ဇင္ဘာေဘြသမၼတေဟာင္း ေရာဘတ္မူဂါဘီ ကြယ္လြန္

0
3

စက္တင္ဘာ ၆
ႏိုင္ငံတကာသတင္း

ဇင္ဘာေဘြႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ပိုင္းပထမဆံုးေခါင္းေဆာင္ျဖစ္ၿပီး အသက္ ၉၅ ႏွစ္႐ွိေနတဲ့ ေရာဘတ္ မူဂါဘီဟာ ဒီေန႔မွာ ကြယ္လြန္သြားပါၿပီ။

မက်န္းမာခဲ့တဲ့ေနာက္မွာ ေသဆံုးခဲ့တာလို႔ သူမိသားစုက အတည္ျပဳတယ္ဆိုၿပီး ဘီဘီစီကေဖာ္ျပပါတယ္။

ဧၿပီကတည္းက စင္ကာပူမွာ မူဂါဘီေဆး႐ံုတက္ကုသမႈခံေနရတာပါ။

၂၀၁၇ ခုႏွစ္၊ ႏို၀င္ဘာမွာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ မူဂါဘီျဖဳတ္ခ်ခံခဲ့ရၿပီး ဆယ္စုႏွစ္ ၃ စုၾကာအာဏာကို အဆံုးသတ္ခဲ့ပါတယ္။

ဇင္ဘာေဘြႏိုင္ငံလြတ္လပ္ေရးရၿပီးတဲ့ေနာက္ ပထမဆံုးေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၿပီး ၁၉၈၀ ျပည့္ႏွစ္မွာ ၀န္ႀကီးခ်ဳပ္ျဖစ္ခဲ့ပါတယ္။

၁၉၈၇ ခုႏွစ္မွာ ၀န္ႀကီးခ်ဳပ္ရာထူးစြန္႔လႊတ္ၿပီး သမၼတျဖစ္လာပါတယ္။

လူမ်ားစုလူမည္းေတြအတြက္ က်န္းမာေရးနဲ႔ပညာေရးရပိုင္ခြင့္ေတြပိုမ်ားလာေအာင္လုပ္ေပးခဲ့လို႔ အေစာပိုင္းအုပ္ခ်ဳပ္ခဲ့ခ်ိန္ေတြမွာ ခ်ီးက်ဴးခံခဲ့ရေပမဲ့ အျငင္းပြားမႈေတြ႐ွိခဲ့တဲ့ေျမယာျပဳျပင္ေျပာင္းလဲေရးအစီအစဥ္ေၾကာင့္ စီးပြားေရးၿပိဳဆင္းခဲ့ၿပီး ေနာက္ပိုင္းႏွစ္ေတြကေတာ့ အခြင့္အေရးအလြဲသံုးျပဳမႈေတြနဲ႔ အက်င့္ပ်က္ျခစားမႈေတြ႐ွိခဲ့ပါတယ္။

အဆံုးစြန္၀မ္းနည္းမိၿပီး မူဂါဘီဟာ ဇင္ဘာေဘြႏိုင္ငံတည္ေထာင္ခဲ့သူနဲ႔ လြတ္လပ္ေရးသေကၤတတစ္ခုျဖစ္တယ္လို႔ မူဂါဘီျဖဳတ္ခ်ခံရၿပီးေနာက္ သမၼတျဖစ္လာတဲ့သမၼတအမ္မာဆန္ နန္ဂါဂြာက ေျပာပါတယ္။

နန္ဂါဂြာဟာ မူဂါဘီလက္ထက္မွာ ဒုတိယသမၼတျဖစ္ခဲ့သူပါ။

၁၉၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၁ ရက္မွာ မူဂါဘီကို အခု႐ိုဒီး႐ွားႏိုင္ငံျဖစ္လာတဲ့ေနရာမွာေမြးဖြားခဲ့ပါတယ္။

၁၉၆၄ ခုႏွစ္မွာ ႐ိုဒီး႐ွားအစိုးရကိုေ၀ဖန္ခဲ့လို႔ ဆယ္ႏွစ္ေက်ာ္ေထာင္က်ခဲ့ပါတယ္။

၁၉၇၃ ခုႏွစ္၊ မူဂါဘီေထာင္က်ေနတုန္း ဇင္ဘာေဘြအာဖရိကန္အမ်ိဳးသားသမဂၢပါတီရဲ႕ဥကၠ႒ျဖစ္ခဲ့ပါတယ္။

ေထာင္ကလြတ္လာခ်ိန္မွာေတာ့ လက္နက္ကိုင္ခဲ့ပါတယ္။

မိုဇမ္ဘစ္ႏိုင္ငံက ေတာ္လွန္ေရးသမားေတြနဲ႔ပူးေပါင္းၿပီး ႐ိုဒီး႐ွားကို စီးနင္းမႈေတြလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ သူဟာ ကၽြမ္းက်င္မႈ႐ွိတဲ့ၫွိႏႈိင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။

ႏိုင္ငံေရးသေဘာတူညီခ်က္ေတြရခဲ့တဲ့ေနာက္ အၾကပ္အတည္းေတြအဆံုးသတ္ၿပီး လြတ္လပ္တဲ့ဇင္ဘာေဘြသမၼတႏိုင္ငံျဖစ္လာခဲ့သလို ၁၉၈၀ ျပည့္ႏွစ္မွာ ပထမဆံုးဇင္ဘာေဘြေ႐ြးေကာက္ပြဲက်င္းပႏိုင္ခဲ့ပါတယ္။

လြတ္လပ္ေရးလႈပ္႐ွားမႈေတြမွာ နာမည္ႀကီးတဲ့မူဂါဘီကပဲ အဲဒီေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့ပါတယ္။

Source-BBC
#ဥကၠာ
#TheFifthWaveNews
Photo-Zimlive
ပံုစာ- ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လက ျမင္ေတြ႕ရတဲ့မူဂါဘီ

—————————————————-

(Unicode)

ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီ ကွယ်လွန်

စက်တင်ဘာ ၆
နိုင်ငံတကာသတင်း

ဇင်ဘာဘွေနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းပထမဆုံးခေါင်းဆောင်ဖြစ်ပြီး အသက် ၉၅ နှစ်ရှိနေတဲ့ ရောဘတ် မူဂါဘီဟာ ဒီနေ့မှာ ကွယ်လွန်သွားပါပြီ။

မကျန်းမာခဲ့တဲ့နောက်မှာ သေဆုံးခဲ့တာလို့ သူမိသားစုက အတည်ပြုတယ်ဆိုပြီး ဘီဘီစီကဖော်ပြပါတယ်။

ဧပြီကတည်းက စင်ကာပူမှာ မူဂါဘီဆေးရုံတက်ကုသမှုခံနေရတာပါ။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် မူဂါဘီဖြုတ်ချခံခဲ့ရပြီး ဆယ်စုနှစ် ၃ စုကြာအာဏာကို အဆုံးသတ်ခဲ့ပါတယ်။

ဇင်ဘာဘွေနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံးရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးစွန့်လွှတ်ပြီး သမ္မတဖြစ်လာပါတယ်။

လူများစုလူမည်းတွေအတွက် ကျန်းမာရေးနဲ့ပညာရေးရပိုင်ခွင့်တွေပိုများလာအောင်လုပ်ပေးခဲ့လို့ အစောပိုင်းအုပ်ချုပ်ခဲ့ချိန်တွေမှာ ချီးကျူးခံခဲ့ရပေမဲ့ အငြင်းပွားမှုတွေရှိခဲ့တဲ့မြေယာပြုပြင်ပြောင်းလဲရေးအစီအစဉ်ကြောင့် စီးပွားရေးပြိုဆင်းခဲ့ပြီး နောက်ပိုင်းနှစ်တွေကတော့ အခွင့်အရေးအလွဲသုံးပြုမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေရှိခဲ့ပါတယ်။

အဆုံးစွန်ဝမ်းနည်းမိပြီး မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံတည်ထောင်ခဲ့သူနဲ့ လွတ်လပ်ရေးသင်္ကေတတစ်ခုဖြစ်တယ်လို့ မူဂါဘီဖြုတ်ချခံရပြီးနောက် သမ္မတဖြစ်လာတဲ့သမ္မတအမ်မာဆန် နန်ဂါဂွာက ပြောပါတယ်။

နန်ဂါဂွာဟာ မူဂါဘီလက်ထက်မှာ ဒုတိယသမ္မတဖြစ်ခဲ့သူပါ။

၁၉၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ မူဂါဘီကို အခုရိုဒီးရှားနိုင်ငံဖြစ်လာတဲ့နေရာမှာမွေးဖွားခဲ့ပါတယ်။

၁၉၆၄ ခုနှစ်မှာ ရိုဒီးရှားအစိုးရကိုဝေဖန်ခဲ့လို့ ဆယ်နှစ်ကျော်ထောင်ကျခဲ့ပါတယ်။

၁၉၇၃ ခုနှစ်၊ မူဂါဘီထောင်ကျနေတုန်း ဇင်ဘာဘွေအာဖရိကန်အမျိုးသားသမဂ္ဂပါတီရဲ့ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။

ထောင်ကလွတ်လာချိန်မှာတော့ လက်နက်ကိုင်ခဲ့ပါတယ်။

မိုဇမ်ဘစ်နိုင်ငံက တော်လှန်ရေးသမားတွေနဲ့ပူးပေါင်းပြီး ရိုဒီးရှားကို စီးနင်းမှုတွေလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ကျွမ်းကျင်မှုရှိတဲ့ညှိနှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

နိုင်ငံရေးသဘောတူညီချက်တွေရခဲ့တဲ့နောက် အကြပ်အတည်းတွေအဆုံးသတ်ပြီး လွတ်လပ်တဲ့ဇင်ဘာဘွေသမ္မတနိုင်ငံဖြစ်လာခဲ့သလို ၁၉၈၀ ပြည့်နှစ်မှာ ပထမဆုံးဇင်ဘာဘွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။

လွတ်လပ်ရေးလှုပ်ရှားမှုတွေမှာ နာမည်ကြီးတဲ့မူဂါဘီကပဲ အဲဒီရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-Zimlive
ပုံစာ- ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက မြင်တွေ့ရတဲ့မူဂါဘီ

Leave a Reply