ကခ်င္လူငယ္​ႏွစ္​ဦးကို ​ေထာင္​ဒဏ္​ ၁၅ ရက္​ ခ်မွတ္​ခ့ဲလို႔ ျမစ္​ႀကီးနားတြင္​ လူရာႏွင္​့ခ်ီ ဆႏၵထုတ္​​ေဖာ္​

0
3

စက္တင္ဘာ ၅

စစ္ေရွာင္ဒုုကၡသည္ေတြရဲ႕ခံစားခ်က္ေတြကို သရုပ္ေဖာ္ တင္ဆက္ခဲ့တဲ့ ကခ်င္လူငယ္ ႏွစ္ဦးကို စက္တင္ဘာ ၂ ရက္ေန႔က ေထာင္ ၁၅ ရက္ခ်မွတ္လိုက္တာေၾကာင့္ စစ္ေရွာင္အခ်ိဳ႕ဟာ ဒီကေန႔ စက္တင္ဘာ ၅ ရက္ေန႔ မွာ ဆႏၵထုတ္ေဖာ္ေနပါတယ္။

အ့ဲဒီဆႏၵထုတ္​​ေဖာ္​မႈမွာ လြတ္​လပ္​​ေသာတရားစီရင္​မႈရရိွ​ေရး ၊ စစ္​​ေ႐ွာင္​ျပည္​သူမ်ား၏ ဘဝမွန္​ ခံစားခ်က္​ကို အ​ေလးထား​ေပး​ေရး ၊ IDP မ်ား၏ဘဝမွန္​ ​ေတးသ႐ုပ္​​ေဖာ္​တင္​ဆက္​ျခင္​းအား အျပစ္ဒဏ္​​ေပးျခင္​း အလိုမရိွ ႏွင္​့ မတရားသျဖင္​့ တရားစီရင္​​ေသာ တရားသူႀကီး အလိုမရိွ ဆိုတ့ဲ ဆႏၵ​ေႂကြး​ေၾကာ္​မႈ​ေတြ ျပဳလုပ္​ခ့ဲပါတယ္​။

ဆႏၵထုတ္ေဖာ္ပြဲကိုျမစ္ၾကီးနားၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းျခံေရွ႕ျမစ္ႀကီးနားျမိဳ႕မေစ်း(၁)နဲ႔ ေစ်း(၂) မင္းရပ္ ျပည္သူ႔ အားကစားကြင္း မေနာကြင္းေရွ႕ျမိဳ႕မရဲစခန္းေရွ႕ စတဲ့ ေနရာေတြမွာ ဒီကေန႔ စက္တင္ဘာ ၅ ရက္ကေန ၉ ရက္ေန႔ အထိ ၃ ရက္ၾကာ ျပဳလုပ္သြားမွာျဖစ္​ပါတယ္​။

ဇြန္လ (၉)ရက္ေန႔က ျမစ္ႀကီးနားၿမိဳ႕ေပၚမွာ ကခ်င္ေဒသစစ္ပြဲ ရွစ္ႏွစ္ျပည့္ အထိမ္းအမွတ္ လမ္းေဘးသ႐ုပ္ျပတင္ဆက္ကျပမႈကို ဦးေဆာင္ပါဝင္ခဲ့လို႔ ကခ်င္လူငယ္ ကိုေပါလုႏွင္​့ မဆိုင္​းႏုပန္​တို႔ကို ၿငိမ္းစုစီပုဒ္(၁၉)နဲ့ တရားစြဲဆိုခံခ့ဲရၿပီး ျမစ္​ႀကီးနားၿမိဳ႕နယ္​တရား႐ုံးမွာ စက္​တင္​ဘာ ၂ ရက္​​ေန႔က ေငြဒဏ္သံုးေသာင္းစီေဆာင္ရန္ႏွင့္ ေငြဒဏ္ မေဆာင္ပါက ေထာင္(၁၅)ရက္စီ က်ခံရန္ ျမိဳ႕နယ္တရားသူႀကီး ဦးသန္းထြန္းက အမိန္႔ခ်မွတ္ခဲ့ရာ ​ေငြဒဏ္​​ေပး​ေဆာင္​မႈကို ျငင္​းပယ္​ခ့ဲလို႔ လက္​ရိွမွာ ​ေထာင္​ဒဏ္​ ၁၅ ရက္​ က်ခံ​​ေနရပါတယ္​။

အ့ဲဒီအမိန္​႔ခ်မွတ္​ခ့ဲမႈကို မ​ေက်နပ္​လို႔ ကခ်င္လူငယ္ ကိုေပါလုက တရားခြင္အတြင္းမွာ တရားသူႀကီးကို ႀကိဳးျပတ္ေနတ့ဲ ခ်ိန္ခြင္​ေပးခဲ့ပါတယ္​။ အ့ဲဒီအတြက္​ ျပည္သူ႔ဝန္ထမ္း တရားစီရင္ေရး ေဆာင္ရြက္ေနစဥ္ တမင္ေႏွာက္ယွက္မထီမဲ့ျမင့္ျပဳမႈ ဆိုၿပီး ၿမိဳ႕နယ္တရားသူႀကီး ဦးသန္းထြန္းက ရာဇသတ္ႀကီး ပုဒ္မ (၂၂၈) အရ အေရးယူေပးဖို႔ စက္တင္ဘာလ ၃ရက္ေန႔က တရားရံုးမွာ ဦးတိုက္​ေလွၽာက္​ထားခ့ဲတယ္​လို႔သိရပါတယ္​။

Photo – Yan Aung Htun / MPA

——————————————-

ကချင်လူငယ်နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့လို့ မြစ်ကြီးနားတွင် လူရာနှင့်ချီ ဆန္ဒထုတ်ဖော်

စက်တင်ဘာ ၅

စစ်ရှောင်ဒုုက္ခသည်တွေရဲ့ခံစားချက်တွေကို သရုပ်ဖော် တင်ဆက်ခဲ့တဲ့ ကချင်လူငယ် နှစ်ဦးကို စက်တင်ဘာ ၂ ရက်နေ့က ထောင် ၁၅ ရက်ချမှတ်လိုက်တာကြောင့် စစ်ရှောင်အချို့ဟာ ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့ မှာ ဆန္ဒထုတ်ဖော်နေပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်မှုမှာ လွတ်လပ်သောတရားစီရင်မှုရရှိရေး ၊ စစ်ရှောင်ပြည်သူများ၏ ဘဝမှန် ခံစားချက်ကို အလေးထားပေးရေး ၊ IDP များ၏ဘဝမှန် တေးသရုပ်ဖော်တင်ဆက်ခြင်းအား အပြစ်ဒဏ်ပေးခြင်း အလိုမရှိ နှင့် မတရားသဖြင့် တရားစီရင်သော တရားသူကြီး အလိုမရှိ ဆိုတဲ့ ဆန္ဒကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကိုမြစ်ကြီးနားမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့မြစ်ကြီးနားမြို့မဈေး(၁)နဲ့ ဈေး(၂) မင်းရပ် ပြည်သူ့ အားကစားကွင်း မနောကွင်းရှေ့မြို့မရဲစခန်းရှေ့ စတဲ့ နေရာတွေမှာ ဒီကနေ့ စက်တင်ဘာ ၅ ရက်ကနေ ၉ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဇွန်လ (၉)ရက်နေ့က မြစ်ကြီးနားမြို့ပေါ်မှာ ကချင်ဒေသစစ်ပွဲ ရှစ်နှစ်ပြည့် အထိမ်းအမှတ် လမ်းဘေးသရုပ်ပြတင်ဆက်ကပြမှုကို ဦးဆောင်ပါဝင်ခဲ့လို့ ကချင်လူငယ် ကိုပေါလုနှင့် မဆိုင်းနုပန်တို့ကို ငြိမ်းစုစီပုဒ်(၁၉)နဲ့ တရားစွဲဆိုခံခဲ့ရပြီး မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စက်တင်ဘာ ၂ ရက်နေ့က ငွေဒဏ်သုံးသောင်းစီဆောင်ရန်နှင့် ငွေဒဏ် မဆောင်ပါက ထောင်(၁၅)ရက်စီ ကျခံရန် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက အမိန့်ချမှတ်ခဲ့ရာ ငွေဒဏ်ပေးဆောင်မှုကို ငြင်းပယ်ခဲ့လို့ လက်ရှိမှာ ထောင်ဒဏ် ၁၅ ရက် ကျခံနေရပါတယ်။

အဲ့ဒီအမိန့်ချမှတ်ခဲ့မှုကို မကျေနပ်လို့ ကချင်လူငယ် ကိုပေါလုက တရားခွင်အတွင်းမှာ တရားသူကြီးကို ကြိုးပြတ်နေတဲ့ ချိန်ခွင်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် ပြည်သူ့ဝန်ထမ်း တရားစီရင်ရေး ဆောင်ရွက်နေစဉ် တမင်နှောက်ယှက်မထီမဲ့မြင့်ပြုမှု ဆိုပြီး မြို့နယ်တရားသူကြီး ဦးသန်းထွန်းက ရာဇသတ်ကြီး ပုဒ်မ (၂၂၈) အရ အရေးယူပေးဖို့ စက်တင်ဘာလ ၃ရက်နေ့က တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တယ်လို့သိရပါတယ်။

Photo – Yan Aung Htun / MPA

Leave a Reply