တပ်မတော်ဂုဏ်သိက္ခာကျစေသည်ဟုဆိုကာ ဆရာတော် ဦးစိန္တိတ ကို ဆက်သွယ်ရေးဥပဒေဖြင့်အမှုထပ်ဖွင့်ပြန်

0
66

စက်တင်ဘာ ၆
နိုင်လင်းဦး

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးစိန္တိတကို တပ်မတော်အရာရှိတစ်ဦး က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည် ။

တပ်မတော် အမှတ် (၂) ပင်မ(လျှပ်စစ်) မှ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး က တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ပြီး တပ်မတော်သားများ၏ ဂုဏ်သရေကို ပျက်စေရန် ပြုလုပ်ခဲ့သည်ဟု ဆိုကာ စက်တင်ဘာလ ၅ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆရာတော် အနေဖြင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် စစ်တပ်ခေါင်းဆောင်တွေထဲမှာ ကိုယ့်ကိုကိုယ်လူလို့ သတ်မှတ်ထားသူတွေကော ဟုတ်ကြရဲ့လား မေးကြည့်တာပါ ဟူ၍လည်းကောင်း ၊ တပ်မတော်သား ထိပ်ပိုင်းကြီးတွေ ကိုယ်၌ က တပ်မတော်ကြီးကို အသုံးချ မတရားလုပ်နေကြလို့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို နားမလည်နိုင်ကြတော့ဘူး ဟူ၍ လည်းကောင်း စသည့် တပ်မတော်နှင့် ပတ်သက်သည့် စာများရေးသား ဖြန့်ဝေခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။

“ခုထိတော့ အကြောင်းကြားလာတာမရှိသေးဘူး။ ခုလိုအမှုဖွင့်တဲ့ အပေါ်ဘာပြောချင်လည်းဆိုရင် ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ခုတော့ဘာမှ မပြောချင်သေးဘူး။´´ ဟု ဆရာတော် ဦးစိန္တိတ က မိန့်ကြားသည် ။

ဆရာတော် ဦးစိန္တိတ ကို တပ်မတော် ဂုဏ်သိက္ခာကျစေရန် လူမှုကွန်ယက်တွင် ရေးသားသည်ဆိုကာ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး က တရားရုံးဦးတိုက်လျှောက်ထားခဲ့ဖူးပြီး အဆိုပါအမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့မှာ တရားရုံးက ပလပ်ကြောင်း အမိန့်ချခဲ့ပြီးဖြစ်သည်။

Leave a Reply