မီတာခႏႈန္းထားသစ္ေၾကာင့္ ျပည္သူမ်ား ေခြ်တာသံုးစြဲ၍ ဝန္ထုပ္ဝန္ပိုး မျဖစ္ခဲ့ဟုဆို

0
5

စက္တင္ဘာ ၁၀
ေဝေဝၿဖိဳး

မီတာခႏႈန္းထားအသစ္ေၾကာင့္ ျပည္သူမ်ား ခ်ိဳ႔ျခံ ေခၽြတာ သံုးခဲ့သည့္အတြက္ ဓာတ္အားခ ေပးေဆာင္ရာတြင္ ဝန္ထုတ္ဝန္ပိုး မျဖစ္ခဲ့ေၾကာင္း ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)မွ အေထြေထြမန္ေနဂ်ာ (ဘ႑ာေရး) ေဒၚစိုးစိုးႏြယ္က ေျပာသည္။

ယခုလ ၉ ရက္က YESC ရံုးခ်ဳပ္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၎ကေျပာၾကား ခဲ့ျခင္းျဖစ္သည္။

၂ ေပ မီးေခ်ာင္းတစ္ေခ်ာင္းကို မိနစ္ ၅၀ သံုးပါက တစ္ယူနစ္တက္ၿပီး ေရခဲေသတၱာ ၆ နာရီခြဲကို တစ္ယူနစ္ ၊ထမင္းေပါင္းအိုး၂ နာရီသံုးကို တစ္ယူနစ္၊ AIR CON ၁ နာရီသံုးကို တစ္ယူနစ္ ၊ လွ်ပ္စစ္မီးဖို မိနစ္ ၅၀ သံုးလ်ွင္ တစ္ယူနစ္ တက္ျခင္းျဖစ္သည္ဟုဆိုသည္။

” အဲ့ေတာ့ ျပည္သူေတြက တစ္ယူနစ္က်ဖို႔ဆိုရင္ ဒီေလာက္နာရီေတြ သံုးတယ္ဆိုတဲ့ အခါက်ေတာ့ အခုဆိုရင္ ခ်ိဳ႕ၿခံေခြၽတာၿပီးေတာ့ သံုးစြဲၾကပါတယ္။ အဲ့လိုခ်ိဳ႕ျခံေခၽြတာ သံုးစြဲတဲ့အတြက္ေၾကာင့္ က်သင့္တဲ့ မီတာခေတြကလည္း အမ်ားႀကီး မက်ေတာ့ဘူး။ အခုဆိုရင္ ကြၽန္မတို႔ကအစ အိမ္မွာ မီးေတြ လိုက္ပိတ္ၿပီးေတာ့ ေခၽြတာသံုးစြဲလာၿပီျဖစ္တဲ့ အတြက္ေၾကာင့္ မီတာခက အမ်ားႀကီးက်တာမ်ိဳး ဝန္ထုတ္ဝန္ပိုးျဖစ္တာမ်ိဳးမျဖစ္ဘူးလို႔ဆိုလိုတာပါ”ဟု ၄င္းကေျပာသည္။

အိမ္သံုးအမ်ိဳးအစား လ်ွပ္စစ္ဓာတ္အား သံုးစြဲသူမ်ား အေနျဖင့္ ဓာတ္အားေလ်ာ့ခ် သံုးစြဲခဲ့သည့္အတြက္ ဓာတ္အားခ ေပးေဆာင္ရာတြင္ ဝန္ထုပ္ဝန္ပိုး မျဖစ္ျခင္းျဖစ္သည္ဟုဆိုသည္။

အသစ္ေျပာင္းလဲေကာက္ခံသည့္ မီတာခႏႈန္းထား သစ္ေၾကာင့္ ရန္ကုန္တိုင္းအတြင္း သံုးစြဲယူနစ္ ၂၁ သန္းေက်ာ္ ေလ်ာ့နည္းခဲ့သည့္အျပင္ ယခင္လထက္ က်ပ္ ၃၆ ဘီလီယံ ပိုမို ေကာင္ခံရရိွခဲ့ေၾကာင္းသိရသည္။

ယင္းကဲ့သို႔ပိုမိုေကာက္ခံရရိွေသာ ဓာတ္အားခမ်ားသည္ အိမ္သံုးမဟုတ္သည့္ အမ်ိဳးအစား လ်ွပ္စစ္ဓာတ္အား သံုးစြဲသူ အမ်ားစုထံမွ ရရိွခဲ့ျခင္းျဖစ္ေၾကာင္း YESC မွ သိရသည္။

“မီတာခေတြ ေျပာင္းလဲျပင္ဆင္ လိုက္တဲ့အတြက္ သံုးစြဲသူေတြ ေလ်ာ့သြားပါတယ္။အရင္တုန္းက လွ်ပ္စစ္ဓာတ္အား ေပါေပါေလာေလာနဲ႔ သံုးတာေတြ ရိွပါတယ္။ဒီလိုျပင္ဆင္သတ္မွတ္လိုက္တဲ့အတြက္ အက်ိဳးအျမတ္ကေတာ့ ေျခြတာသံုးစြဲရမယ္။ စည္းစနစ္နဲ႔ သံုးစြဲရမယ္ဆိုတဲ့ အက်ိဳးေက်းဇူးရပါတယ္။”ဟု YESC ဥကၠဌ ဦးေမာင္ေမာင္လတ္ကေျပာသည္။

မီတာခ တိုးျမင့္ေကာက္ခံမႈေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ယခင္ထက္ နွစ္ဆေက်ာ္ မီတာခ ေပးေဆာင္ခဲ့ရသည့္ အတြက္ ေဝဖန္ေျပာဆိုမႈမ်ားရိွေနေသာ္လညး္ ႏိုင္ငံေတာ္အေနျဖင့္ ဆံုးရံႈးမႈ ဘီလီယံႏွင့္ခ်ီ ဆံုးရံႈးေန၍ မွ်မွ်တတ ျဖစ္ေစရန္ မျဖစ္မေန တုိးျမင့္ေကာက္ခံ ရျခင္းသာျဖစ္ၿပီး ဆင္းရဲ၊ခ်မ္းသာ အသံုးျပဳ သေလာက္သာ က်သင့္မွာျဖစ္သည့္အတြက္ ျပည္သူမ်ားအတြက္ ဝန္ထုတ္ဝန္ပိုး မျဖစ္ေစေၾကာင္း YESC ဒါရိုက္တာ အဖြဲ႔ဝင္ တစ္ဦးကေျပာသည္။

————————————————-

(Unicode)

မီတာခနှုန်းထားသစ်ကြောင့် ပြည်သူများ ချွေတာသုံးစွဲမှုကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဟုဆို

စက်တင်ဘာ ၁၀
ဝေဝေဖြိုး

မီတာခနှုန်းထားအသစ်ကြောင့် ပြည်သူများ ချို့ခြံ ချွေတာ သုံးခဲ့သည့်အတွက် ဓာတ်အားခ ပေးဆောင်ရာတွင် ဝန်ထုတ်ဝန်ပိုး မဖြစ်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အထွေထွေမန်နေဂျာ (ဘဏ္ဍာရေး) ဒေါ်စိုးစိုးနွယ်က ပြောသည်။

ယခုလ ၉ ရက်က YESC ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

၂ ပေ မီးချောင်းတစ်ချောင်းကို မိနစ် ၅၀ သုံးပါက တစ်ယူနစ်တက်ပြီး ရေခဲသေတ္တာ ၆ နာရီခွဲကို တစ်ယူနစ် ၊ထမင်းပေါင်းအိုး၂ နာရီသုံးကို တစ်ယူနစ်၊ AIR CON ၁ နာရီသုံးကို တစ်ယူနစ် ၊ လျှပ်စစ်မီးဖို မိနစ် ၅၀ သုံးလျှင် တစ်ယူနစ် တက်ခြင်းဖြစ်သည်ဟုဆိုသည်။

” အဲ့တော့ ပြည်သူတွေက တစ်ယူနစ်ကျဖို့ဆိုရင် ဒီလောက်နာရီတွေ သုံးတယ်ဆိုတဲ့ အခါကျတော့ အခုဆိုရင် ချို့ခြံချွေတာပြီးတော့ သုံးစွဲကြပါတယ်။ အဲ့လိုချို့ခြံချွေတာ သုံးစွဲတဲ့အတွက်ကြောင့် ကျသင့်တဲ့ မီတာခတွေကလည်း အများကြီး မကျတော့ဘူး။ အခုဆိုရင် ကျွန်မတို့ကအစ အိမ်မှာ မီးတွေ လိုက်ပိတ်ပြီးတော့ ချွေတာသုံးစွဲလာပြီဖြစ်တဲ့ အတွက်ကြောင့် မီတာခက အများကြီးကျတာမျိုး ဝန်ထုတ်ဝန်ပိုးဖြစ်တာမျိုးမဖြစ်ဘူးလို့ဆိုလိုတာပါ”ဟု ၎င်းကပြောသည်။

အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲသူများ အနေဖြင့် ဓာတ်အားလျော့ချ သုံးစွဲခဲ့သည့်အတွက် ဓာတ်အားခ ပေးဆောင်ရာတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်ခြင်းဖြစ်သည်ဟုဆိုသည်။

အသစ်ပြောင်းလဲကောက်ခံသည့် မီတာခနှုန်းထား သစ်ကြောင့် ရန်ကုန်တိုင်းအတွင်း သုံးစွဲယူနစ် ၂၁ သန်းကျော် လျော့နည်းခဲ့သည့်အပြင် ယခင်လထက် ကျပ် ၃၆ ဘီလီယံ ပိုမို ကောင်ခံရရှိခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ပိုမိုကောက်ခံရရှိသော ဓာတ်အားခများသည် အိမ်သုံးမဟုတ်သည့် အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲသူ အများစုထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း YESC မှ သိရသည်။

“မီတာခတွေ ပြောင်းလဲပြင်ဆင် လိုက်တဲ့အတွက် သုံးစွဲသူတွေ လျော့သွားပါတယ်။အရင်တုန်းက လျှပ်စစ်ဓာတ်အား ပေါပေါလောလောနဲ့ သုံးတာတွေ ရှိပါတယ်။ဒီလိုပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် အကျိုးအမြတ်ကတော့ ခြွေတာသုံးစွဲရမယ်။ စည်းစနစ်နဲ့ သုံးစွဲရမယ်ဆိုတဲ့ အကျိုးကျေးဇူးရပါတယ်။”ဟု YESC ဥက္ကဌ ဦးမောင်မောင်လတ်ကပြောသည်။

မီတာခ တိုးမြင့်ကောက်ခံမှုကြောင့် ပြည်သူများအနေဖြင့် ယခင်ထက် နှစ်ဆကျော် မီတာခ ပေးဆောင်ခဲ့ရသည့် အတွက် ဝေဖန်ပြောဆိုမှုများရှိနေသော်လည်း နိုင်ငံတော်အနေဖြင့် ဆုံးရှုံးမှု ဘီလီယံနှင့်ချီ ဆုံးရှုံးနေ၍ မျှမျှတတ ဖြစ်စေရန် မဖြစ်မနေ တိုးမြင့်ကောက်ခံ ရခြင်းသာဖြစ်ပြီး ဆင်းရဲ၊ချမ်းသာ အသုံးပြု သလောက်သာ ကျသင့်မှာဖြစ်သည့်အတွက် ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေကြောင်း YESC ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးကပြောသည်။

Leave a Reply