ေရသိုေလွာင္မႈ နည္းပါးေနသည့္အတြက္ သီးႏွံပံုစံအတြဲကို ေျပာင္းလဲ စိုက္ပ်ိဳးၾကရန္ တိုက္တြန္းထား

0
5

စက္တင္ဘာ ၁၀
ေဝေဝၿဖိဳး

သဖန္းဆိပ္၊ ကင္းတား၊ ဆည္ေတာ္ႀကီး၊ ၿမိဳ႕ႀကီး စသည့္ ဘက္စံု ေရသိုေလွာင္တမံႀကီးမ်ားတြင္ ေရသိုေလွာင္မႈ နည္းပါးေနသည့္အတြက္ ယခုမိုးရာသီအကုန္ ေႏြစပါးနွင့္ အျခားသီးႏွံမ်ား စိုက္ပ်ိဳးရာတြင္ ေရလိုအပ္ခ်က္ နည္းပါးေသာ သီးႏွံပံုစံအတြဲကို ေျပာင္းလဲ စိုက္ပ်ိဳးၾကရန္ ေတာင္သူမ်ားကိုစိုက္ပ်ိဳးေရး ၊ေမြးျမဴေရးနွင့္ဆည္ေျမာင္း ဝန္ႀကီးဌာနက အႀကံျပဳ တိုက္တြန္းထားသည္။

ယခုနွစ္မိုးရာသီအကုန္၌ ေရေလွာင္တမံမ်ားတြင္ ေရဝင္ေရာက္မႈနွင့္ သိုေလွာင္ထားနိုင္မႈ အေျခအေနမ်ား အေပၚမူတည္၍ ေႏြစပါးနွင့္ အျခားသီးနွံ စိုက္ပ်ိဳးရာသီတြင္ ေရလိုအပ္ခ်က္နည္းေသာ သီးနွံပံုစံအတြဲကို ေျပာင္းလဲစိုက္ပ်ဳိးရန္ လိုအပ္လာပါက ေတာင္သူလယ္သမားမ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္ စိုက္ပ်ဳိးေရးညႇိနွိုင္းမႈအဖြဲ႕မ်ားနွင့္ ႀကိဳတင္ညႇိနွိုင္း ေဆြးေႏြး စီမံေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း သိရသည္။

မိုးစပါး စိုက္ပ်ိဳးေရေပးေဝေနရသည့္ ေရေလွာင္တမံ မ်ားတြင္ လက္ရွိ ေရဝင္ေရာက္မႈ ေလ်ာ့နည္းေနသည့္ အေျခအေနအရ စိုက္ပ်ိဳးေရ ရယူသံုးစြဲလ်က္ရွိေသာ ေတာင္သူလယ္သမားမ်ားအေနျဖင့္ ဆည္ေရကို အထူးၿခိဳးျခံေခြၽတာၿပီး အေလအလြင့္မရွိေအာင္ ရယူသံုးစြဲၾကရန္ ၊ေရေသာက္ေတာင္သူအခ်င္းခ်င္း ညီၫႊတ္မ်ွတသည့္ စိတ္ဓာတ္ျဖင့္ ဌာနမွ သက္မွတ္ထားသည့္ ေရလွည့္ဇယားမ်ားအတိုင္း လိုက္နာေဆာင္႐ြက္ၾကရန္နွင့္ စိုက္ပ်ိဳးေရး အခက္အခဲမ်ား ျဖစ္ေပၚပါက သက္ဆိုင္ရာေဒသရွိ ဆည္ေျမာင္းနွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရး ဦးစီးဌာနမွ တာဝန္ခံဝန္ထမ္းမ်ား နွင့္ ဆက္သြယ္ၿပီး ညႇိနွိုင္းစီမံ ေဆာင္႐ြက္ၾကရန္ ေၾကညာထားသည္။

စိုက္ပ်ိဳးေရ ေပးေဝနိုင္ေရးအတြက္ ရည္႐ြယ္ တည္ေဆာက္ထားသည့္ ေရေလွာင္တမံမ်ားတြင္ ယခုနွစ္မိုးရာသီ၌ ေရဝင္ေရာက္မႈ နည္းပါးလ်က္ရွိၿပီး အထူးသျဖင့္ စိုက္ပ်ိဳးေရ ေပးေဝျခင္းအျပင္ ေရအားလ်ွပ္စစ္ပါ တြဲဖက္ထုတ္လုပ္လ်က္ရွိေသာ သဖန္းဆိပ္၊ ကင္းတား၊ ဆည္ေတာ္ႀကီး၊ ၿမိဳ႕ႀကီး စသည့္ ဘက္စံု ေရသိုေလွာင္တမံႀကီးမ်ားတြင္ တမံအတြင္း ေရေလွာင္ပမာဏမ်ားမွာ ယခင္နွစ္ကာလတူ ပမာဏမ်ားနွင့္ နွိုင္းယွဥ္လ်ွင္ မ်ားစြာ ေလ်ာ့နည္းလ်က္ ရွိေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

အဆိုပါေရေလွာင္တမံႀကီးမ်ားမွာ လက္ရွိတြင္ မိုးစပါးစိုက္ပ်ိဳးေရ ေပးေဝလ်က္ရွိၿပီး ေဒသတြင္း ေသာက္သံုးေရလည္း လိုအပ္သလို ေပးေဝလ်က္ ရိွေၾကာင္း သိရသည္။

ထိုကဲ့သို႔ ေရေလွာင္ပမာဏမ်ား ေလ်ာ့နည္းေနမႈ အေျခေနမ်ားအရ မိုးေကာင္းေသာက္ဧရိယာ မဟုတ္ေသာ ေဒသမ်ားတြင္ မိုးစပါးစိုက္ပ်ိဳးေရ ေပးေဝရသည့္ ေရေလွာင္တမံမ်ားအေနျဖင့္ နွစ္စဥ္လ်ာထားစိုက္ပ်ိဳးသည့္ မိုးစပါးစိုက္ဧက မ်ားေပၚတြင္ စိုက္ပ်ိဳးေရကို အထူးၿခိဳးျခံေခြၽတာၿပီး အေလအလြင့္မရွိ အနည္းဆံုးပမာဏျဖင့္ ေပးေဝနိုင္ရန္အတြက္ စိုက္ခင္းအတြင္း ေရစီမံခန္႔ခြဲမႈလုပ္ငန္းမ်ားကို ဆည္ေျမာင္းနွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရး ဦးစီးဌာန မွ ဝန္ထမ္းမ်ားအေနျဖင့္ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ား ေရေသာက္ေတာင္သူမ်ားနွင့္ပူးေပါင္း၍ စီမံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။

မိုးစပါးေအာင္ေရအထိ စိုက္ပ်ိဳးေရေပးေဝၿပီးေနာက္တြင္ တမံအတြင္း က်န္ရွိသိုေလွာင္ေရပမာဏအေပၚမူတည္၍ ေဒသေသာက္သံုးေရ လိုအပ္ခ်က္ကို ဦးစားေပး လ်ာထားၿပီးမွ ေႏြးစပါးနွင့္အျခားသီးနွံ စိုက္ပ်ိဳးေရ ေပးေဝမည့္ ဧကမ်ားကို လ်ာထားစီမံ သြားရမည္ျဖစ္သည္။

—————————————–

(Unicode)

ရေသိုလှောင်မှု နည်းပါးနေသည့်အတွက် သီးနှံပုံစံအတွဲကို ပြောင်းလဲ စိုက်ပျိုးကြရန် တိုက်တွန်းထား

စက်တင်ဘာ ၁၀
ဝေဝေဖြိုး

သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စသည့် ဘက်စုံ ရေသိုလှောင်တမံကြီးများတွင် ရေသိုလှောင်မှု နည်းပါးနေသည့်အတွက် ယခုမိုးရာသီအကုန် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် ရေလိုအပ်ချက် နည်းပါးသော သီးနှံပုံစံအတွဲကို ပြောင်းလဲ စိုက်ပျိုးကြရန် တောင်သူများကိုစိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက အကြံပြု တိုက်တွန်းထားသည်။

ယခုနှစ်မိုးရာသီအကုန်၌ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်ထားနိုင်မှု အခြေအနေများ အပေါ်မူတည်၍ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရာသီတွင် ရေလိုအပ်ချက်နည်းသော သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်လာပါက တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်း ဆွေးနွေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

မိုးစပါး စိုက်ပျိုးရေပေးဝေနေရသည့် ရေလှောင်တမံ များတွင် လက်ရှိ ရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေ ရယူသုံးစွဲလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့် ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိအောင် ရယူသုံးစွဲကြရန် ၊ရေသောက်တောင်သူအချင်းချင်း ညီညွှတ်မျှတသည့် စိတ်ဓာတ်ဖြင့် ဌာနမှ သက်မှတ်ထားသည့် ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေး အခက်အခဲများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများ နှင့် ဆက်သွယ်ပြီး ညှိနှိုင်းစီမံ ဆောင်ရွက်ကြရန် ကြေညာထားသည်။

စိုက်ပျိုးရေ ပေးဝေနိုင်ရေးအတွက် ရည်ရွယ် တည်ဆောက်ထားသည့် ရေလှောင်တမံများတွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှု နည်းပါးလျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးရေ ပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသော သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စသည့် ဘက်စုံ ရေသိုလှောင်တမံကြီးများတွင် တမံအတွင်း ရေလှောင်ပမာဏများမှာ ယခင်နှစ်ကာလတူ ပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာ လျော့နည်းလျက် ရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါရေလှောင်တမံကြီးများမှာ လက်ရှိတွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ဒေသတွင်း သောက်သုံးရေလည်း လိုအပ်သလို ပေးဝေလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ရေလှောင်ပမာဏများ လျော့နည်းနေမှု အခြေနေများအရ မိုးကောင်းသောက်ဧရိယာ မဟုတ်သော ဒေသများတွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေရသည့် ရေလှောင်တမံများအနေဖြင့် နှစ်စဉ်လျာထားစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက များပေါ်တွင် စိုက်ပျိုးရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံးပမာဏဖြင့် ပေးဝေနိုင်ရန်အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန မှ ဝန်ထမ်းများအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ ရေသောက်တောင်သူများနှင့်ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေပေးဝေပြီးနောက်တွင် တမံအတွင်း ကျန်ရှိသိုလှောင်ရေပမာဏအပေါ်မူတည်၍ ဒေသသောက်သုံးရေ လိုအပ်ချက်ကို ဦးစားပေး လျာထားပြီးမှ နွေးစပါးနှင့်အခြားသီးနှံ စိုက်ပျိုးရေ ပေးဝေမည့် ဧကများကို လျာထားစီမံ သွားရမည်ဖြစ်သည်။

Leave a Reply