0
68
စက်တင်ဘာ ၎
နိုင်လင်းဦး
မန္တ​လေးမြို့ အမရပူရမြို့နယ်​ ရွှေကြက်ယက်ကျေးရွာအုပ်စု အလံတိုင်ဘုန်းတော်ကြီးကျောင်းရှေ့ ဧရာဝတီမြစ်​ကမ်း ​သင်္ချိုင်းဆိပ်​ကမ်းတွင်​ ဘိလပ်​​မြေနှင့်​ မြေဆီအိတ်​များတင်​​ဆောင်​ထားသည့်​ တွဲရေယာဉ် ခါးကျိုး နစ်​မြုပ်​မှုနှင့်ပတ်သက်၍ ရေယာဉ်ပိုင်ရှင်အား စက်တင်ဘာလ ၃ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည် ။
ဇူလိုင်လ ၂၈ ရက်နေ့က အရှည် (၂၀၀) ပေခန့် ၊ ဗျက် (၇၀) ပေခန့် ရှိ သံခွံတွဲသင်္ဘောပေါ်တွင် ဘိလပ်​​မြေ အိတ်​ ၁၂၀၀၀ အိတ်​၊ မြေဆီ ၂၈၁၉ အိတ်​၊ ထုံးအိတ်​ ၁၀၀၀ တို့ကို တင်​​ဆောင်​ပြီး အဆိုပါ သံခွံတွဲသင်္ဘောအား အောင်ဆုမြိုင် (၁) အမည်ရှိ အရှည် (၁၆၈) ပေ၊ ဗျက် (၃၂) ပေ၊ အမြင့် (၈) ပေ သံခွံစက်တပ်သဘောင်္မြင့် နေရာ​ရွှေ့ဆိုက်​ကပ်​စဉ်​ ​ဝန်မနိုင်ပဲ ခါးလည်မှ အက်ကာ နစ်​မြုပ်​သွား ခဲ့ခြင်းဖြစ်​သည်​။
ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေ ၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား သယ်ယူလုပ်ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ စသည့် ဥပဒေမျာအရ သဘောင်္တိုက်ခြင်း၊ နစ်မြုပ်ခြင်းများ ဖြစ်ပေါ်ပါက ရုံးချုပ် မှ ဖွဲ့ပေးသည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး အစီရင်ခံစာတင်ပြရကြောင်းသိရသည် ။
————————————-
(Unicode)
ကုန်တွဲရေယာဉ်ခါးကျိုး နစ်မြုပ်မှု ရေယာဉ်ပိုင်ရှင်အား အမှုဖွင့်
စက်တင်ဘာ ၄
နိုင်လင်းဦး
မန္တလေးမြို့ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု အလံတိုင်ဘုန်းတော်ကြီးကျောင်းရှေ့ ဧရာဝတီမြစ်ကမ်း သချႋုင်းဆိပ်ကမ်းတွင် ဘိလပ်မြေနှင့် မြေဆီအိတ်များတင်ဆောင်ထားသည့် တွဲရေယာဉ် ခါးကျိုး နစ်မြုပ်မှုနှင့်ပတ်သက်၍ ရေယာဉ်ပိုင်ရှင်အား စက်တင်ဘာလ ၃ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည် ။
ဇူလိုင်လ ၂၈ ရက်နေ့က အရှည် (၂၀၀) ပေခန့် ၊ ဗျက် (၇၀) ပေခန့် ရှိ သံခွံတွဲသင်္ဘောပေါ်တွင် ဘိလပ်မြေ အိတ် ၁၂၀၀၀ အိတ်၊ မြေဆီ ၂၈၁၉ အိတ်၊ ထုံးအိတ် ၁၀၀၀ တို့ကို တင်ဆောင်ပြီး အဆိုပါ သံခွံတွဲသင်္ဘောအား အောင်ဆုမြိုင် (၁) အမည်ရှိ အရှည် (၁၆၈) ပေ၊ ဗျက် (၃၂) ပေ၊ အမြင့် (၈) ပေ သံခွံစက်တပ်သဘောၤမြင့် နေရာရွှေ့ဆိုက်ကပ်စဉ် ဝန်မနိုင်ပဲ ခါးလည်မှ အက်ကာ နစ်မြုပ်သွား ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေ ၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား သယ်ယူလုပ်ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ စသည့် ဥပဒေမျာအရ သဘောၤတိုက်ခြင်း၊ နစ်မြုပ်ခြင်းများ ဖြစ်ပေါ်ပါက ရုံးချုပ် မှ ဖွဲ့ပေးသည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး အစီရင်ခံစာတင်ပြရကြောင်းသိရသည် ။
“သဘောၤသား ပုံစံ (င) စာရင်းထဲမှာ ပါဝင်ရမယ့်လူတွေရှိတယ် ။ စက်ခန်းအုပ်၊ ရေယာဉ်အုပ်၊ တက်မကန်၊ ဒုစက်ခန်းအုပ်၊ သဘောၤသား၊ ဒုစက်ခန်းအုပ် ပါရမယ် ။ ဒါကို တစ်နှစ်တစ်ခါ လုပ်ရပြီး သတ်မှတ်ထားတဲ့ ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် ခုတ်မောင်းပြေးဆွဲခွင့် လက်မှတ်ဆိုတာပါရမယ် ။ အဲ့ဒီထဲမှာ သဘောၤသား ပုံစံ (င) ပါတယ်။ ပါတဲ့အတိုင်း တာဝန်ထမ်းဆောင်ရမယ်။ သတ်မှတ်ထားတဲ့ ဝန်ထမ်းအရေအတွက် မပြည့်ဘူးဖြစ်နေတယ်။´´ ဟု မန္တလေးတိုင်းဒေသကြီး ရေးကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အောင်ဆုမြိုင် – ၁ ရေယာဉ်ပိုင်ရှင် ဦးမောင်ထွန်းသည် သတ်မှတ်ထားသော ဝန်ထမ်းအရေအတွက် (၇) ဦးထက်လျော့၍ (၄) ဦးသာ ထားရှိအသုံးပြုခြင်းကြောင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေ အရ အရေးယူဆောင်ရွက်ရမည်ဖြစ်သည် ။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဆုမြိုင် – ၁ ရေယာဉ်ပိုင်ရှင် ဦးမောင်ထွန်း အား အမရပူရမြို့မရဲစခန်းတွင် (ပ) ၆၃၀/၂၀၁၉၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေပုဒ်မ ၄၅ ဖြင့် ကနဦး အမှုဖွင့်ထားသည် ။
ထိုသို့ အမှုဖွင့်ထားသည့် ကိစ္စအား ဥပဒေအကြံတောင်းတင်ရမည်ဖြစ်ပြီး မည်သည့် ပုဒ်မဖြင့် တရားရုံးစွဲတင် အရေးယူမည်ကို မသိရသေးကြောင်း သိရသည် ။
အဆိုပါတွဲရေယာဉ်သည် ကုန်တန်ချိန် ၇၅၉ တန်အထိ တင်ဆောင်နိုင်သည့် ယာဉ်ဖြစ်ပြီး နစ်မြုပ်သွားသည့်အချိန်တွင် ကုန်တန်ချိန် ၇၃၄ တန်ကိုတင်ဆောင်ထားကြောင်းသိရသည်။
Leave a Reply