မႏၱေလးက ေက်ာင္းသားဆႏၵျပပြဲကို ေထာက္ခံေၾကာင္း ပခုကၠဴတကၠသိုလ္မွာ ေက်ာင္းသားမ်ား ဆႏၵထပ္ျပ

0
57

စက္တင္ဘာ ၆
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ မႏၲေလးတကၠသိုလ္တြင္ လႈပ္ရွားေနသည့္ မႏၲေလး​ေက်ာင္​းသားသပိတ္​အား ​ေထာက္​ခံသည့္အေနျဖင့္ ေက်ာင္​းသားသမဂၢမ်ားကြန္​ရက္​ (ပခုကၠဴ) မွ ေက်ာင္းသားမ်ားစုေပါင္း၍ စက္တင္ဘာလ ၆ ရက္ေန႔က ပခုကၠဴတကၠသိုလ္တြင္ ဆႏၵျပခဲ့ၾကသည္ ။

အဆိုပါ ေက်ာင္​းသားသမဂၢမ်ားကြန္​ရက္​ (ပခုကၠဴ) တြင္ ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၊ ပခုကၠဴ နည္းပညာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ၊ ပခုကၠဴ ကြန္ပ်ဴတာ တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၊ ပခုကၠဴ ပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢ စသည့္ သမဂၢမ်ားပါဝင္ၿပီး ေက်ာင္းသား ေက်ာင္းသူ (၃၀) ခန္႔ ဆႏၵျပခဲ့ၾကသည္ ။

“မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ သပိတ္ေမွာက္ေတာင္းဆိုမႈကို ေထာက္ခံတယ္ ။ ဒီလိုေတာင္းဆိုေနတာကိုသက္ဆိုင္ရာ ပညာေရးဝန္ႀကီးဌာနက ေတြ႕ဆံုညိွႏိႈင္း တာမရွိေသးဘူး။ သူတို႔ ေစလႊတ္လိုက္တာေတြက အေယာင္ျပပဲ။ တကယ္ အဂတိ လိုက္စားတယ္ဆို အေရးယူၿပီး စံုစမ္းေဖာ္ထုတ္ႏိုင္တဲ့ အဖြဲ႕ကို လိုခ်င္တယ္။ အဂတိလိုက္စားမႈကို လက္မခံႏိုင္ဘူး။´´ ဟု ပခုကၠဴတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုသက္ေမာင္ေမာင္ က ေျပာသည္ ။

ႏိုင္ငံေတာ္သမၼတ ၫႊန္ၾကားခ်က္ႏွင့္ တည္ဆဲဥပေဒအား ေဖာက္ဖ်က္လုပ္ေဆာင္ေသာ ေက်ာင္းအုပ္ခ်ဴပ္ေရးအဖြဲ႔ကို စီစစ္အေရးယူေပးေရးအတြက္ မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ ဦးေဆာင္မႈျဖင့္ သပိတ္ေမွာက္ ဆႏၵျပလွ်က္ရွိသည္ ။

မႏၲေလးတကၠသိုလ္မွ သပိတ္ေမွာက္ဆႏၵျပသည့္ ေက်ာင္းသူ ေက်ာင္းသူမ်ားသည္ မွန္ကန္မွ်တေသာ စံုစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း စစ္ေဆး အေရးယူေပးေရး ဒို႔အေရး၊ ဒို႔အေရး၊ ပညာေရးဝန္ႀကီးဌာန၏ ဘက္လိုက္ေသာ စံုစမ္းစစ္ေဆးေရးအဖြဲ႕ကို အယံုအၾကည္မရွိ၊ မႏၲေလးတကၠသိုလ္အား အသံုးခ်၍ ကိုယ္က်ိဳးရွာေသာ ပါေမာကၡခ်ဳပ္ အလိုမရွိ အလိုမရွိ၊ ေက်ာင္းတြင္း စီမံကိန္းမ်ားေဆာင္ရြက္ရာတြင္ ပြင့္လင္းျမင္သာစြာ ခ်ျပေရး ဒို႔အေရး ဒို႔အေရး၊ စသည့္ ေတာင္းဆိုခ်က္မ်ားကို ေႂကြးေၾကာ္ၿပီး ေက်ာင္းအတြင္း လွည့္လည္ခ်ီတက္မႈမ်ား ျပဳလုပ္လွ်က္ရွိသည္ ။

မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာသီတာဝင္း အေနျဖင့္ ႏိုင္ငံေတာ္သမၼတ ညႊန္ၾကားခ်က္အား ခ်ိဳးေဖာက္ၿပီး ၄င္းႏွင့္ ရင္းႏွီးကြၽမ္းဝင္သည့္ လုပ္ငန္းရွင္အား Food Court လုပ္ပိုင္ခြင့္ ေပးသည့္အတြက္ ျပင္းထန္စြာအေရးယူေပးေရး တိုင္ၾကားလာေသာေၾကာင့္ စစ္ေဆးေရးအဖြဲ႕ဖြဲ႕စည္း စစ္ေဆးၿပီး စစ္ေဆးေရးအဖြဲ႕အေနျဖင့္ အစီရင္ခံစာအား စက္တင္ဘာလ ၁၆ ရက္ေန႔ တြင္ ပညာေရးဝန္ႀကီးဌာန ဝန္ႀကီးရံုးသို႔ တင္ျပရမည္ျဖစ္ေၾကာင္း အဆိုပါဝန္ႀကီးရံုး က ထုတ္ျပန္ထားသည္ ။

အဆိုပါ စစ္ေဆးေရးအဖြဲ႕တြင္ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးညႊန္႔ ႏွင့္ ေမာ္လၿမိဳင္ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေအာင္ျမတ္ေက်ာ္စိန္ တို႔ပါဝင္သည္ ။

———————————————–

(Unicode)

မန္တလေးက ကျောင်းသားဆန္ဒပြပွဲကို ထောက်ခံကြောင်း ပခုက္ကူတက္ကသိုလ်မှာ ကျောင်းသားများ ဆန္ဒပြ

စက်တင်ဘာ ၆
နိုင်လင်းဦး

မန္တလေးမြို့ မန္တလေးတက္ကသိုလ်တွင် လှုပ်ရှားနေသည့် မန္တလေးကျောင်းသားသပိတ်အား ထောက်ခံသည့်အနေဖြင့် ကျောင်းသားသမဂ္ဂများကွန်ရက် (ပခုက္ကူ) မှ ကျောင်းသားများစုပေါင်း၍ စက်တင်ဘာလ ၆ ရက်နေ့က ပခုက္ကူတက္ကသိုလ်တွင် ဆန္ဒပြခဲ့ကြသည် ။

အဆိုပါ ကျောင်းသားသမဂ္ဂများကွန်ရက် (ပခုက္ကူ) တွင် ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ပခုက္ကူ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူ ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ စသည့် သမဂ္ဂများပါဝင်ပြီး ကျောင်းသား ကျောင်းသူ (၃၀) ခန့် ဆန္ဒပြခဲ့ကြသည် ။

“မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ သပိတ်မှောက်တောင်းဆိုမှုကို ထောက်ခံတယ် ။ ဒီလိုတောင်းဆိုနေတာကိုသက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက တွေ့ဆုံညှိနှိုင်း တာမရှိသေးဘူး။ သူတို့ စေလွှတ်လိုက်တာတွေက အယောင်ပြပဲ။ တကယ် အဂတိ လိုက်စားတယ်ဆို အရေးယူပြီး စုံစမ်းဖော်ထုတ်နိုင်တဲ့ အဖွဲ့ကို လိုချင်တယ်။ အဂတိလိုက်စားမှုကို လက်မခံနိုင်ဘူး။´´ ဟု ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသက်မောင်မောင် က ပြောသည် ။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေးအတွက် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဦးဆောင်မှုဖြင့် သပိတ်မှောက် ဆန္ဒပြလျှက်ရှိသည် ။

မန္တလေးတက္ကသိုလ်မှ သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသူ ကျောင်းသူများသည် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေး အရေးယူပေးရေး ဒို့အရေး၊ ဒို့အရေး၊ ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ အလိုမရှိ၊ ကျောင်းတွင်း စီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ချပြရေး ဒို့အရေး ဒို့အရေး၊ စသည့် တောင်းဆိုချက်များကို ကြွေးကြော်ပြီး ကျောင်းအတွင်း လှည့်လည်ချီတက်မှုများ ပြုလုပ်လျှက်ရှိသည် ။

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်အတွက် ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားလာသောကြောင့် စစ်ဆေးရေးအဖွဲ့ဖွဲ့စည်း စစ်ဆေးပြီး စစ်ဆေးရေးအဖွဲ့အနေဖြင့် အစီရင်ခံစာအား စက်တင်ဘာလ ၁၆ ရက်နေ့ တွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးရုံး က ထုတ်ပြန်ထားသည် ။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့် နှင့် မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန် တို့ပါဝင်သည် ။

Leave a Reply