ပါဂ်ယ္႐ိုကား ခိုးေျပးသူကို ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခ့ဲတ့ဲ မႏၲေလး ရဲတပ္ဖြဲ႕

0
92

စက္တင္ဘာ ၄
ႏိုင္လင္းဦး

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္အတြင္း ရန္ကုန္ – မႏၲေလး ကားလမ္းတြင္ ပါဂ်ယ္ရို ကားအား ခိုးယူေမာင္းႏွင္သြားသူကို ေသနတ္ျဖင့္ ကားဘီးမ်ားကို ပစ္၍ ဖမ္းဆီးမႈ စက္တင္ဘာလ ၄ ရက္ေန႔ မြန္းလြဲပိုင္း ၃ နာရီအခ်ိန္ခန္႔ က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ပိုင္ဦးဟိန္း (၂၇) ႏွစ္ သည္ ေက်ာက္ဆည္ၿမိဳ႕နယ္အတြင္း က ကားအား ခိုးယူ၍ ရန္ကုန္ မႏၲေလး လမ္းအတိုင္း ေမာင္းႏွင္ခဲ့ျခင္းျဖစ္ၿပီး ကားမွာ ဘုရားဖူးလာသည့္သူ၏ကား ျဖစ္ေၾကာင္း ကနဦး သိရသည္ ။

ျမစ္သားၿမိဳ႕နယ္ ကူမဲရဲစခန္းအပိုင္ မွ ဝမ္းတြင္းၿမိဳ႕နယ္ ေရႊေတာင္ရဲစခန္းအပိုင္ထဲကို ေမာင္းဝင္လာရာ ေရႊေတာင္နယ္ေျမရဲစခန္း မွာ တာဝန္ရွိသူမ်ား တားဆီးသည္ကို ရပ္မေပးပဲ ဆက္လက္ ေမာင္းသြားခဲ့ေၾကာင္း ဝမ္းတြင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး က ေျပာသည္ ။

“ကြ်န္ေတာ္တို႔အဖြဲ႕က ဝမ္းတြင္းၿမိဳ႕ ဘီးခြန္ဂိတ္ကေန ပိတ္ေစာင့္ေနတာ ။ ပိတ္ေစာင့္ေနေတာ့ ေနာက္ေၾကာင္း ျပန္ေမာင္းေျပးတယ္ ။ ေမာင္းေျပးတဲ့အတြက္ ေနာက္က ကားႏွစ္စီးနဲ႔ လိုက္တယ္ ။ လိုက္ေတာ့ ဘုရားစုရြာနားမွာတင္ ႏွစ္ပတ္ေလာက္ေမာင္းေျပးေနတယ္ ။ မရေတာ့တဲ့အခါမွာ ရဲတပ္ဖြဲ႕ဝင္ေတြ ေမာင္းႏွင္လာတဲ့ အိမ္စီးကားကို မ်က္ႏွာခ်င္းဆိုင္ တိုက္မယ့္ အရိပ္အေယာင္ေတြ ျမင္တဲ့အတြက္ ေသနတ္နဲ႔ ကားတာယာေတြကို ပစ္ေဖာက္လိုက္ရတယ္။´´ ဟု ဝမ္းတြင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး က ေျပာသည္ ။

ထိုသို႔ ကားဘီးမ်ားအား ပစ္ေဖာက္ထားေသာ္လည္း ရပ္တန္႔ျခင္းမရွိသည့္အတြက္ တြဲကားျဖင့္ ပိတ္၍ ဖမ္းဆီးခဲ့ၿပီး ကားအား ခိုးယူေမာင္းႏွင္သြားသူ ႏွင့္ သက္ေသခံကားအား ေက်ာက္ဆည္ခရိုင္ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္ ။
ေသနတ္ျဖင့္ ကားတာယာအား ပစ္သည့္အခါတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား ေမာင္းႏွင္လာတဲ့ အိမ္စီးကား Probox မွန္အား ကပ္၍ ပစ္ရသည့္အတြက္ ကားမွန္ အနည္းငယ္ပ်က္စီးသြားေၾကာင္း သိရသည္ ။

photo – soe min – facebook

ပါဂျယ်ရို ကားအား ခိုးယူမောင်းနှင်သွားသူကို သေနတ်ဖြင့် ကားဘီးများကို ပစ်၍ ဖမ်းဆီး

စက်တင်ဘာ – ၄
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန် – မန္တလေး ကားလမ်းတွင် ပါဂျယ်ရို ကားအား ခိုးယူမောင်းနှင်သွားသူကို သေနတ်ဖြင့် ကားဘီးများကို ပစ်၍ ဖမ်းဆီးမှု စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ပိုင်ဦးဟိန်း (၂၇) နှစ် သည် ကျောက်ဆည်မြို့နယ်အတွင်း က ကားအား ခိုးယူ၍ ရန်ကုန် မန္တလေး လမ်းအတိုင်း မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ကားမှာ ဘုရားဖူးလာသည့်သူ၏ကား ဖြစ်ကြောင်း ကနဦး သိရသည် ။

မြစ်သားမြို့နယ် ကူမဲရဲစခန်းအပိုင် မှ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းအပိုင်ထဲကို မောင်းဝင်လာရာ ရွှေတောင်နယ်မြေရဲစခန်း မှာ တာဝန်ရှိသူများ တားဆီးသည်ကို ရပ်မပေးပဲ ဆက်လက် မောင်းသွားခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး က ပြောသည် ။

“ကျွန်တော်တို့အဖွဲ့က ဝမ်းတွင်းမြို့ ဘီးခွန်ဂိတ်ကနေ ပိတ်စောင့်နေတာ ။ ပိတ်စောင့်နေတော့ နောက်ကြောင်း ပြန်မောင်းပြေးတယ် ။ မောင်းပြေးတဲ့အတွက် နောက်က ကားနှစ်စီးနဲ့ လိုက်တယ် ။ လိုက်တော့ ဘုရားစုရွာနားမှာတင် နှစ်ပတ်လောက်မောင်းပြေးနေတယ် ။ မရတော့တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေ မောင်းနှင်လာတဲ့ အိမ်စီးကားကို မျက်နှာချင်းဆိုင် တိုက်မယ့် အရိပ်အယောင်တွေ မြင်တဲ့အတွက် သေနတ်နဲ့ ကားတာယာတွေကို ပစ်ဖောက်လိုက်ရတယ်။´´ ဟု ဝမ်းတွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး က ပြောသည် ။

ထိုသို့ ကားဘီးများအား ပစ်ဖောက်ထားသော်လည်း ရပ်တန့်ခြင်းမရှိသည့်အတွက် တွဲကားဖြင့် ပိတ်၍ ဖမ်းဆီးခဲ့ပြီး ကားအား ခိုးယူမောင်းနှင်သွားသူ နှင့် သက်သေခံကားအား ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည် ။
သေနတ်ဖြင့် ကားတာယာအား ပစ်သည့်အခါတွင် ရဲတပ်ဖွဲ့ဝင်များ မောင်းနှင်လာတဲ့ အိမ်စီးကား Probox မှန်အား ကပ်၍ ပစ်ရသည့်အတွက် ကားမှန် အနည်းငယ်ပျက်စီးသွားကြောင်း သိရသည် ။

photo – soe min – facebook

Leave a Reply