ကင္မရာ ၃ လံုးပါမယ့္အိုင္ဖုန္းနဲ႔ တစ္လ ၅ ေဒၚလာက်မယ့္အြန္လိုင္းတီဗြီတို႔ကို Appleမိတ္ဆက္

0
4

စက္တင္ဘာ ၁၁
ႏိုင္ငံတကာသတင္း

အဂၤါေန႔ကျပဳလုပ္တဲဲ့ September Eventအခမ္းအနားမွာ Apple(အက္ပဲလ္)ကုမၸဏီက ကင္မရာ ၃ လံုးပါတဲ့အိုင္ဖုန္း၊ တစ္လ အေမရိကန္ေဒၚလာ ၅ ေဒၚလာက်သင့္မယ့္အြန္လိုင္းတီဗြီ၀န္ေဆာင္မႈတို႔ကို မိတ္ဆက္ခဲ့ပါတယ္။

September Eventဟာ အက္ပဲလ္ရဲ႕ႏွစ္စဥ္ျပဳလုပ္တဲ့အႀကီးဆံုးအေရာင္းႁမွင့္တင္ေရးအခမ္းအနားျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္မွာ ဘာပစၥည္းေတြထုတ္မယ္ဆိုတာထုတ္ျပေလ့႐ွိပါတယ္။

ေတာ္ေတာ္ၾကာၾကာေစာင့္ေနရတဲ့ အက္ပဲလ္တီဗြီ၀န္ေဆာင္မႈကို ႏို၀င္ဘာမွာစၿပီး ႏိုင္ငံ ၁၀၀ ေက်ာ္မွာရေတာ့မွာပါ။

တီဗြီ၀န္ေဆာင္မႈနဲ႔ Apple Arcadeဗီဒီယိုဂိမ္းပံုမွန္အသံုးျပဳခြင့္ေတြကို တ႐ုတ္ႏိုင္ငံမွာေတာ့ရမွာမဟုတ္ပါဘူး။

အိုင္ဖုန္း၊ အိုင္ပက္ဒ္နဲ႔ မက္ကြန္ျပဴတာတစ္လံုး၀ယ္တဲ့လူတိုင္းကို အက္ပဲလ္တီဗြီ၀န္ေဆာင္မႈတစ္ႏွစ္အခမဲ့ေပးမယ္လို႔လည္း ေျပာထားပါတယ္။

အသစ္ထြက္မယ့္အိုင္ဖုန္း11မွာ ေနာက္ကင္မရာ ၂ လံုးပါမွာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၆၉၉ က်သင့္မွာျဖစ္လို႔ ၿပီးခဲ့တဲ့ႏွစ္မွာထုတ္ခဲ့တဲ့အိုင္ဖုန္း10ထက္ ေဒၚလာ ၁၅၀ ေလာက္ေစ်းသက္သာေနပါတယ္။

ပိုေစ်းႀကီးတဲ့အိုင္ဖုန္း11 Proကေတာ့ ေနာက္ကင္မရာ ၃ လံုးပါၿပီး ေနာက္ကင္မရာေတြနဲ႔၊ ေ႐ွ႕ကင္မရာတို႔ကိုတစ္ၿပိဳင္တည္းအသံုးျပဳၿပီး ဗီဒီယို႐ိုက္ႏိုင္မွာပါ။

မ်က္ႏွာျပင္လည္းပိုႀကီးၿပီး ေစ်းႏႈန္းကလည္း ေဒၚလာ ၁၀၉၉ ေဒၚလာက်မွာပါ။

အခုတစ္ပတ္ေသာၾကာ စက္တင္ဘာ ၁၃ ရက္ကစၿပီး အိုင္ဖုန္းအသစ္ေတြကိုမွာယူႏိုင္ၿပီး စက္တင္ဘာ ၂၂ ရက္မွာစၿပီး ပို႔ေပးမယ္လို႔ အက္ပဲလ္ကေျပာထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္မွာ အိုင္ဖုန္းအလံုးသန္း ၂၀၀ ေလာက္ေရာင္းရမယ္လို႔ အကဲျဖတ္သူေတြက ခန္႔မွန္းေနၾကပါတယ္။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-Apple

—————————————-

(Unicode)

ကင်မရာ ၃ လုံးပါမယ့်အိုင်ဖုန်းနဲ့ တစ်လ ၅ ဒေါ်လာကျမယ့်အွန်လိုင်းတီဗွီတို့ကို Appleမိတ်ဆက်

စက်တင်ဘာ ၁၁
နိုင်ငံတကာသတင်း

အင်္ဂါနေ့ကပြုလုပ်တဲ့ September Eventအခမ်းအနားမှာ Apple(အက်ပဲလ်)ကုမ္ပဏီက ကင်မရာ ၃ လုံးပါတဲ့အိုင်ဖုန်း၊ တစ်လ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာကျသင့်မယ့်အွန်လိုင်းတီဗွီဝန်ဆောင်မှုတို့ကို မိတ်ဆက်ခဲ့ပါတယ်။

September Eventဟာ အက်ပဲလ်ရဲ့နှစ်စဉ်ပြုလုပ်တဲ့အကြီးဆုံးအရောင်းမြှင့်တင်ရေးအခမ်းအနားဖြစ်ပြီး နောက်ထပ်တစ်နှစ်မှာ ဘာပစ္စည်းတွေထုတ်မယ်ဆိုတာထုတ်ပြလေ့ရှိပါတယ်။

တော်တော်ကြာကြာစောင့်နေရတဲ့ အက်ပဲလ်တီဗွီဝန်ဆောင်မှုကို နိုဝင်ဘာမှာစပြီး နိုင်ငံ ၁၀၀ ကျော်မှာရတော့မှာပါ။

တီဗွီဝန်ဆောင်မှုနဲ့ Apple Arcadeဗီဒီယိုဂိမ်းပုံမှန်အသုံးပြုခွင့်တွေကို တရုတ်နိုင်ငံမှာတော့ရမှာမဟုတ်ပါဘူး။

အိုင်ဖုန်း၊ အိုင်ပက်ဒ်နဲ့ မက်ကွန်ပြူတာတစ်လုံးဝယ်တဲ့လူတိုင်းကို အက်ပဲလ်တီဗွီဝန်ဆောင်မှုတစ်နှစ်အခမဲ့ပေးမယ်လို့လည်း ပြောထားပါတယ်။

အသစ်ထွက်မယ့်အိုင်ဖုန်း11မှာ နောက်ကင်မရာ ၂ လုံးပါမှာဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၉၉ ကျသင့်မှာဖြစ်လို့ ပြီးခဲ့တဲ့နှစ်မှာထုတ်ခဲ့တဲ့အိုင်ဖုန်း10ထက် ဒေါ်လာ ၁၅၀ လောက်ဈေးသက်သာနေပါတယ်။

ပိုဈေးကြီးတဲ့အိုင်ဖုန်း11 Proကတော့ နောက်ကင်မရာ ၃ လုံးပါပြီး နောက်ကင်မရာတွေနဲ့၊ ရှေ့ကင်မရာတို့ကိုတစ်ပြိုင်တည်းအသုံးပြုပြီး ဗီဒီယိုရိုက်နိုင်မှာပါ။

မျက်နှာပြင်လည်းပိုကြီးပြီး ဈေးနှုန်းကလည်း ဒေါ်လာ ၁၀၉၉ ဒေါ်လာကျမှာပါ။

အခုတစ်ပတ်သောကြာ စက်တင်ဘာ ၁၃ ရက်ကစပြီး အိုင်ဖုန်းအသစ်တွေကိုမှာယူနိုင်ပြီး စက်တင်ဘာ ၂၂ ရက်မှာစပြီး ပို့ပေးမယ်လို့ အက်ပဲလ်ကပြောထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အိုင်ဖုန်းအလုံးသန်း ၂၀၀ လောက်ရောင်းရမယ်လို့ အကဲဖြတ်သူတွေက ခန့်မှန်းနေကြပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Apple

Leave a Reply