိုလည္း လႊတ္ေတာ္အမတ္ေတြက အတည္ျပဳခဲ့ပါတယ္။

အရင္ဥပေဒေတြအရ သေဘာတူညီခ်က္ရသည္ျဖစ္ေစ၊ မရသည္ျဖစ္ေစ ၿဗိတိန္ဟာ အီးယူကေန ေအာက္တိုဘာ ၃၁ ရက္မွာ ႏုတ္ထြက္ရမွာျဖစ္ၿပီး တနလၤာေန႔မွာ ဘုရင္မႀကီးအတည္ျပဳလိုက္တဲ့ဥပေဒသစ္အရ လႊတ္ေတာ္အမတ္ေတြက ေအာက္တိုဘာ ၁၉ ရက္ေနာက္ဆံုးထားၿပီး လႊတ္ေတာ္အမတ္ေတြက ခြင့္ျပဳတဲ့သေဘာတူညီခ်က္မရရင္ ႏုတ္ထြက္မယ့္ေန႔ကို ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီ ၃၁ ရက္အထိေနာက္ေ႐ႊ႕ဖို႔ ၀န္ႀကီးခ်ဳပ္က စီစဥ္ရမွာပါ။

Source-BBC
#ဥကၠာ
#TheFifthWaveNews
Photo-UK Parliment

————————————————

(Unicode)

ရွေးကောက်ပွဲစောလုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ဒုတိယအကြိမ်ကြိုးစားမှုမအောင်မြင်၊ ဗြိတိန်လွှတ်တော်ကို သီတင်းပတ် ၅ ပတ်ကြာရပ်နားထားမည်

စက်တင်ဘာ ၉
သြဂုတ် ၁၀

အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဗြိတိန်ဝန်ကြီးချုပ်ဘိုးရစ် ဂျွန်ဆင်ရဲ့တိုက်တွန်းမှုကို ဗြိတိန်လွှတ်တော်အမတ်တွေက နောက်တစ်ကြိမ်ထပ်ပယ်ချခဲ့တဲ့နောက် ဗြိတိန်လွှတ်တော် ၅ ပတ်ကြာရပ်ဆိုင်းထားတာစတင်နေပါပြီ။

ရွေးကောက်ပွဲစောကျင်းပဖို့ ဂျွန်ဆင်ရဲ့လုပ်ရပ်ကို ပယ်ချဖို့လိုအပ်တဲ့အမတ် ၂၉၃ ယောက်စလုံးကပယ်ချခဲ့ပါတယ်။

အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်မှာကို မထောက်ခံဘဲ သဘောတူညီချက်မရဘဲ ဥရောပသမဂ္ဂ(အီးယူ)ကနေနုတ်ထွက်တာကိုတားနိုင်မယ့် အရင်ဆုံးအကောင်အထည်ဖော်ဖို့ အစောပိုင်းမှာ အတိုက်အခံအမတ်တွေက အတည်ပြုပါတယ်။

လွှတ်တော်ကို တရားဝင်ရပ်နားထားပြီး အောက်တိုဘာ ၁၄ ရက်မှာ လွှတ်တော်ပြန်စမှာပါ။

အတိုက်အခံလေဘာပါတီအမတ်တချို့ကလည်း လွှတ်တော်ဥက္ကဋ္ဌဂျွန် ဘာကိုးကို တားဖို့ကြိုးစားခဲ့ကြပါတယ်။

လွှတ်တော်ရပ်ဆိုင်းတာနဲ့ သဘောတူညီချက်မရဘဲနုတ်ထွက်ဖို့အစီအစဉ်တွေကို အစိုးရဆက်သွယ်ရေးလမ်းကြောင်းတွေကနေ ထုတ်ပြန်ဖို့လည်း လွှတ်တော်အမတ်တွေက ထောက်ခံခဲ့ပါတယ်။

သဘောတူညီချက်မရဘဲနုတ်ထွက်တာကိုတားတဲ့ဥပဒေကို မထီမဲ့မြင်လုပ်ရင် တရားဥပဒေအရရင်ဆိုင်ရနိုင်တယ်လို့လည်း ဂျွန်ဆင်ကို သတိပေးခဲ့ကြပါတယ်။

အစိုးရအနေနဲ့ တရားဥပဒေအတိုင်းလိုက်နာကြဖို့ အတိုက်အခံလေဘာပါတီခေါင်းဆောင်ဂျယ်ရမီ ကော်ဘင်ဦးဆောင်တိုက်တွန်းတဲ့အဆိုကိုလည်း လွှတ်တော်အမတ်တွေက အတည်ပြုခဲ့ပါတယ်။

အရင်ဥပဒေတွေအရ သဘောတူညီချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဗြိတိန်ဟာ အီးယူကနေ အောက်တိုဘာ ၃၁ ရက်မှာ နုတ်ထွက်ရမှာဖြစ်ပြီး တနင်္လာနေ့မှာ ဘုရင်မကြီးအတည်ပြုလိုက်တဲ့ဥပဒေသစ်အရ လွှတ်တော်အမတ်တွေက အောက်တိုဘာ ၁၉ ရက်နောက်ဆုံးထားပြီး လွှတ်တော်အမတ်တွေက ခွင့်ပြုတဲ့သဘောတူညီချက်မရရင် နုတ်ထွက်မယ့်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိနောက်ရွှေ့ဖို့ ဝန်ကြီးချုပ်က စီစဉ်ရမှာပါ။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-UK Parliment

Leave a Reply