ဗစ္တိုးရီးယားေလးကို Vedio Conferencing ျဖင့္ ယေန႔ စစ္ေဆးမည္

0
5

စက္တင္ဘာ ၁၁
ယဥ္ေကႏြယ္

ယေန႔ ၆ ႀကိမ္ေျမာက္ ရံုးခ်ိန္းတြင္ ဗစ္တိုးရီးယားေလးကို Videoconferencing ျဖင့္ စစ္ေဆးမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ကေတာ့ ကေလးကို စစ္မယ္။ အခ်ိန္ရရင္ေတာ့ CCTVမွတ္တမ္း အခ်ိဳ႕ကို အပ္မယ္ေပါ့”ဟု တရားလႊတ္ေတာ္ေ႐ွ႕ေနဦးခင္ေမာင္ေဇာ္ကေျပာသည္။

စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ တရားေရးဘက္မွ တာဝန္႐ွိသူႏွင့္ ကေလးငယ္ေလးမွ ယံုၾကည္အားထားရသူ သည္ ကေလးငယ္ေလး၏ ေဘးတြင္ ႐ွိမည္ျဖစ္ၿပီး တရားခြင္ထဲမွာေတာ့ ႏွစ္ဖက္ေ႐ွ႕ေနမ်ား႐ွိမည္ျဖစ္ရာ ကေလးငယ္ေလး၏ ေျဖၾကားခ်က္မ်ားကို video ျဖင့္ ႏွစ္ဖက္ ေ႐ွ႕ေနမ်ားႏွင့္ တရားသူႀကီးကို ျပမည္ျဖစ္ေၾကာင္းသိရသည္။

ေ႐ွ႕ေနမ်ား ေမးျမန္းမည့္ ေမးခြန္းကိုေတာ့ ကေလးငယ္ေလးဆီ တိုက္႐ိုက္မေမးပဲ တရားေရးဘက္မွ တာဝန္ယူထားသည့္ အမ်ိဳးသမီးမွ ေမးျမန္းေပးသြားမည္ျဖစ္ျဖစ္ၿပီး ကေလးငယ္ေလး၏ ျပန္လည္ေျဖၾကားမႈကိုေတာ့ ႏွစ္ဖက္ေ႐ွ႕ေနမ်ားႏွင့္ တရားသူႀကီးမ်ားၾကားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Videovconferencing စနစ္သည္ ကေလးငယ္၏မ်က္ႏွာအား တစ္ခုခုျဖင့္ လုပ္ေဆာင္ျခင္းမျပဳရန္စစ္ေဆးျခင္း စြပ္စြဲခံရသူ၏မ်က္ႏွာ အား ကေလးငယ္ကို Video ျဖင့္ျပသျခင္းးျဖစ္ ၿပီး အဆိုပါနည္းအား ႏိုင္ငံတကာတြင္ က်င့္သံုးလ်က္႐ွိေသာ္လည္း ျမန္မာႏိုင္ငံတြင္ ႐ွားပါးသည့္ လုပ္ေဆာင္မႈမ်ိဳးျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေ႐ွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာသည္။

စစ္ေဆးမႈမျပဳလုပ္မီ ၂ ရက္အလိုမွာေတာ့ ကေလးငယ္အား တရားရံုးျဖင့္ ရင္းနွီးမႈ ရရွိေစရန္အတြက္ ၎ ၏ သူငယ္ခ်င္းမ်ားႏွင့္ အတူ တရားရံုးသို႔ လာေရာက္ ေဆ့ာကစားေစခဲ့ေၾကာင္းသိရသည္။

ေမလ ၁၆ ရက္ေန႔က ေနျပည္ေတာ္ရွိ Wisdom Hill ေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ အမႈကိစၥႏွင့္ ပတ္သက္၍ တရားခံဟု ယူဆသူ ယာဥ္ေမာင္းေအာင္ႀကီး ကို ပုဒ္မ ၃၇၆ ျဖင့္ ဒကၡိဏ သီရိခရို္င္တရားရံုးတြင္ တရားစြဲဆိုထားၿပိး ဇူလိုင္လ ၁၅ ရက္ေန႔က ရံုးထုတ္စစ္ေဆးမႈမ်ား စတင္ လုပ္ေဆာင္ခဲ့သည္။

————————————–

ဗစ်တိုးရီးယားလေးကို Vedio Conferencing ဖြင့် ယနေ့ စစ်ဆေးမည်

စက်တင်ဘာ ၁၁
ယဉ်ကေနွယ်

ယနေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ဗစ်တိုးရီးယားလေးကို Videoconferencing ဖြင့် စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့ ကလေးကို စစ်မယ်။ အချိန်ရရင်တော့ CCTVမှတ်တမ်း အချို့ကို အပ်မယ်ပေါ့”ဟု တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင် တရားရေးဘက်မှ တာဝန်ရှိသူနှင့် ကလေးငယ်လေးမှ ယုံကြည်အားထားရသူ သည် ကလေးငယ်လေး၏ ဘေးတွင် ရှိမည်ဖြစ်ပြီး တရားခွင်ထဲမှာတော့ နှစ်ဖက်ရှေ့နေများရှိမည်ဖြစ်ရာ ကလေးငယ်လေး၏ ဖြေကြားချက်များကို video ဖြင့် နှစ်ဖက် ရှေ့နေများနှင့် တရားသူကြီးကို ပြမည်ဖြစ်ကြောင်းသိရသည်။

ရှေ့နေများ မေးမြန်းမည့် မေးခွန်းကိုတော့ ကလေးငယ်လေးဆီ တိုက်ရိုက်မမေးပဲ တရားရေးဘက်မှ တာဝန်ယူထားသည့် အမျိုးသမီးမှ မေးမြန်းပေးသွားမည်ဖြစ်ဖြစ်ပြီး ကလေးငယ်လေး၏ ပြန်လည်ဖြေကြားမှုကိုတော့ နှစ်ဖက်ရှေ့နေများနှင့် တရားသူကြီးများကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Videovconferencing စနစ်သည် ကလေးငယ်၏မျက်နှာအား တစ်ခုခုဖြင့် လုပ်ဆောင်ခြင်းမပြုရန်စစ်ဆေးခြင်း စွပ်စွဲခံရသူ၏မျက်နှာ အား ကလေးငယ်ကို Video ဖြင့်ပြသခြင်းးဖြစ် ပြီး အဆိုပါနည်းအား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ရှားပါးသည့် လုပ်ဆောင်မှုမျိုးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

စစ်ဆေးမှုမပြုလုပ်မီ ၂ ရက်အလိုမှာတော့ ကလေးငယ်အား တရားရုံးဖြင့် ရင်းနှီးမှု ရရှိစေရန်အတွက် ၎င်း ၏ သူငယ်ချင်းများနှင့် အတူ တရားရုံးသို့ လာရောက် ဆေ့ာကစားစေခဲ့ကြောင်းသိရသည်။

မေလ ၁၆ ရက်နေ့က နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စနှင့် ပတ်သက်၍ တရားခံဟု ယူဆသူ ယာဉ်မောင်းအောင်ကြီး ကို ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏ သီရိခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြိး ဇူလိုင်လ ၁၅ ရက်နေ့က ရုံးထုတ်စစ်ဆေးမှုများ စတင် လုပ်ဆောင်ခဲ့သည်။

Leave a Reply