ADB ဘဏ္မွ ေဒၚလာ ၁၈၅ သန္း ေခ်းယူရန္ လႊတ္ေတာ္သို႔တင္ျပ

0
4

စက္တင္ဘာ ၉
ယဥ္ေကႏြယ္

ဆင္းရဲႏြမ္းပါးအိိမ္ေထာင္စုမ်ား၏အသက္ေမြးဝမ္းေက်ာင္းလုပ္ ငန္းမ်ားကို ဖြံ႔ၿဖိဳးလာေစေရးအပါအဝင္ အျခားေသာ အခ်က္မ်ားစြာ အ တြက္ ADB ဘဏ္မွ အေမရိကန္ေဒၚလာ ၁၈၅ သန္း ေခ်းယူႏိုင္ရန္ အတြက္ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးသို႔ ႔ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေက်ာ္ ကတင္ျပခဲ့သည္။

” စီမံကိန္းအ ေကာင္အထည္ေဖာ္ေဆာင္ရြက္ၿခင္းအားၿဖင့္ သဘာ ဝေဘးအႏၱရာယ္ခံနုိင္တဲ့ ေက်းရြာအေၿခခံအေဆာက္အအံုမ်ား ဖြံ႔ၿဖိဳးလာၿခင္း၊ ဆင္းရဲႏြမ္းပါးတဲ့ အိိမ္ေထာင္စုမ်ား ရဲ့ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားကို ဖြံ႔ၿဖိဳးလာၿခင္းနဲ႔ မိသားစုဝင္ေငြတိုးပြားလာၿခင္း၊ ေက်းရြာကုန္ထုတ္ လုပ္ငန္းမ်ားတုိးတက္လာၿခင္း၊ အစုိးရအဖြဲ႔အစည္းမ်ားနဲ႔ ေက်းလတ္ေနၿပည္သူမ်ားရဲ့ သဘာဝေဘးအႏၱရာယ္ ရင္ဆုိင္တုန္႔ၿပန္ႏုိင္တဲ့ စြမ္းေဆာင္ရည္ၿမင့္မားလာၿခင္း စတဲ့ အက်ိဳးရလဒ္မ်ား ခံစားရရန္ရည္ရြယ္ထားပါတယ္။ ”ဟု ဦးလွေက်ာ္ က ႐ွင္းလင္းေျပာၾကားခဲ့သည္။

စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ ဧရိယာမ်ားမွာ ခ်င္းၿပည္နယ္တြင္ ဟားခါး၊ ဖလန္း၊ တီးတိန္၊ ထန္တလန္ (၄) ၿမိဳ႕နယ္၊ စစ္ကုိင္းတုိင္းေဒသၾကီးတြင္ ကေလးဝ၊ ေမာ္လုိက္၊ မင္းကင္း၊ ေဖာင္းၿပင္ (၄) ၿမိဳ႕နယ္၊ နာဂကုိယ္ပုိင္အုပ္ ္ခ်ဳပ္ခြင့္ရေဒသတြင္ ေလရွီး၊ လဟယ္၊ နန္းယြန္း (၃) ၿမိဳ႕နယ္၊ တနသၤာရီတုိင္းေဒသၾကီး တြင္ သရက္ေခ်ာင္း၊ ေရၿဖဴ၊ ေလာင္းလံု (၃) ၿမိဳ႕နယ္ႏွင့္ ဧရာဝတီတုိင္းေဒသၾကီးတြင္ ဘုိကေလး၊ ဖ်ာပံု၊ လပြတၱာ (၃) ၿမိဳ႕နယ္ စုစုေပါင္း ၁၇ ၿမိဳ႕နယ္ တို႔ပါဝင္သည္။

စီမံကိန္းၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာရွိ ေက်းရြာ ၂၉၄၂ ရြာမွ ေက်းလက္လူဦးေရ ၁.၈၁ သန္းကုိ အက်ိဳး ၿပဳေစမည္ျဖစ္ၿပီး ေဒသခံလူငယ္ ၁၃၉၅ ဦးကုိ စီမံကိန္းတြင္ လူထုစည္းရံုးေရးမႈးမ်ားအၿဖစ္ ခန္႔အပ္တာဝန္ေပး ၿခင္းေၾကာင့္ အလုပ္အကုိင္အခြင့္အလမ္းမ်ားလည္း ရရွိေစမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေခ်းေငြ၏ ဆိုင္းငံကာလသည္ ႐ွစ္ႏွစ္ျဖစ္ၿပီး ျပန္ဆပ္ကာလသည္ ၂၄ ႏွစ္ျဖစ္ၿပီး စုစုေပါင္း ေခ်းေငြကာလသည္ ၃၂ ႏွစ္ျဖစ္ရာ အတိုးႏႈန္းသည္ဆိုင္းငံ့ကာလ ႐ွစ္ႏွစ္အတြင္း ၁ ရာခိုင္ႏႈန္းသာျဖစ္ၿပီး ျပန္ဆပ္ကာလတြင္ ၁ ဒသမ ၅ ရာခိုင္ႏႈန္းသာျဖစ္မည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း က႐ွင္းလင္းေျပာၾကားခဲ့သည္။

၎ ေခ်းေငြကိစၥႏွင့္ပတ္သက္၍ ေဆြးေႏြးလိုသည့္ ကိုယ္စားလွယ္မ်ား႐ွိပါက ၁၁ရက္ေန႔ ညေန၄နာရီေနာက္ဆံုးထားကာ လႊတ္ေတာ္ ၫႊန္ၾကားေရးမႉးခ်ဳပ္ထံ အမည္စာရင္းေပးသြင္းရ မည္ျဖစ္ေၾကာင္း လႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့သည္။

——————————————–

(Unicode)

ADB ဘဏ်မှ ဒေါ်လာ ၁၈၅ သန်း ချေးယူရန် လွှတ်တော်သို့တင်ပြ

စက်တင်ဘာ ၉
ယဉ်ကေနွယ်

ဆင်းရဲနွမ်းပါးအိမ်ထောင်စုများ၏အသက်မွေးဝမ်းကျောင်းလုပ် ငန်းများကို ဖွံ့ဖြိုးလာစေရေးအပါအဝင် အခြားသော အချက်များစွာ အ တွက် ADB ဘဏ်မှ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးယူနိုင်ရန် အတွက် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ကတင်ပြခဲ့သည်။

” စီမံကိန်းအ ကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် သဘာ ဝဘေးအန္တရာယ်ခံနိုင်တဲ့ ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုများ ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဖွံ့ဖြိုးလာခြင်းနဲ့ မိသားစုဝင်ငွေတိုးပွားလာခြင်း၊ ကျေးရွာကုန်ထုတ် လုပ်ငန်းများတိုးတက်လာခြင်း၊ အစိုးရအဖွဲ့အစည်းများနဲ့ ကျေးလတ်နေပြည်သူများရဲ့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုန့်ပြန်နိုင်တဲ့ စွမ်းဆောင်ရည်မြင့်မားလာခြင်း စတဲ့ အကျိုးရလဒ်များ ခံစားရရန်ရည်ရွယ်ထားပါတယ်။ ”ဟု ဦးလှကျော် က ရှင်းလင်းပြောကြားခဲ့သည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ဧရိယာများမှာ ချင်းပြည်နယ်တွင် ဟားခါး၊ ဖလန်း၊ တီးတိန်၊ ထန်တလန် (၄) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ဖောင်းပြင် (၄) မြို့နယ်၊ နာဂကိုယ်ပိုင်အုပ် ်ချုပ်ခွင့်ရဒေသတွင် လေရှီး၊ လဟယ်၊ နန်းယွန်း (၃) မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး တွင် သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံ (၃) မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ (၃) မြို့နယ် စုစုပေါင်း ၁၇ မြို့နယ် တို့ပါဝင်သည်။

စီမံကိန်းမြို့နယ် ၁၇ မြို့နယ်မှာရှိ ကျေးရွာ ၂၉၄၂ ရွာမှ ကျေးလက်လူဦးရေ ၁.၈၁ သန်းကို အကျိုး ပြုစေမည်ဖြစ်ပြီး ဒေသခံလူငယ် ၁၃၉၅ ဦးကို စီမံကိန်းတွင် လူထုစည်းရုံးရေးမှုးများအဖြစ် ခန့်အပ်တာဝန်ပေး ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေ၏ ဆိုင်းငံကာလသည် ရှစ်နှစ်ဖြစ်ပြီး ပြန်ဆပ်ကာလသည် ၂၄ နှစ်ဖြစ်ပြီး စုစုပေါင်း ချေးငွေကာလသည် ၃၂ နှစ်ဖြစ်ရာ အတိုးနှုန်းသည်ဆိုင်းငံ့ကာလ ရှစ်နှစ်အတွင်း ၁ ရာခိုင်နှုန်းသာဖြစ်ပြီး ပြန်ဆပ်ကာလတွင် ၁ ဒသမ ၅ ရာခိုင်နှုန်းသာဖြစ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကရှင်းလင်းပြောကြားခဲ့သည်။

၎င်း ချေးငွေကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ၁၁ရက်နေ့ ညနေ၄နာရီနောက်ဆုံးထားကာ လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းရ မည်ဖြစ်ကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

Leave a Reply