ဂ်ပန္ကို တိုင္ဖြန္းမုန္တိုင္းဖာဆိုင္း၀င္၊ လူတစ္ေယာက္ေသဆံုးၿပီး ၁၀ ေယာက္ေက်ာ္ဒဏ္ရာရ

0
3

စက္တင္ဘာ ၉
ႏိုင္ငံတကာသတင္း

ဂ်ပန္ႏိုင္ငံကို၀င္ေရာက္တဲ့အင္အားျပင္းတိုင္ဖြန္းမုန္တိုင္းေၾကာင့္ လူတစ္ေယာက္ေသဆံုးၿပီး ေနာက္ထပ္ ၁၀ ေယာက္ေက်ာ္ဒဏ္ရာရထားပါတယ္။

ေလေၾကာင္းခရီးစဥ္ ၁၀၀ ေက်ာ္ဖ်က္သိမ္းထားရၿပီး အိမ္ ၁ သန္းေက်ာ္မွာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ေနသလို အဓိကၿမိဳ႕ႀကီးေတြမွာ သြားရလာရခက္ေနပါတယ္။

တနလၤာေန႔မနက္ပိုင္းမွာ ကမ္း႐ိုးတန္းမွာ႐ွိတဲ့ခ်ီဘာၿမိဳ႕ကို တိုင္ဖြန္းမုန္တိုင္းဖာဆိုင္း၀င္ေရာက္ခဲ့လို႔ မိုးႀကီးခဲ့ၿပီး ေလတိုက္ႏႈန္းတစ္နာရီမိုင္ ၁၂၀ ေလာက္႐ွိခဲ့တယ္လို႔ ဂ်ပန္မိုးေလ၀သေအဂ်င္စီက ထုတ္ျပန္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ၿမိဳ႕ေတာ္တိုက်ိဳနားကိုေ႐ႊ႕လာၿပီး ပို႔ေဆာင္ေရးရပ္တန္႔သြားပါတယ္။

တိုက်ိဳက အဓိကရထားဘူတာ႐ံုေတြမွာ ရထားစီးသူေတြလွ်ံထြက္ေနၿပီး ရပ္ဆိုင္းထားတဲ့က်ည္ဆန္ရထားနဲ႔ ေျမေအာက္ရထားေတြကို ေစာင့္ဆိုင္းေနၾကပါတယ္။

မြန္းတည့္မတိုင္ခင္မွာ ရထားေတြပံုမွန္ျပန္ေျပးဆြဲေပမဲ့ ေနာက္က်ႏိုင္ေနတုန္းပါ။

မုန္တိုင္းမ၀င္ခင္မွာ မုန္တိုင္း၀င္ေရာက္မယ္၊ ေရႀကီး၊ ေျမၿပိဳႏိုင္တယ္ဆိုတာေတြကို ဂ်ပန္မိုးေလ၀သေအဂ်င္စီက ႀကိဳတင္သတိေပးထားၿပီး အျပင္မထြက္ၾကဖို႔လည္း လူေတြကို သတိေပးထားပါတယ္။

စီရင္စု ၃ ခုက လူ ၁၅၀၀၀၀ ေလာက္ကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းထားဖို႔ အာဏာပိုင္ေတြက အၾကံျပဳထားၿပီး ႀကိဳတင္ျပင္ဆင္ထားဖို႔လည္း လူ ၂ သန္းေလာက္ဆီ သတင္းပို႔ခဲ့ပါတယ္။

တနလၤာေန႔ေန႔လည္ပိုင္းမွာေတာ့ ေ႐ႊ႕ေျပာင္းမိန္႔အမ်ားစုကို ျပန္႐ုတ္သိမ္းထားၿပီး တိုက်ိဳပတ္၀န္းက်င္မွာလည္း မုန္တိုင္းသတိေပးခ်က္ျပန္႐ုတ္သိမ္းထားပါတယ္။

ဒါေပမဲ့ မုန္တိုင္း၀င္ႏိုင္ေသးတယ္ဆိုတာသတိရၾကဖို႔ ေဒသခံေတြကို တိုက်ိဳသဘာ၀ေဘးကာကြယ္ေရးစီမံခန္႔ခြဲမႈ႐ံုးက သတိေပးပါတယ္။

လက္႐ွိမွာ တိုင္ဖြန္းဖာဆိုင္းက ဂ်ပန္ႏိုင္ငံေျမာက္ဘက္ကို ဦးတည္ေ႐ႊ႕လ်ားသြားႏိုင္ၿပီး အဂၤါေန႔မွာ ပစိဖိတ္သမုဒၵရာဘက္ကို ဦးတည္ခ်ိန္မွာ ေလတိုက္ႏႈန္းတစ္နာရီ ၂၆ မိုင္ႏႈန္းနဲ႔အားေပ်ာ့သြားႏိုင္တယ္လို႔လည္း ဂ်ပန္မိုးေလ၀သေအဂ်င္စီက ခန္႔မွန္းပါတယ္။

Source-NHK, CNN
#ဥကၠာ
#TheFifthWaveNews
Photo-Kyodo News

———————————————–

ဂျပန်ကို တိုင်ဖွန်းမုန်တိုင်းဖာဆိုင်းဝင်လို့ လူတစ်ယောက်သေဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရထား

စက်တင်ဘာ ၉
နိုင်ငံတကာသတင်း

ဂျပန်နိုင်ငံကိုဝင်ရောက်တဲ့အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လူတစ်ယောက်သေဆုံးပြီး နောက်ထပ် ၁၀ ယောက်ကျော်ဒဏ်ရာရထားပါတယ်။

လေကြောင်းခရီးစဉ် ၁၀၀ ကျော်ဖျက်သိမ်းထားရပြီး အိမ် ၁ သန်းကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေသလို အဓိကမြို့ကြီးတွေမှာ သွားရလာရခက်နေပါတယ်။

တနင်္လာနေ့မနက်ပိုင်းမှာ ကမ်းရိုးတန်းမှာရှိတဲ့ချီဘာမြို့ကို တိုင်ဖွန်းမုန်တိုင်းဖာဆိုင်းဝင်ရောက်ခဲ့လို့ မိုးကြီးခဲ့ပြီး လေတိုက်နှုန်းတစ်နာရီမိုင် ၁၂၀ လောက်ရှိခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။

နောက်ပိုင်းမှာတော့ မြို့တော်တိုကျိုနားကိုရွှေ့လာပြီး ပို့ဆောင်ရေးရပ်တန့်သွားပါတယ်။

တိုကျိုက အဓိကရထားဘူတာရုံတွေမှာ ရထားစီးသူတွေလျှံထွက်နေပြီး ရပ်ဆိုင်းထားတဲ့ကျည်ဆန်ရထားနဲ့ မြေအောက်ရထားတွေကို စောင့်ဆိုင်းနေကြပါတယ်။

မွန်းတည့်မတိုင်ခင်မှာ ရထားတွေပုံမှန်ပြန်ပြေးဆွဲပေမဲ့ နောက်ကျနိုင်နေတုန်းပါ။

မုန်တိုင်းမဝင်ခင်မှာ မုန်တိုင်းဝင်ရောက်မယ်၊ ရေကြီး၊ မြေပြိုနိုင်တယ်ဆိုတာတွေကို ဂျပန်မိုးလေဝသအေဂျင်စီက ကြိုတင်သတိပေးထားပြီး အပြင်မထွက်ကြဖို့လည်း လူတွေကို သတိပေးထားပါတယ်။

စီရင်စု ၃ ခုက လူ ၁၅၀၀၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းထားဖို့ အာဏာပိုင်တွေက အကြံပြုထားပြီး ကြိုတင်ပြင်ဆင်ထားဖို့လည်း လူ ၂ သန်းလောက်ဆီ သတင်းပို့ခဲ့ပါတယ်။

တနင်္လာနေ့နေ့လည်ပိုင်းမှာတော့ ရွှေ့ပြောင်းမိန့်အများစုကို ပြန်ရုတ်သိမ်းထားပြီး တိုကျိုပတ်ဝန်းကျင်မှာလည်း မုန်တိုင်းသတိပေးချက်ပြန်ရုတ်သိမ်းထားပါတယ်။

ဒါပေမဲ့ မုန်တိုင်းဝင်နိုင်သေးတယ်ဆိုတာသတိရကြဖို့ ဒေသခံတွေကို တိုကျိုသဘာဝဘေးကာကွယ်ရေးစီမံခန့်ခွဲမှုရုံးက သတိပေးပါတယ်။

လက်ရှိမှာ တိုင်ဖွန်းဖာဆိုင်းက ဂျပန်နိုင်ငံမြောက်ဘက်ကို ဦးတည်ရွှေ့လျားသွားနိုင်ပြီး အင်္ဂါနေ့မှာ ပစိဖိတ်သမုဒ္ဒရာဘက်ကို ဦးတည်ချိန်မှာ လေတိုက်နှုန်းတစ်နာရီ ၂၆ မိုင်နှုန်းနဲ့အားပျော့သွားနိုင်တယ်လို့လည်း ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းပါတယ်။

Source-NHK, CNN
#ဥက္ကာ
#TheFifthWaveNews
Photo-Kyodo News

Leave a Reply