မူးၿပီးရမ္းကားသူကို အိမ္ျပန္ရန္ေျပာသည့္ ရာအိမ္မွဴး ဓါး ခုတ္ခံရ

0
84

စက္တင္ဘာ ၆
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ ႔နယ္ ေညာင္ကြဲရပ္ကြက္တြင္ အရက္ေသာက္စား မူးယစ္ေနသူကို အိမ္ျပန္ရန္ေျပာသည့္ ရာအိမ္မွဴး ဓါးျဖင့္ ခုတ္ခံရမႈ စက္တင္ဘာလ ၅ ရက္ေန႔ ညပိုင္းက ျဖစ္ပြားသည္ ။

ျဖစ္စဥ္မွာ ေညာင္ကြဲရပ္ကြက္တြင္ ေနထိုင္သူ ရာအိမ္မွဴး ဦးေက်ာ္ဆန္းဦးႏွင့္ အမျဖစ္သူတို႔သည္ မိသားစုဝင္မ်ားႏွင့္အတူ ေနအိမ္တြင္ ရွိေနစဥ္ ရန္ၿဖိဳး ဆိုသူမွာ အရက္ေသာက္စားမူးယစ္ၿပီး ေရာက္ရွိလာသည့္အတြက္ ရာအိမ္မွဴး က အိမ္ျပန္ရန္ ေျပာဆိုခဲ့သည္ ။

ထို႔ေနာက္ ရန္ၿဖိဳး မွာ ေနအိမ္သို႔ ျပန္သြားခဲ့ၿပီး (၁၀) မိနစ္ခန္႔အၾကာတြင္ ၄င္း၏ သူငယ္ခ်င္းမ်ားျဖစ္သည့္ မိုးဒီ ၊ ေပါက္စ ႏွင့္ အျခားသူ (၃) ဦးခန္႔ျဖင့္ ျပန္လည္ေရာက္ရွိလာကာ ၿခံဝင္းအား ေက်ာ္၍ ဓါးျဖင့္ခုတ္၊ ေလးခြ၊ ခဲလံုးမ်ားျဖင့္ ပစ္ေပါက္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း မႈခင္း မွတ္တမ္းမ်ားအရ သိရသည္ ။

ထို႔ေၾကာင့္ ရာအိမ္မွဴး ဦးေက်ာ္ဆန္းဦးတြင္ ဝဲဘက္ခ်ိဳေစာင္း ျပတ္႐ွဒဏ္ရာ၊ ဝဲဘက္ေျခသလုံးျပတ္႐ွဒဏ္ရာႏွင့္ ယာဘက္ပါးေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့ၿပီး ရာအိမ္မွဴး၏ တူေတာ္စပ္သူ သန္႔ဇင္ဝင္းတြင္ ဝဲဘက္ေျခေထာက္ ပြန္းပဲ့ဒဏ္ရာႏွင့္ အိမ္နီးခ်င္းျဖစ္သူ ေဒၚဝင္းရီတြင္ နဖူးေပါက္ၿပဲ ဒဏ္ရာမ်ား ရ႐ွ္ိခဲ့ကာ မႏၲေလး အေထြေထြေရာဂါကု ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ရေၾကာင္း သိရသည္ ။

က်ဴးလြန္သူမ်ားအနက္ ရန္ၿဖိဳး၊ မိုးဒီ ႏွင့္ ေပါက္စ တို႔ကို ဖမ္းဆီးရမိထားၿပီး အျခားသူ မ်ားကို ဆက္လက္ဖမ္းဆီးနိုင္ရန္ ေဆာင္ရြက္လ်က္ရွိၿပီး အာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၄)ရဲစခန္းတြင္ (ပ)၄၃၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၁/၃၂၃/၃၃၆/၃၂၄/၁၁၄ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

————————————————–

(Unicode)

မူးပြီးရမ်းကားသူကို အိမ်ပြန်ရန်ပြောသည့် ရာအိမ်မှူး ဓါး ခုတ်ခံရ

စက်တင်ဘာ ၆
နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်တွင် အရက်သောက်စား မူးယစ်နေသူကို အိမ်ပြန်ရန်ပြောသည့် ရာအိမ်မှူး ဓါးဖြင့် ခုတ်ခံရမှု စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားသည် ။

ဖြစ်စဉ်မှာ ညောင်ကွဲရပ်ကွက်တွင် နေထိုင်သူ ရာအိမ်မှူး ဦးကျော်ဆန်းဦးနှင့် အမဖြစ်သူတို့သည် မိသားစုဝင်များနှင့်အတူ နေအိမ်တွင် ရှိနေစဉ် ရန်ဖြိုး ဆိုသူမှာ အရက်သောက်စားမူးယစ်ပြီး ရောက်ရှိလာသည့်အတွက် ရာအိမ်မှူး က အိမ်ပြန်ရန် ပြောဆိုခဲ့သည် ။

ထို့နောက် ရန်ဖြိုး မှာ နေအိမ်သို့ ပြန်သွားခဲ့ပြီး (၁၀) မိနစ်ခန့်အကြာတွင် ၎င်း၏ သူငယ်ချင်းများဖြစ်သည့် မိုးဒီ ၊ ပေါက်စ နှင့် အခြားသူ (၃) ဦးခန့်ဖြင့် ပြန်လည်ရောက်ရှိလာကာ ခြံဝင်းအား ကျော်၍ ဓါးဖြင့်ခုတ်၊ လေးခွ၊ ခဲလုံးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည် ။

ထို့ကြောင့် ရာအိမ်မှူး ဦးကျော်ဆန်းဦးတွင် ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ခြေသလုံးပြတ်ရှဒဏ်ရာနှင့် ယာဘက်ပါးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ရာအိမ်မှူး၏ တူတော်စပ်သူ သန့်ဇင်ဝင်းတွင် ဝဲဘက်ခြေထောက် ပွန်းပဲ့ဒဏ်ရာနှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်ဝင်းရီတွင် နဖူးပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကာ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း သိရသည် ။

ကျူးလွန်သူများအနက် ရန်ဖြိုး၊ မိုးဒီ နှင့် ပေါက်စ တို့ကို ဖမ်းဆီးရမိထားပြီး အခြားသူ များကို ဆက်လက်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အာင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းတွင် (ပ)၄၃၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၂၃/၃၃၆/၃၂၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

Leave a Reply